မြန်မာနိုင်ငံ မသန်စွမ်းသူများ အားကစားအဖွဲ့ချုပ်
မြန်မာနိုင်ငံ မသန်စွမ်းသူများ အားကစားအဖွဲ့ချုပ် ၏အမှတ်တံဆိပ် | |
| နိုင်ငံ/ဒေသ | |
|---|---|
| ကုဒ် | MYA |
| စတင်တည်ထောင်ခြင်း | ၁၉၈၉ |
| ဥက္ကဋ္ဌ | ဗိုလ်ချုပ် လှမိုး |
| အထွေထွေ အတွင်းရေးမှူးချုပ် | ဦးထွန်းနိုင်ဦး |
| ဝဘ်ဆိုဒ် | paralympic.org/myanmar |
မြန်မာနိုင်ငံမသန်စွမ်းသူများ အားကစားအဖွဲ့ချုပ် (အင်္ဂလိပ်: Myanmar Paralympic Sports Federation) သည် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ လက်အောက်ရှိ မသန်စွမ်းသူများဆိုင်ရာ အားကစားအဖွဲ့ချုပ်တစ်ခုဖြစ်သည်။ အခြားနိုင်ငံများကဲ့သို့ အမျိုးသား ပါရာလမ်းပစ်ကော်မတီ မထားရှိပဲ အားကစားအဖွဲ့ချုပ်သာထားရှိပြီး အိုလံပစ်ကော်မတီ၏ လက်အောက်တွင် ထားရှိသည်။[၁]မြန်မာနိုင်ငံ ပါရာလမ်းပစ်ကော်မတီကိုမူ ဖွဲ့စည်းနိုင်ရန် ဆောင်ရွက်နေဆဲဖြစ်သည်။[၂]
မသန်သော်လည်း စွမ်းသည် ဟူသော စကားရပ်နှင့်အညီ မသန်စွမ်းသူများ အားကစားနည်းများတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရန် စွမ်းဆောင်နေသော အားကစားအဖွဲ့ချုပ်တစ်ခုဖြစ်သည်။ အားကစားအဖွဲ့ချုပ်သည် ယခင်က ရန်ကုန်မြို့၊ ဗိုလ်ချုပ်အောင်ဆန်းအားကစားကွင်းတွင် တည်ရှိသည်။ နောက်ပိုင်းတွင် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် သို့ပြောင်းရွှေ့ခဲ့သည်။[၃]
သမိုင်းကြောင်း
[ပြင်ဆင်ရန်]မြန်မာနိုင်ငံရှိ မသန်စွမ်းသူများ အားကစားနည်းများတွင် ပါဝင်ဆောင်ရွက်နိုင်ရန်နှင့် ကိုယ်လက်ကြံ့ခိုင်စေရန်အတွက် မသန်စွမ်းသူများအားကစားအဖွဲ့ချုပ်ကို ၁၉၈၉ခုနှစ်တွင် အားကစားဝန်ကြီးဌာနလက်အောက်တွင် ဖွဲ့စည်းခဲ့သည်။ မြန်မာနိုင်ငံလုံးဆိုင်ရာ မသန်စွမ်းသူများအားကစားပွဲကို ၁၉၉၀ပြည့်နှစ်မှစ၍ နှစ်စဉ်ကျင်းပလာခဲ့သည်။[၄] ၂၀၀၁ခုနှစ်တွင် အာဆီယံမသန်စွမ်းသူများအားကစားအဖွဲ့ချုပ် တည်ထောင်ရာတွင် မြန်မာနိုင်ငံသည် အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ခဲ့ကာ အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲများကို အကြိမ်တိုင်းတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည်။[၅] ၂၀၁၄ခုနှစ်တွင် မသန်စွမ်းသူများအတွက် စခန်းသွင်းအားကစားလေ့ကျင့်နိုင်ရန် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဒဂုံမြို့နယ်တွင် အားကစားစခန်းဖွင့်လှစ်ပေးနိုင်ခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့် ၂၀၁၄ခုနှစ်တွင် (၇)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပနိုင်ခဲ့သည်။
