၂၀၂၄
ထောင်စုနှစ်: | ၃ ထောင်စုနှစ် |
---|---|
ရာစုနှစ်များ: | |
ဆယ်စုနှစ်များ: | |
ခုနှစ်များ: |
၂၀၂၄ (MMXXIV) သည် ဂရီဂေါရီးယန်း ပြက္ခဒိန်တွင် တနင်္လာနေ့မှ စတင်သော ရက်ထပ်နှစ်ဖြစ်ပြီး၊ ယနေ့ခေတ် (Common Era) နှင့် အေဒီ (Anno Domini) ၏ ၂၀၂၄ ကြိမ်မြောက် ခုနှစ်ဖြစ်ကာ၊ ၃ ထောင်စုနှစ်၏ ၂၄ ကြိမ်မြောက် ခုနှစ်၊ ၂၁ ရာစုနှစ်၏ ၂၄ ကြိမ်မြောက် ခုနှစ်ဖြစ်ပြီး ၂၀၂၀ ဆယ်စုနှစ်၏ ၅ ကြိမ်မြောက် ခုနှစ် ဖြစ်သည်။
ယခုနှစ်အထိ၊ ယူကရိန်းကို ရုရှားကျူးကျော်မှု၊ မြန်မာပြည်တွင်းစစ်၊ ဆူဒန်စစ်ပွဲနှင့် Sahel တွင် အစ္စလာမ္မစ်သူပုန်ထမှု အပါအဝင် အဓိက လက်နက်ကိုင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေလျက်ရှိသည်ကို ယခုနှစ်အထိ မြင်တွေ့နေရသည်။ အစ္စရေးနှင့် ဟားမတ်စ်စစ်ပွဲ ဆက်တိုက်ဖြစ်ပွားနေခြင်းကြောင့် ကမ္ဘာလုံးဆိုင်ရာ ပို့ဆောင်ရေးအပေါ် သက်ရောက်မှုရှိသော ပင်လယ်နီအကျပ်အတည်း အပါအဝင် နိုင်ငံအများအပြားသို့ သက်ရောက်စေခဲ့သည်။
ကမ္ဘာ့လူဦးရေ အများဆုံး ဆယ်နိုင်ငံအနက် ရှစ်နိုင်ငံ အပါအဝင် (ဘင်္ဂလားဒေ့ရှ်၊ ဘရာဇီး၊ ပါကစ္စတန်၊ ရုရှား၊ အိန္ဒိယ၊ မက္ကဆီကို၊ အင်ဒိုနီးရှား၊ နှင့် အမေရိကန်)[၁]နှင့် ယူနိုက်တက်ကင်းဒမ်းတို့ အပါအဝင်[၂][၃] ခန့်မှန်းခြေအားဖြင့် လူဦးရေ လေးဘီလီယံခန့်ကို ကိုယ်စားပြုသည့် နိုင်ငံပေါင်း ၇၆ နိုင်ငံသည် တစ်နှစ်ပတ်လုံး နိုင်ငံလုံးကျွတ် ရွေးကောက်ပွဲများ ကျင်းပရန် မျှော်မှန်းထားပြီး၊[၁][၄][၅][၆] ဥရောပ ပါလီမန်သည်လည်း ရွေးကောက်ပွဲများ ကျင်းပမည်ဖြစ်သည်။[၇]
ဖြစ်ရပ်များ
[ပြင်ဆင်ရန်]ဇန်နဝါရီ
[ပြင်ဆင်ရန်]- ၁၃ ဇန်နဝါရီ - နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် နိုင်ငံခြားရေးဝန်ကြီးဌာနမှ သံအမတ်ကြီး ဦးကျော်စိုးမင်းအား ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီးအဖြစ် ခန့်အပ်သည်။[၈]
- ၁၈ ဇန်နဝါရီ - နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကိုအား လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သံအမတ်ကြီးအဖြစ် ခန့်အပ်သည်။[၉]
- ၃၁ ဇန်နဝါရီ - ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်နေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး (၁/၂၀၂၄) ကို ကျင်းပခဲ့ပြီး၊ နောက်တစ်နေ့ ဖေဖော်ဝါရီလ ၁ ရက်တွင် နိုင်ငံတစ်ဝန်းလုံး အရေးပေါ်အခြေအနေ ကြေညာထားသည့်ကာလကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့မှစ၍ နောက်ထပ် (၆) လ သက်တမ်းတိုးမြှင့်လိုက်ကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၅ အရ ကြေညာခဲ့သည်။
ဖေဖော်ဝါရီ
[ပြင်ဆင်ရန်]မတ်
[ပြင်ဆင်ရန်]- ၅ မတ် - ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေများမှ တင်းကျပ်သည့် အချက်အချို့ကို ၂၀၂၄ ခုနှစ်၊ မတ်လ ၅ ရက်နေ့တွင် ပြင်ဆင်ထုတ်ပြန်ခဲ့သည်။[၁၀]
