ရေဗျနတ်

ဝီကီပီးဒီးယား မှ

သံတော်ကြားနတ် (ရေဗျနတ် ဟုလည်း ခေါ်ကြသည်) သည် မြန်မာ့မိရိုးဖလာနတ်တစ်ပါး ဖြစ်သည်။[၁]

သမိုင်း[ပြင်ဆင်ရန်]

သံတော်ကြားနတ်သည် မင်းခေါင်၏ အတွင်းဝန် ဖြစ်သည်။ ရှင်ဘုရင်အတွက် စံပယ်ပန်းများကို တောထဲ၌ ခူးနေစဉ် မြွေကိုက်သဖြင့် သေဆုံးခဲ့ရာမှ သံတော်ကြားနတ် ဖြစ်လာခဲ့သည်။[၁]

ရုပ်တုပြုလုပ်ခြင်း[ပြင်ဆင်ရန်]

သံတော်ကြားနတ်သည် နန်းတွင်းအဝတ်အစားကို ဝတ်ဆင်ထားပြီး ယပ်တောင်ကို ကိုင်ထားကာ ကြာပလ္လင်ထက်တွင် စံမြန်းနေဟန် ဖြစ်သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ဦးထွေးဟန် (ဇူလိုင် ၁၉၉၁)။ မြန်မာ့မိရိုးဖလာဓလေ့ နတ်သမိုင်း။ ရန်ကုန်: ရွှေပုရပိုက်စာပေ။ pp. ၁၀၂။