ဥက္ကဋ္ဌများ
[ပြင်ဆင်ရန်]- ဗိုလ်မှူးကြီး မျိုးဆွေ (၁၉၈၉ - ၁၉၉၀)
- ဒုတိယဗိုလ်မှူးကြီး သိန်းဟန် (၁၉၉၀ - ၁၉၉၅)
- ဗိုလ်မှူးကြီး သိုက်ထွန်း (၁၉၉၅ - ၁၉၉၈)
- ဗိုလ်မှူးကြီး အောင်နိုင် (၁၉၉၈ - ၁၉၉၉)
- ဒုတိယဗိုလ်မှူးကြီး ဝင်းမောင် (၁၉၉၉-၂၀၀၀)
- ဗိုလ်ချုပ် အောင်သိန်း (၂၀၀၀ - ၂၀၀၄)
- ဒုတိယဗိုလ်မှူးကြီး အောင်ကြီး (၂၀၀၄ - ၂၀၀၅)
- ဗိုလ်မှူးကြီး ဌေးနိုင် (၂၀၀၅ - ၂၀၁၀)
- ဗိုလ်ချုပ် နေလင်း (၂၀၁၀ - ၂၀၁၄)
- ဗိုလ်ချုပ် စိုးဝင်း (၂၀၁၄ - ၂၀၁၈)
- ဗိုလ်ချုပ် ဝင်းလွင် (၂၀၁၈ - ၂၀၁၉)
- ဗိုလ်ချုပ် ထိန်လင်း (၂၀၂၀ - ၂၀၂၂)
- ဗိုလ်ချုပ် လှမိုး (၂၀၂၂ - လက်ရှိ)
အောင်မြင်မှုများ
[ပြင်ဆင်ရန်]မြန်မာနိုင်ငံ မသန်စွမ်းအားကစားသမားများအနေဖြင့် ပြည်တွင်းပြိုင်ပွဲများအပြင် နိုင်ငံတကာပွဲတော်များတွင်ပါ ဆုတံဆိပ်များ ဆွတ်ခူးနိုင်ခဲ့သည်။[၆]အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲ၊ အာရှမသန်စွမ်းအားကစားပြိုင်ပွဲ၊ မသန်စွမ်းအိုလံပစ်ပြိုင်ပွဲများတွင်ပါ ဆုတံဆိပ်များ ရရှိခဲ့သည်။[၇][၈]၂၀၁၈ခုနှစ်အထိ နိုင်ငံတကာအားကစားပွဲများမှ ဆုတံဆိပ် (၇၈၆)ခု ရရှိထားသည်။[၉][၁၀]
မသန်စွမ်းအိုလံပစ်ပြိုင်ပွဲ (ပါရာလမ်းပစ်)
[ပြင်ဆင်ရန်]| ပွဲတော် | ရွှေ | ငွေ | ကြေး | စုစုပေါင်း |
|---|---|---|---|---|
| ၁ | ၁ | ၁ | ၃ | |
| ၁ | ၂ | ၁ | ၄ | |
| စုစုပေါင်း | ၂ | ၃ | ၂ | ၇ |
အာရှမသန်စွမ်းအားကစားပြိုင်ပွဲ
[ပြင်ဆင်ရန်]အောက်ပါစာရင်းမှာ အာရှ မသန်စွမ်း အားကစားပြိုင်ပွဲအပြင် ထိုပြိုင်ပွဲ၏ ယခင်အမည်ဖြစ်သော အရှေ့ဖျားနှင့် တောင်ပစိဖိတ်ဒေသ မသန်စွမ်းအားကစားပြိုင်ပွဲ (FESPIC Games) တွင် ယှဉ်ပြိုင်ခဲ့မှုများပါ ပါဝင်သည်။
| ပွဲတော် | ရွှေ | ငွေ | ကြေး | စုစုပေါင်း |
|---|---|---|---|---|
| အရှေ့ဖျားနှင့် တောင်ပစိဖိတ်ဒေသ မသန်စွမ်းအားကစားပြိုင်ပွဲ | ||||
| ၃ | ၁ | ၀ | ၄ | |
| ၁၆ | ၁၅ | ၁ | ၃၂ | |
| ၄ | ၃ | ၄ | ၁၁ | |
| ၈ | ၉ | ၁၀ | ၂၇ | |
| ၄ | ၇ | ၁၄ | ၂၅ | |
| ၇ | ၁၆ | ၁၈ | ၄၁ | |
| ၄ | ၁၃ | ၄ | ၂၁ | |
| ၆ | ၃ | ၆ | ၁၅ | |
| စုစုပေါင်း | ၅၂ | ၆၇ | ၅၇ | ၁၇၆ |
| အာရှ မသန်စွမ်း အားကစားပြိုင်ပွဲ | ||||
| ၀ | ၀ | ၁ | ၁ | |
| ၁ | ၀ | ၆ | ၇ | |
| ၀ | ၄ | ၂ | ၆ | |
| စုစုပေါင်း | ၁ | ၄ | ၉ | ၁၄ |
အာရှ လူငယ်မသန်စွမ်း အားကစားပြိုင်ပွဲ
