၄ ဇန်နဝါရီ
ပုံပန်းသွင်ပြင်
|
ဇန်နဝါရီလ၊ (၄)ရက်နေ့ သည် ဂရီဂေါရီးယန်းပြက္ခဒိန်အရ တစ်နှစ်တာ၏ (၄)ရက်မြောက် နေ့ရက် ဖြစ်သည်။ ယင်းတစ်နှစ်တာ ကုန်ဆုံးရန် ရက်ပေါင်း (၃၆၁) ရက် (ရက်ထပ်နှစ်ဖြစ်လျှင် (၃၆၂) ရက်) ကျန်သေးသည်။
ဖြစ်စဉ်များ
[ပြင်ဆင်ရန်]- ၁၇၆၂ – ဂရိတ်ဗြိတိန်သည် စပိန်နှင့် နေပယ်တို့ကို စစ်ကြေညာခဲ့သည်။
- ၁၈၆၅ – နယူးယောက်စတော့အိပ်ချိန်း၏ ပထမဆုံးအမြဲတမ်းဌာနချုပ်ကို နယူးယောက်မြို့၊ ဝေါလ်လမ်းအနီးတွင် ဖွင့်လှစ်ခဲ့သည်။
- ၁၈၉၆ – ယူးတားပြည်နယ်သည် အမေရိကန်ပြည်ထောင်စု၏ ၄၅ ခုမြောက် ပြည်နယ် ဖြစ်လာခဲ့သည်။
- ၁၉၄၈ – မြန်မာနိုင်ငံသည် ယူနိုက်တက်ကင်းဒမ်းထံမှ လွတ်လပ်ရေးရရှိခဲ့သည်။
- ၁၉၅၁ – ကိုရီးယားစစ်ပွဲ: တရုတ်နှင့် မြောက်ကိုရီးယားတပ်များသည် ဆိုးလ်မြို့ကို သိမ်းပိုက်ခဲ့သည်။
- ၁၉၅၉ – လူန ၁ သည် လအနီးသို့ ရောက်ရှိခဲ့သော ပထမဆုံး အာကာသယာဉ် ဖြစ်လာခဲ့သည်။
- ၁၉၇၄ – အမေရိကန်သမ္မတ ရစ်ချက် နစ်ကဆင်သည် ဝါးတားဂိတ် ဆီးနိတ်ကော်မတီ၏ သမ္မာန်စာဖြင့် အထောက်အထားများအား ပေးအပ်ရန်ကို ငြင်းဆိုခဲ့သည်။
- ၂၀၁၀ – ကမ္ဘာပေါ်တွင် အမြင့်မားဆုံးအဆောက်အဦး ခါလီဖာ မိုးမျှော်တိုက်ကို ဖွင့်လှစ်ခဲ့သည်။
- ၂၀၁၂ – မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်သည် အဂ္ဂမဟာသရေစည်သူ၊ အဂ္ဂမဟာ သီရိသုဓမ္မဘွဲ့ရရှိခဲ့သည်။
မွေးဖွားသူများ
[ပြင်ဆင်ရန်]ကွယ်လွန်သူများ
[ပြင်ဆင်ရန်]- ၁၉၆၀ – အယ်လ်ဘတ် ကမူး၊ ပြင်သစ် အတွေးအခေါ်ပညာရှင်နှင့် စာပေနိုဘယ်ဆုရှင် (၁၉၁၃ မွေး)
ပွဲတော်ရက်များ
[ပြင်ဆင်ရန်]- လွတ်လပ်ရေးနေ့ - ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးနေ့