၁၀ ဇန်နဝါရီ
ပုံပန်းသွင်ပြင်
|
ဇန်နဝါရီလ၊ (၁၀)ရက်နေ့ သည် ဂရီဂေါရီးယန်းပြက္ခဒိန်အရ တစ်နှစ်တာ၏ (၁၀)ရက်မြောက် နေ့ရက် ဖြစ်သည်။ ယင်းတစ်နှစ်တာ ကုန်ဆုံးရန် ရက်ပေါင်း (၃၅၅) ရက် (ရက်ထပ်နှစ်ဖြစ်လျှင် (၃၅၆) ရက်) ကျန်သေးသည်။
ဖြစ်ရပ်များ
[ပြင်ဆင်ရန်]- ၁၈၀၆ – ကိပ်တောင်းမြို့ရှိ အခြေချနေထိုင်သူများသည် ဗြိတိသျှအား အညံ့ခံခဲ့ကြသည်။
- ၁၈၁၀ – နပိုလီယန် ဘိုနာပတ်သည် သူ၏ ပထမဆုံးဇနီးဖြစ်သော ဂျိုးဇဖင်းနှင့် ကွာရှင်းခဲ့သည်။
- ၁၈၆၁ – အမေရိကန် ပြည်တွင်းစစ်: ဖလော်ရီဒါပြည်နယ်သည် ပြည်ထောင်စုမှ ခွဲထွက်ခဲ့သည်။
- ၁၈၇၀ – ဂျွန် ဒီ ရော့ကဖဲလားသည် စတင်းဒတ် ရေနံကုမ္ပဏီကို တည်ထောင်ခဲ့သည်။
- ၁၉၂၀ – ဗာဆိုင်းစာချုပ် စတင်အသက်ဝင်ပြီး ပထမကမ္ဘာစစ်ကို တရားဝင်ပြီးဆုံးစေခဲ့သည်။
- ၁၉၄၆ – ကုလသမဂ္ဂ၏ ပထမဆုံးအကြိမ် အထွေထွေညီလာခံကို လန်ဒန်တွင် ပြုလုပ်ခဲ့ရာ ၅၁ နိုင်ငံမှ တက်ရောက်ခဲ့ကြသည်။
- ၁၉၆၂ – အပိုလိုစီမံကိန်း: နာဆာသည် စီ-ဖိုက် ပစ်လွှတ်ဒုံးပျံကို ဆောက်လုပ်မည့် အစီအစဉ်ကို ကြေညာခဲ့သည်။ ထိုဒုံးပျံကို ဆေတန် ၅ ဒုံးပျံအဖြစ် သိရှိကြပြီး အပိုလိုမစ်ရှင်တိုင်းတွင် အသုံးပြုခဲ့သည်။
မွေးဖွားသူများ
[ပြင်ဆင်ရန်]- ၁၉၁၀ – ရှုမဝဦးကျော်၊ မြန်မာလူမျိုး စာရေးဆရာ၊ ဇာတ်ညွှန်းရေးဆရာ (၁၉၇၄ ကွယ်လွန်)
ကွယ်လွန်သူများ
[ပြင်ဆင်ရန်]- ၁၇၇၈ – ကားလ် လင်းနီးယပ်၊ ဆွီဒင်လူမျိုး ရုက္ခဗေဒပညာရှင်နှင့် သမားတော် (၁၇၀၇ မွေး)