- ၁၈ မတ် - တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (၇) ဖွဲ့ဖြစ်သော ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ မွန်ပြည်သစ်ပါတီ (MNSP)၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA (PC))၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) တို့သည် 7 Ethnic Armed Organization Alliance (7 EAO Alliance) ဟုခေါ်သော မဟာမိတ်အဖွဲ့ကို ဖွဲ့စည်းလိုက်ပြီဖြစ်သည်။ အဆိုပါအဖွဲ့တွင် RCSS မှ ဗိုလ်ချုပ်ကြီးယွက်စစ်က ခေါင်းဆောင်အဖြစ် တာဝန်ယူပြီး MNSP မှ ဒုတိယဥက္ကဋ္ဌ နိုင်အောင်မင်းက ဒုတိယခေါင်းဆောင်အဖြစ် ဆောင်ရွက်လျက်ရှိသည်။[၁၁]
ဧပြီ
[ပြင်ဆင်ရန်]- ၂၂ ဧပြီ - ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၃၃/၂၀၂၄ အားဖြင့် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူအား ကျန်းမာရေးအရ တာဝန်မှ အနားယူခွင့် ပြုလိုက်သည်။
မေ
[ပြင်ဆင်ရန်]- ၇ မေ - နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် နိုင်ငံခြားရေးဝန်ကြီးဌာနမှ သံအမတ်ကြီး ဦးကျော်စိုးမိုးအား ဘင်္ဂလားဒေ့ရှ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီးအဖြစ် ခန့်အပ်လိုက်သည်။ [၁၂]
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါ်မာလာသန်းထိုက်အား သီရိလင်္ကာဒီမိုကရက်တစ်ဆိုရှယ်လစ်သမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီးအဖြစ် ခန့်အပ်သည်။[၁၃]
- ၃၀ မေ - နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် နိုင်ငံခြားရေးဝန်ကြီးဌာန၊ သံတမန်ရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝဏ္ဏဟန်အား ပါကစ္စတန်အစ္စလာမစ်သမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီးအဖြစ် ခန့်အပ်လိုက်သည်။[၁၄]
ဇွန်
[ပြင်ဆင်ရန်]ဇူလိုင်
[ပြင်ဆင်ရန်]- ၁၅ ဇူလိုင် - သံတွဲအကျဉ်းထောင်ကို ၂၀၂၄ ဇူလိုင်လ ၁၅ ရက်နေ့တွင် အာရက္ခတပ်တော်က သိမ်းပိုက်ခဲ့ပြီး နောက်တစ်ရက်တွင် မြို့ပေါ်ရှိ လက်ကျန် စစ်ကောင်စီစခန်းကို ထပ်မံသိမ်းပိုက်ခဲ့ကာ မြို့အား အလုံးစုံ ထိန်းချုပ်ခဲ့သည်။[၁၅]
- ၂၂ ဇူလိုင် - ကျန်းမာရေး အခြေအနေများကြောင့် ဆေးခွင့်ယူထားသည့် ယာယီသမ္မတ ဦးမြင့်ဆွေသည် တာဝန်များ ဆောင်ရွက်ရန် ပျက်ကွက်နေစဉ် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဆိုင်ရာ ကိစ္စရပ်များကို လိုအပ်သလို ဆောင်ရွက်နိုင်ရန် ယာယီသမ္မတတာဝန်များအား နစကဥက္ကဋ္ဌထံသို့ ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၂ ရက်က လွှဲပြောင်းအပ်နှံခဲ့သည်။
- ၂၄ ဇူလိုင် - နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမင်းအောင်လှိုင်သည် နိုင်ငံခြားရေးဝန်ကြီးဌာနမှ သံအမတ်ကြီး ဦးမျိုးမြင့်မောင်အား နီပေါနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီးအဖြစ် ခန့်အပ်လိုက်ပြီးဖြစ်သည်။[၁၆]
