၇ ဇန်နဝါရီ
ပုံပန်းသွင်ပြင်
|
ဇန်နဝါရီလ၊ (၇)ရက်နေ့ သည် ဂရီဂေါရီးယန်းပြက္ခဒိန်အရ တစ်နှစ်တာ၏ (၇)ရက်မြောက် နေ့ရက် ဖြစ်သည်။ ယင်းတစ်နှစ်တာ ကုန်ဆုံးရန် ရက်ပေါင်း (၃၅၈) ရက် (ရက်ထပ်နှစ်ဖြစ်လျှင် (၃၅၉) ရက်) ကျန်သေးသည်။
ဖြစ်ရပ်များ
[ပြင်ဆင်ရန်]- ၁၆၁၀ – ဂယ်လီလီယို သည် ကြာသပတေးဂြိုဟ် (ဂျူပီတာ) ၏ အရံဂြိုဟ် ၄ လုံးဖြစ်သော ဂန်မီဒီ၊ ကယ်လီစတို၊ အိုင်အို နှင့် ယူရိုပါ တို့ကို စတင်လေ့လာခဲ့သည်။
- ၁၉၁၉ – ဆားဘီးယားနိုင်ငံမှ မွန်တီနီဂရိုးနိုင်ငံအား အကွက်ချသိမ်းယူခြင်းကို မွန်တီနီဂရိုး ပြောက်ကျားစစ်သည်များက တိုက်ခိုက်ဆန့်ကျင်ကြသော်လည်း မအောင်မြင်ခဲ့ပေ။
- ၁၉၂၇ – ပထမဆုံး အတ္တလန်တိတ်သမုဒ္ဒရာ ဖြတ်ကျော် တယ်လီဖုန်း ဝန်ဆောင်မှုကို အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ မှ ယူနိုက်တက်ကင်းဒမ်းနိုင်ငံ၊ လန်ဒန်မြို့သို့ စတင်ချိတ်ဆက်ခဲ့သည်။
- ၁၉၃၅ – ဗန်နီတို မူဆိုလီနီ နှင့် ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ပီယားလာဗယ်တို့သည် ပြင်သစ်-အီတလီ သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။
- ၁၉၄၂ – ဒုတိယကမ္ဘာစစ်:ဗြိတိသျှ ဗိုလ်ချုပ်ကြီး ဘားနတ် မောင်ဂိုမာရီ က ဘာဂီတိုက်ပွဲအောင်မြင်မှုနှင့် ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။
- ၁၉၅၉ – အမေရိကန်ပြည်ထောင်စုသည် ဖီဒယ်လ် ကက်စထရို၏ ကျူးဘားအစိုးရသစ်ကို အသိအမှတ်ပြုခဲ့သည်။
- ၁၉၈၄ – ဘရူနိုင်းနိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ)၏ ဆဋ္ဌမမြောက် အသင်းဝင်နိုင်ငံ ဖြစ်လာခဲ့သည်။
- ၁၉၉၀ – ယိုင်နေသော ပီဆာမျှော်စင်၏ အတွင်းပိုင်းအား အများပြည်သူဝင်ရောက်ခွင့်ကို ဘေးကင်းစေရန် အကြောင်းပြချက်များဖြင့် ပိတ်ပင်ခဲ့သည်။
မွေးဖွားသူများ
[ပြင်ဆင်ရန်]- ၁၈၀၀ – မေးလာ့ဒ် ဖီးလ်မိုး၊ အမေရိကန် စစ်သား၊ ရှေ့နေ နှင့် နိုင်ငံရေးသမား၊ ၁၃ ဦးမြောက် အမေရိကန်ပြည်ထောင်စု သမ္မတ (၁၈၇၄ ကွယ်လွန်)
ကွယ်လွန်သူများ
[ပြင်ဆင်ရန်]- ၁၉၄၃ – နီကိုလာ တက်စလာ၊ ခရိုရေးရှား-ဆားဘီးယား-အမေရိကန် လူမျိုး ရူပဗေဒပညာရှင်နှင့် အင်ဂျင်နီယာ (၁၈၅၆ မွေး)