၂၀ ဇူလိုင်
ပုံပန်းသွင်ပြင်
| |||||||||||||||||||||||||||||||||||||||||||||
ဇူလိုင်လ၊ (၂၀)ရက်နေ့ သည် ဂရီဂေါရီးယန်းပြက္ခဒိန်အရ တစ်နှစ်တာ၏ (၂၀၂)ရက်မြောက် (ရက်ထပ်နှစ်ဖြစ်လျှင် (၂၀၃)ရက်မြောက်) နေ့ရက် ဖြစ်သည်။ ယင်းတစ်နှစ်တာ ကုန်ဆုံးရန် ရက်ပေါင်း (၁၆၄) ရက် ကျန်သေးသည်။
ဖြစ်စဉ်များ
[ပြင်ဆင်ရန်]- ၂၀၀၁ ခု တွင် ဂျပန် animation ရုပ်ရှင် ဝိဉာဉ်လွင့်ပြေး အဝေး (Spirited Away) ကို ရုံတင်သည်။
- ၂၀၂၅ - ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂ၏ ဗဟိုအလုပ်အမှုဆောင် မဝတ်ရည်အောင်သည် အင်းစိန်ထောင်တွင် ဇူလိုင် ၂၀ ရက်၌ ကျဆုံးခဲ့သည်။ ၎င်းသည် ထောင်ဒဏ် ၃ နှစ် ချမှတ်ခံထားရချိန်အတွင်း အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ (က) ဖြင့် ထပ်မံတရားစွဲဆိုခံခဲ့ရသည်။ ၂၀၂၃ ခုနှစ်တွင် လွတ်ရက်စေ့မည်ဖြစ်သော်လည်း အဆိုပါပုဒ်မကြောင့် ထောင်ဒဏ် ၄ နှစ် ထပ်မံချမှတ်ခံခဲ့ရခြင်းဖြစ်သည်။ မဝတ်ရည်အောင်အပါအဝင် ကျောင်းသား ၅ ဦးကို ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့က ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။[၁]
မွေးဖွားသူများ
[ပြင်ဆင်ရန်]- ၁၉၄၆ - ထင်ကျော်၊ မြန်မာနိုင်ငံ၏ နဝမမြောက် နိုင်ငံတော်သမ္မတ
ကွယ်လွန်သူများ
[ပြင်ဆင်ရန်]- ၁၉၄၇ – မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်း - ဝန်ကြီး၊ ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ လုပ်ကြံခံခဲ့ရ၍ နောက်တစ်ရက်တွင် ကျဆုံးခဲ့ရသော အာဇာနည်ခေါင်းဆောင်ကြီး (၁၉၀၇ မွေးဖွား)
- ၂၀၁၇ - မျိုးမြင့် (ဒေါက်တာ) - နိုင်ငံခြားရေး နှင့် ပညာရေး ဒုတိယဝန်ကြီး (၁၉၅၃ မွေးဖွား)
- ၂၀၂၁ – ဉာဏ်ဝင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီအဖွဲ့ဝင်နှင့် ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ (၁၉၄၂ မွေးဖွား)
- ၂၀၂၁ – ဆန်နီညိမ်း၊ မော်ဒန်ပန်းပုပညာရှင်၊ ပန်းချီဆရာ (၁၉၄၉ မွေးဖွား)
နေ့ထူးနေ့မြတ်များ
[ပြင်ဆင်ရန်]- -
ပြင်ပလင့်ခ်များ
[ပြင်ဆင်ရန်]- ↑ စစ်သုံးစစ် ကို ဆန့်ကျင်ရင်း ထောင်တွင်းအသက်ဆုံးခဲ့ရသူ မဝတ်ရည်အောင်။ BBC Burmese။ 2025-7-28 တွင် ပြန်စစ်ပြီး။