ဩဂုတ်
[ပြင်ဆင်ရန်]စက်တင်ဘာ
[ပြင်ဆင်ရန်]- ၁၄ စက်တင်ဘာ - နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမင်းအောင်လှိုင်သည် ဦးသစ်လင်းအုန်းအား ၎င်း၏ လက်ရှိတာဝန်ဝတ္တရားများအပြင် ဘယ်လာရုစ်သမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သံအမတ်ကြီးအဖြစ် ပူးတွဲခန့်အပ်လိုက်သည်။[၁၇]
နိုဝင်ဘာ
[ပြင်ဆင်ရန်]- ၈ နိုဝင်ဘာ - လျှပ်စစ်နှင့်စွမ်းအင် ပြည်ထောင်စုဝန်ကြီးဟောင်း ဦးဝင်းခိုင်သည် အသက် (၇၃) တွင် မန္တလေးဆေးရုံကြီး၌ ကွယ်လွန်ခဲ့သည်။
- ၂၆ နိုဝင်ဘာ - ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက် နေ့လယ်ပိုင်းက ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်ရှိ လုမ်သဲ (Lumte) ရွာကို လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ အနည်းဆုံး ခြောက်ဦး သေဆုံးခဲ့သည်။ လေကြောင်းတိုက်ခိုက်မှုကြောင့် အိမ်ခြေ ၈၀ ခန့်ရှိ လုမ်သဲရွာ ကျေးရွာဆေးပေးခန်း၊ ဘုရားကျောင်း အပါအဝင် နေအိမ်ခြောက်လုံးခန့် ပျက်စီးသည်။ [၁၈]
ဒီဇင်ဘာ
[ပြင်ဆင်ရန်]- ၂ ဒီဇင်ဘာ - ရွေးကောက်ပွဲကော်မရှင်က ညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီကို ပါတီမှတ်ပုံတင်ခွင့်ပြုလိုက်သည်။
- ၁၀ ဒီဇင်ဘာ - ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက် နံနက်ပိုင်းတွင် ချင်းပြည်နယ်မြို့တော် ဟားခါး၏ မြောက်ဘက် ၁၀ မိုင်ခန့်အကွာတွင်ရှိသည့် ချွန်ကျုံးရွာကို လေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ မိသားစုဝင်လေးဦး သေဆုံးခဲ့သည်။ အဆိုပါတိုက်ခိုက်မှုကြောင့် ကလေးငယ်တစ်ဦးအပါအဝင် ဒေသခံ ၄ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့သည်ဟု သတင်းများက ဖော်ပြသည်။[၁၉]
- ၃၁ ဒီဇင်ဘာ - မြန်မာနိုင်ငံတွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်ယာသန်းခေါင်စာရင်း ကောက်ယူမှုရလဒ်များအရ စုစုပေါင်း လူဦးရေ ၅၁,၃၁၆,၇၅၆ ဦး ရှိကြောင်း ပြည်သူ့အင်အားဦးစီးဌာန (DoP) က ထုတ်ပြန်ကြေညာသည်။[၂၀]
ကွယ်လွန်သူများ
[ပြင်ဆင်ရန်]- ၁ ဇွန် - သူရ ဦးတင်ဦး - မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဟောင်း၊ ဒီချုပ်ပါတီ နာယကဟောင်း (၁၉၂၇ မွေးဖွား)
- ၁၉ ဇူလိုင် - ငုယင် ဖူထျောင်၊ ဗီယက်နမ် ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးဟောင်း (၁၉၄၄ မွေးဖွား)
ကိုးကား
[ပြင်ဆင်ရန်]- ↑ ၁.၀ ၁.၁ "2024 is the biggest election year in history"၊ 2023-11-13။
- ↑ Rishi Sunak confirms election will be next year, despite legal right to wait until January 2025 (December 18, 2023)။
- ↑ Mitchell၊ Archie (19 December 2023)။ Rishi Sunak rules out a 2025 general election: '2024 will be an election year'။ 19 December 2023 တွင် ပြန်စစ်ပြီး။
- ↑ Eric Bazail-Eimil။ "The global elections Washington should be watching in 2024"၊ Politico၊ 2024-01-01။
- ↑ "Transcript: What will work look like in 2024?"၊ Financial Times၊ 2023-12-26။
- ↑ Siladitya Ray။ "2024 Is The Biggest Election Year In History—Here Are The Countries Going To The Polls This Year"၊ Forbes၊ 2024-01-03။
- ↑ "In 2024, It's Election Year in 40 Countries" (in en)၊ Bloomberg၊ November 1, 2023။
- ↑ ဦးကျော်စိုးမင်းအား ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ခန့်အပ်။ MOI။ ၂၀၂၅-၇-၅ တွင် ပြန်စစ်ပြီး။
- ↑ ဦးအောင်ကိုအား လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ခန့်အပ် (၁၈-၁-၂၀၂၄ ရက်)။ MOFA။ ၂၀၂၅-၇-၅ တွင် ပြန်စစ်ပြီး။
- ↑ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေများကို ပြင်ဆင်သည့်နည်းဥပဒေများ။ Ministry of Information။ 2025-6-27 တွင် ပြန်စစ်ပြီး။
- ↑ မဟာမိတ်အဖြစ်ဖွဲ့စည်းကြောင်း အပစ်ရပ် ၇ ဖွဲ့ကြေညာ။ Mizzima။ 2025-7-15 တွင် ပြန်စစ်ပြီး။
- ↑ ဦးကျော်စိုးမိုးအား ဘင်္ဂလားဒေ့ရှ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ခန့်အပ် (၇-၅-၂၀၂၄ ရက်)။ နိုင်ငံခြားရေးဝန်ကြီးဌာန။ ၂၀၂၅-၇-၄ တွင် ပြန်စစ်ပြီး။
- ↑ ဒေါ်မာလာသန်းထိုက်အား သီရိလင်္ကာဒီမိုကရက်တစ်ဆိုရှယ်လစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ခန့်အပ် (၇-၅-၂၀၂၄ ရက်)။ MOFA။ ၂၀၂၅-၇-၅ တွင် ပြန်စစ်ပြီး။
- ↑ ဦးဝဏ္ဏဟန်အား ပါကစ္စတန်အစ္စလာမစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ်ခန့်အပ်(၃၀-၅-၂၀၂၄ ရက်)။ MOFA။ ၂၀၂၅-၇-၄ တွင် ပြန်စစ်ပြီး။
- ↑ AA Seizes Thandwe Prison, Consolidates Control Over Town (in en)။ 2024-07-17 တွင် ပြန်စစ်ပြီး။
- ↑ ဦးမျိုးမြင့်မောင်အား နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ခန့်အပ်။ MOFA။ 2025-7-4 တွင် ပြန်စစ်ပြီး။
- ↑ သံအမတ်ကြီး ဦးသစ်လင်းအုန်းအား ဘယ်လာရုစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ပူးတွဲခန့်အပ် (၁၄-၉-၂၀၂၄ ရက်)။ နိုင်ငံခြားရေးဝန်ကြီးဌာန။ ၂၀၂၅-၇-၄ တွင် ပြန်စစ်ပြီး။
- ↑ ဖလမ်းမြို့၊လုံသဲမ်ကျေးရွာကျန်းမာရေးဆေးပေးခန်းကိုစစ်ကောင်စီ ဗုံးကြဲ၊ ၆ ဦးသေဆုံး။ Myanmar Now။ 2025-6-22 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2025-6-22 တွင် ပြန်စစ်ပြီး။
- ↑ ဟားခါး ချွန်ကျုံးကျေးရွာ စစ်ကောင်စီ ဗုံး ၂ ကြိမ်ကြဲ ၄ ဦး သေဆုံး၊ ၉ ဦး ဒဏ်ရာရ။ VOA Burmese။ 2025-6-22 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2025-6-22 တွင် ပြန်စစ်ပြီး။
- ↑ ၂၀၂၄ ခုနှစ် ရှေ့ပြေးလူဦးရေစာရင်းအရ မြန်မာနိုင်ငံတွင် ခန့်မှန်းလူဦးရေ (၅၁ ဒသမ ၃) သန်းကျော်ရှိကြောင်း ထုတ်ပြန်။ Xinhua Myanmar။ 2025-7-12 တွင် ပြန်စစ်ပြီး။