အပိုလိုစီမံကိန်း
| နိုင်ငံ | အမေရိကန်ပြည်ထောင်စု |
|---|---|
| အဖွဲ့အစည်း | နာဆာ |
| ရည်ရွယ်ချက် | လူလိုက်ပါ၍ လပေါ်သို့ဆင်းသက်ခြင်း |
| အခြေနေ | ပြီးဆုံး |
| စီမံကိန်း ရာဇဝင် | |
| ကုန်ကျစရိတ် | |
| ကာလ | ၁၉၆၁–၁၉၇၂ |
| ပထမဆုံး ပျံသန်း |
|
| လူလိုက်ပါသော ပထမဆုံးပျံသန်းမှု |
|
| နောက်ဆုံး ပျံသန်း |
|
| အောင်မြင်မှုများ | ၃၂ |
| ကျရှုံးမှုများ | ၂ (အပိုလို ၁ နှင့် ၁၃) |
| တပိုင်းကျရှုံးမှုများ | ၁ (အပိုလို ၆) |
| လွှတ်တင်ဆိုဒ် |
|
| ယာဉ်အချက်အလက် | |
| လူပါသောယာဉ် | |
| ပစ်လွှတ်ယာဉ် | |

အပိုလိုစီမံကိန်းသည် အမေရိကန်ပြည်ထောင်စုအမျိုးသားလေကြောင်းနှင့်အာကာသစီမံခန့်ခွဲရေး၏ ၁၉၆၈ နှင့် ၁၉၇၂ ခုနှစ်အတွင်း လကမ္ဘာသို့ လူသားများစေလွှတ်ရာတွင် အောင်မြင်ခဲ့သည့် တတိယမြောက် အရပ်ဖက် လူစီးအာကာသယာဉ်စီမံကိန်းဖြစ်သည်။ အပိုလို စီမံကိန်းသည် လကမ္ဘာသို့ခြေချသည့် လူသားသမိုင်းတွင် အရေးပါသည့် မှတ်ကျောက်များ တင်နိုင်ခဲ့သည်။ အပိုလို ၁ တွင် အဖွဲ့ဝင်များ မီးလောင်ပြီး သေဆုံးခဲ့ရသော်လည်း အပိုလို ၈ သည် လကမ္ဘာ၏ ပတ်လမ်းကြောင်းတွင် လှည့်ပတ်နိုင်ခဲ့သည့် ပထမဆုံး အကာသယာဉ်ဖြစ်လာပြီး အပိုလို ၁၁ တွင် နီးလ် အမ်းစထရောင်တို့ ဦးဆောင်သောအဖွဲ့က လမျက်မှာပြင်ပေါ်တွင် ပထမဆုံးခြေချနိုင်ခဲ့သည်အထိ အောင်မြင်မှု ရှိခဲ့သည်။ အပိုလို စီမံကိန်းသည် လကမ္ဘာမှ ၈၄၂ ပေါင် (၃၈၂ ကီလိုဂရမ်) ရှိသော လကမ္ဘာကျောက်ခဲများကို ယူဆောင်နိုင်ခဲ့ပြီး လကမ္ဘာ၏ ပထဝီဝင်ဆိုင်ရာသမိုင်းကို ပိုမိုနားလည်လာစေခဲ့သည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ United States. Congress. House. Committee on Science and Astronautics. (1973). 1974 NASA authorization: hearings, Ninety-third Congress, first session, on H.R. 4567. Page 1271. Washington: U.S. Govt. Print. Off.
- ↑ What Was the U.S. GDP Then?။ MeasuringWorth (2022)။ February 12, 2022 တွင် ပြန်စစ်ပြီး။ United States Gross Domestic Product deflator figures follow the Measuring Worth series.
| ဤ အာကာသ သို့မဟုတ် အာကာသပျံသန်းရေးနှင့် သက်ဆိုင်သော ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |