မာတိကာသို့ ခုန်သွားရန်

လွိုင်လင်လေးမြို့

ဝီကီပီးဒီးယား မှ
လွိုင်လင်လေးမြို့
လွိုင်လင်လေးမြို့ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
လွိုင်လင်လေးမြို့
လွိုင်လင်လေးမြို့
လွိုင်လင်လေးမြို့တည်နေရာ
ကိုဩဒိနိတ်: 19°52′N 97°13′E / 19.867°N 97.217°E / 19.867; 97.217ကိုဩဒိနိတ်: 19°52′N 97°13′E / 19.867°N 97.217°E / 19.867; 97.217
နိုင်ငံ မြန်မာ
ပြည်နယ်ကယားပြည်နယ်
ခရိုင်လွိုင်ကော်ခရိုင်
မြို့နယ်လွိုင်ကော်
အစိုးရ
 • မြို့အုပ်ချုပ်ရေးမှူးဦးရန်မျိုးကျော်
ပင်လယ်ရေ မျက်နှာပြင်အမြင့်၇၇၉ မီတာ (၂၅၅၅ ပေ)
လူဦးရေ (၂၀၂၀)[]
 • စုစုပေါင်း၃၈၇၃
အချိန်ဇုန်MST (UTC+6:30)

လွိုင်လင်လေးမြို့သည် ကယားပြည်နယ်လွိုင်ကော်မြို့နယ် ရှမ်း-ကယားနယ်စပ်တွင် တည်ရှိသည်။ ၂၀၁၇ ခုနှစ်တွင် မြို့အဖြစ် အဆင့်တိုးမြှင့်ခံခဲ့ရသည်။

သမိုင်းကြောင်း

[ပြင်ဆင်ရန်]

လွိုင်လင်လေးဒေသကို ရှေးယခင် စော်ဘွားများလက်ထက်က လက်ထောက်မြို့ပိုင် ၁ ဦးအုပ်ချုပ်၍ ထီးစဲခါးတိုက်နယ်အဖြစ် သတ်မှတ်ထားသည်။ စိုက်ပျိုးသီးနှံများမှ အမျိုးအမည်အလိုက် ၁၀ ပုံ ၁ ပုံကို လွိုင်ကော်စော်ဘွားထံ အခွန်ပေးဆောင်ရသည်။ ၁၉၇၂ ခုနှစ်တွင် အဆိုပါစနစ်ကို ဖျက်သိမ်းကာ လွိုင်လင်လေးကျေးရွာအုပ်စု၊ ထီးစဲခါးကျေးရွာအုပ်စုနှင့် တီးလုံကျေးရွာအုပ်စုများအဖြစ် သတ်မှတ်ခဲ့သည်။ ၂၀၁၇ ခုနှစ် အောက်တိုဘာ ၂၂ ရက်နေ့တွင် လွိုင်လင်လေးမြို့အဖြစ် အဆင့်တိုးမြှင့်ခဲ့သည်။

ပထဝီဝင်အနေအထား

[ပြင်ဆင်ရန်]

မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၅၂ မိနစ် နှင့် အရှေ့လောင်ဂျီတွဒ် ၉၇ ဒီဂရီ ၁၃ မိနစ် တွင် တည်ရှိသည်။ အရှေ့မှ အနောက်သို့ ၄.၃၈ မိုင်၊ တောင်မှမြောက်သို့ ၂.၉၄ မိုင်ရှိပြီး ၅၉၈.၀၆ စတုရန်းမိုင် ကျယ်ဝန်းသည်။

နယ်နိမိတ်

[ပြင်ဆင်ရန်]

လွိုင်လင်လေးမြို့၏ အရှေ့ဘက်တွင် လွိုင်ကော်မြို့နယ်မှ ထီးစဲခါးကျေးရွာအုပ်စုနှင့် တီးလုံကျေးရွာအုပ်စု၊ အနောက်ဘက်တွင် ပိန်းချစ်ကျေးရွာအုပ်စုနှင့် တောင်ဘက်တွင် လွိုင်ကော်မြို့နယ်၊ မြောက်ဘက်တွင် ရှမ်းပြည်နယ် ဆီဆိုင်မြို့နယ်တို့ တည်ရှိသည်။

မြေမျက်နှာသွင်ပြင်

[ပြင်ဆင်ရန်]

ပင်လယ်ရေမြေနှာပြင်အထက် ၂၅၅၅ ပေအထက်တွင် တည်ရှိကာ တောင်ကုန်းတောင်တန်းများကြားတွင် တည်ရှိသည်။

လူဦးရေ

[ပြင်ဆင်ရန်]

လွိုင်လင်လေးမြို့တွင် ရှမ်းတိုင်းရင်းသားများ အများဆုံးနေထိုင်ကြသည်။ ထို့နောက် ကယားနှင့် ဗမာလူမျိုးများ အစဉ်လိုက် များပြားစွာနေကြသည်။ ကိုးကွယ်မှုအနေဖြင့် ဗုဒ္ဓဘာသာကို အများဆုံး ကိုးကွယ်ကာ ခရစ်ယာန်ဘာသာကို ဒုတိယအများဆုံကိုးကွယ်သည်။[]

စီးပွားရေး

[ပြင်ဆင်ရန်]

လွိုင်လင်လေးမြို့သည် ရှမ်းပြည်နယ် တောင်ကြီးမြို့နှင့် ကယားပြည်နယ် လွိုင်ကော်မြို့ကို ဆက်သွယ်သော လွိုင်ကော်-ဆီဆိုင်-ဟိုပုန်း-တောင်ကြီး လမ်းမပေါ်တွင် တည်ရှိကာ စီးပွားရေးကောင်းမွန်သည်။ ဒေသခံအများစုသည် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြသည်။ မြို့၏အဓိကထွက်ကုန်မှာ ဆန်စပါးနှင့် ပြောင်းဖြစ်သည်။

ကိုးကား

[ပြင်ဆင်ရန်]