အူဇီ
အူဇီ | |
---|---|
![]() Uzi | |
အမျိုးအစား | ဆပ် မရှင်းဂန်း |
မူလထုတ်လုပ်ရာ | အစ္စရေးနိုင်ငံ |
သုံးစွဲမှု မှတ်တမ်း | |
တာဝန်ထမ်းချိန် | ၁၉၄၈ မှ ယခု အထိ |
ထုတ်လုပ်မှု မှတ်တမ်း | |
ဒီဇိုင်းထုတ်သူ | အူဇီယယ် ဂျဲလ် |
ဒီဇိုင်းထုတ်သည့်နေ့ | ၁၉၄၈ |
ထုတ်လုပ်သည့် အရေအတွက် | ၁၀ သန်းကျော် |
အသေးစိတ်အချက်အလက် | |
အလေးချိန် | ၃.၅ ကီလို |
အလျား | ၄၇၀mm(ဒင်ခေါက်) ၆၅၀mm(ဒင်ဆန့်) |
ပြောင်း အရှည် | ၂၆၀mm |
ကျည်ခွံ | 9x19mm Parabellum, .22 LR, .45 ACP, .41 AE |
ပစ်ခတ်နှုန်း | တစ်မိနစ် ၆၀၀ |
ကျည်ထွက်နှုန်း | တစက္ကန့် မီတာ ၄၀၀ |
Feed system | ၁၀၊ ၁၆၊ ၂၀၊ ၃၂၊ ၄၀၊ ၅၀ တောင့်ဝင် |
အူဇီ(အစ္စရေးဘာသာဖြင့်= עוזי ) စက်ကလေးသည် ၎င်း၏ သေးငယ် ပေါ့ပါးပြီး ပစ်အား ကောင်းမွန်ခြင်းကြောင့် ကမ္ဘာကျော်ခဲ့ သောသေနတ် ဖြစ်သည်။ အစ္စရေး နိုင်ငံမှ Uziel Gal က ၁၉၄ဝနှောင်းပိုင်း တွင် ဒီဇိုင်း ထုတ်ခဲ့ပြီး ၁၉၄၈တွင် အစ္စရေး ကာကွယ်ရေး ပစ္စည်းစက်ရုံက ထုတ်လုပ်ခဲ့သည်။
နောက်ခံသမိုင်း[ပြင်ဆင်ရန်]
အူဇီအား ဗိုလ်ကြီး(နောင်တွင် ဗိုလ်မှူး) Uziel Galမှ ၁၉၄၈ အာရပ်-အစ္စရေး စစ်ပွဲ အပြီးတွင် စတင် ဒီဇိုင်း ဆွဲခဲ့သည်။ ထို့နောက် အရည်အသွေးအား အကဲဖြတ်ရန် အစ္စရေးစစ်တပ်သို့ တင်သွင်းခဲ့ သည်။ အူဇီ၏ ရိုးရှင်းသော ဒီဇိုင်းနှင့် ထုတ်လုပ်မှု စရိတ် သက်သာမှု တို့ကြောင့် အခြားသော ရှေးရိုး ဒီဇိုင်းများအား ကျော်ဖြတ် ရွေးချယ်ခြင်း ခံခဲ့ရသည်။ Galသည် ထိုစက်ကလေးအား သူ၏ အမည် မပေးရန် တောင်းပန်ခဲ့သော်လည်း ပယ်ချခြင်း ခံခဲ့ရသည်။ မကြာမီ ရှေးဦး မော်ဒယ်အား ၁၉၅၁တွင် လက်ခံခဲ့ပြီး ၁၉၅၆မှ စတင်ကာ အသုံးပြုခဲ့ရာ အောင်မြင်မှု များစွာ ရရှိခဲ့သည်။
အစ္စရေးစစ်တပ်တွင်းအသုံးပြုမှု[ပြင်ဆင်ရန်]
အစ္စရေးစစ်တပ်တွင် ရှေ့တန်းထွက်ရန် မလိုသော တပ်များ၊ အရာရှိများ၊ အမြှောက်တပ်သားများ၊ တင့်ကားတပ်သားများ အပြင် ရှေ့တန်းရောက် ချေမှုန်းရေး အထူးတပ်ဖွဲ့များ ပါအသုံးပြုသည်။ ၁၉၆ရခု ၆ရက်စစ်ပွဲအတွင်း အူဇီ၏ သေးငယ်ပေါ့ပါးမှု နှင့် ပစ်အားကောင်းမှု တို့ကြောင့် ဂျော်ဒန် တပ်များ၏ ဘန်ကာများနှင့် ဆီးရီးယားတို့၏ ခံစစ်စခန်း များကို ထိရောက်စွာ ဝင်ရောက်ရှင်းလင်း နိုင်ခဲ့သည်။ အစ္စရေးတပ်တွင် ၂၀၀၃ခုနှစ် မှစ၍ အူဇီ အသုံးပြုမှု ရပ်ဆိုင်းလိုက် သော်လည်း ပြည်တွင်း ပြည်ပအသုံးပြုမှု အတွက် ဆက်လက်ထုတ်လုပ် လျက် ရှိသည်။
အူဇီမျိုးကွဲများ[ပြင်ဆင်ရန်]
- Mini Uzi
- Carbine
- Micro Uzi
- Micro Uzi Para
- Micro Uzi Pro
Uzi with suppressor.
Uzi and MP 40.
အသုံးပြုသည့်နိုင်ငံများ[ပြင်ဆင်ရန်]
အယ်လ်ဂျီးရီးယား
အင်ဂိုလာ
ဘင်္ဂလားဒေ့ရှ်
ဘယ်လ်ဂျီယမ်
ဘူဂေးရီးယား
ချီလီ
ကိုလံဘီယာ
ကွန်ဂို
ခရိုအေးရှား
ကျူးဘား
တရုတ်
အီကွေဒေါ
အယ်ဆာဗေဒို
အက်စတိုးနီးယား
အီသီယိုးပီးယား
ပြင်သစ်
ဂျာမနီ
ဂရိ
ဂွါတီမာလာ
ဟေတီ
အိန္ဒိယ
အင်ဒိုနီးရှား
အိုင်ယာလန်
အီရန်
အစ္စရေး
မက္ကဆီကို
မြန်မာ
နယ်သာလန်
နီကာရာဂွါ
နိုင်ဂျာ
နိုင်ဂျီးရီးယား
ပါရာဂွေး
ပီရူး
ပေါ်တူဂီ
ဖိလစ်ပိုင်
ရဝမ်ဒါ
တောင်အာဖရိက
သီရိလင်္ကာ
ဆူဒန်
ဆူရာနမ်
ထိုင်ဝမ်
ထိုင်း
တူရကီ
ယူဂန်းဒါး
ယူနိုက်တက်ကင်းဒမ်း
အမေရိကန်
ဥရုဂွေး
ဗင်နီဇွဲလား
ဗီယက်နမ်
အူဇီနှင့်မြန်မာ့တပ်မတော်[ပြင်ဆင်ရန်]
မြန်မာနိုင်ငံတွင် IMI၏ တရားဝင် လိုင်စင် ရယူကာ ကာကွယ်ရေး ပစ္စည်း စက်ရုံများ၌ BA 94 စက်ကလေးအမည်ဖြင့် ထုတ်လုပ်သည်။ အူဇီအား အထူးတပ်ဖွဲ့များ အစောင့်တပ်များ နှင့်ကိုယ်ရံတော်တပ်များ တွင်သာ အသုံးပြုလေ့ရှိသည်။