မာတိကာသို့ ခုန်သွားရန်

၁၅ ဩဂုတ်

ဝီကီပီးဒီးယား မှ

ဩဂုတ်လ၊ (၁၅)ရက်နေ့ သည် ဂရီဂေါရီးယန်းပြက္ခဒိန်အရ တစ်နှစ်တာ၏ (၂၂၇)ရက်မြောက် (ရက်ထပ်နှစ် ဖြစ်လျှင် (၂၂၈)ရက်မြောက်) နေ့ရက် ဖြစ်သည်။ ယင်းတစ်နှစ်တာ ကုန်ဆုံးရန် ရက်ပေါင်း (၁၃၈) ရက် ကျန်သေးသည်။

ဖြစ်စဉ်များ

[ပြင်ဆင်ရန်]
  • ၁၉၃၉ - ဗမာပြည်ကွန်မြူနစ်ပါတီကို ၁၉၃၉ ခုနှစ် ဩဂုတ်လ ၁၅ ရက်နေ့တွင် ရန်ကုန်မြို့၊ မဟာဗန္ဓုလပန်းခြံလမ်းရှိ အခန်းငယ်တစ်ခန်း၌ ပုဂ္ဂိုလ်ခုနစ်ဦးတို့က မြေအောက်ပါတီအဖြစ် စတင်တည်ထောင်ခဲ့သည်။ ထိုသူများမှာ သခင်အောင်ဆန်း၊ သခင်ဗဟိန်း၊ ရဲဘော်ဘတင် (ဂိုရှယ်)၊ သခင်စိုး၊ သခင်လှဖေ (ဗိုလ်လက်ျာ)၊ ရဲဘော်ထွန်းမောင် (ဒေါက်တာနတ်) နှင့် သခင်ဗိုလ်တို့ ဖြစ်ကြသည်။
  • ၁၉၄၅ - ဒုတိယကမ္ဘာစစ်တွင် ဂျပန်အင်ပါယာလက်နက်ချပြီးနောက် ဧကရာဇ်ဟီရိုဟီတိုသည် ၎င်း၏ လက်နက်ချကြောင်း ကြေညာချက်ကို ထုတ်လွှင့်ခဲ့သည်။ ကိုရီးယားသည် ဂျပန်အင်ပါယာလက်အောက်မှ လွတ်လပ်ရေးရရှိခဲ့သည်။
  • ၁၉၄၇ - ဗြိတိသျှကိုလိုနီ၏ ၁၉၀ နှစ်နီးပါး အုပ်ချုပ်မှုအပြီးတွင် အိန္ဒိယနိုင်ငံသည် ဗြိတိသျှလက်အောက်မှ လွတ်လပ်ရေးရရှိခဲ့သည်။
  • ၂၀၂၅ - ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် လွှတ်တော်အသီးသီး၏ မဲဆန္ဒနယ်မြေများကို ဩဂုတ်လ ၁၅ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။ ယင်းထုတ်ပြန်ချက်အရ ပြည်သူ့လွှတ်တော်အတွက် မဲအများဆုံးရသူ အနိုင်ရယူစနစ် (FPTP) ဖြင့် ၃၃၀ နယ်၊ အမျိုးသားလွှတ်တော်အတွက် ရောနှောစနစ် (MMP) ဖြင့် ၁၁၀ နယ် (FPTP ၈၄ နယ်၊ PR ၂၆ နယ်)၊ တိုင်း/ပြည်နယ်လွှတ်တော်အတွက် ရောနှောစနစ် (MMP) ဖြင့် ၃၆၄ နယ် (FPTP ၃၂၂ နယ်၊ PR ၄၂ နယ်) နှင့် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ် ၂၉ နယ် သတ်မှတ်ထားသည်။ မဲဆန္ဒနယ်မြေများ၏ အသေးစိတ်စာရင်းကို နေ့စဉ်သတင်းစာများတွင် ဖော်ပြသွားမည်ဟုလည်း ထည့်သွင်းဖော်ပြထားသည်။[]

မွေးဖွားသူများ

[ပြင်ဆင်ရန်]
  • ၁၇၆၉ နပိုလီယန်၊ ပြင်သစ်လူမျိုး ဗိုလ်မှူးကြီးနှင့် ဧကရာဇ် (၁၈၂၁ ကွယ်လွန်)

ကွယ်လွန်သူများ

[ပြင်ဆင်ရန်]

နေ့ထူးနေ့မြတ်များ

[ပြင်ဆင်ရန်]

ပြင်ပလင့်ခ်များ

[ပြင်ဆင်ရန်]


  1. ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပမည့် မဲဆန္ဒနယ်မြေများ ထုတ်ပြန်ကြေညာ ပြန်ကြားရေးဝန်ကြီးဌာန။ 16 August 2025 တွင် ပြန်စစ်ပြီး။