[ပြင်ဆင်ရန်]| ပွဲတော် | ရွှေ | ငွေ | ကြေး | စုစုပေါင်း |
|---|---|---|---|---|
| ၃ | ၄ | ၄ | ၁၁ | |
| စုစုပေါင်း | ၃ | ၄ | ၄ | ၁၁ |
အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲ
[ပြင်ဆင်ရန်]| ပွဲတော် | ရွှေ | ငွေ | ကြေး | စုစုပေါင်း |
|---|---|---|---|---|
| ၄၃ | ၂၃ | ၁၁ | ၇၇ | |
| ၂၄ | ၁၂ | ၁၁ | ၄၇ | |
| ၂၉ | ၁၃ | ၄ | ၄၆ | |
| ၁၄ | ၁၆ | ၂၁ | ၅၁ | |
| ၁၄ | ၁၉ | ၇ | ၄၀ | |
| ၁၁ | ၉ | ၁၄ | ၃၄ | |
| ၃၄ | ၂၆ | ၃၆ | ၉၆ | |
| ၁၆ | ၁၇ | ၂၉ | ၆၂ | |
| ၁၁ | ၁၅ | ၁၇ | ၄၃ | |
| ၁၄ | ၁၂ | ၁၇ | ၄၃[၅] | |
| စုစုပေါင်း | ၂၁၀ | ၁၆၂ | ၁၆၇ | ၅၃၉ |
ကိုးကား
[ပြင်ဆင်ရန်]- ↑ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ။ အားကစားနှင့်ကာယပညာဦးစီးဌာန။ 23 May 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 28 August 2021 တွင် ပြန်စစ်ပြီး။
- ↑ မြန်မာနိုင်ငံ မသန်စွမ်းသူများ အားကစားအဖွဲ့ချုပ်မှ အလုပ်အမှုဆောင် အဖွဲ့ဝင်များ တွေ့ဆုံညှိနှိုင်းအစည်းအဝေးကျင်းပ။ 28 August 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 28 August 2021 တွင် ပြန်စစ်ပြီး။
- ↑ "National Paralympic Committee of Myanmar"။
- ↑ "၂၉ကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ မသန်စွမ်းအားကစားပြိုင်ပွဲ ကျင်းပမည်"။ 28 August 2021 တွင် ပြန်စစ်ပြီး။ Archived from the original on 28 August 2021။
- 1 2 (၁၁) ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံ အဆင့် ၆ နေရာရရှိ။ 9 June 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 9 June 2023 တွင် ပြန်စစ်ပြီး။
- ↑ မသန်သော်လည်းစွမ်းပါသည်။ 4 September 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 4 September 2021 တွင် ပြန်စစ်ပြီး။
- ↑ "(၃)ကြိမ်မြောက် အာရှမသန်စွမ်းသူများ အားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် အောင်ပွဲရမြန်မာ့လက်ရွေးစင် မသန်စွမ်း အားကစားအဖွဲ့အား ဂုဏ်ပြု"။ 28 August 2021 တွင် ပြန်စစ်ပြီး။ Archived from the original on 28 August 2021။
- ↑ "(၉)ကြိမ်မြောက် အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲတွင် နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့ကြသည့် အားကစားသမားများနှင့် နည်းပြအား ဂုဏ်ပြု၊ မြန်မာနိုင်ငံမသန်စွမ်းသူများ အားကစား အဖွဲ့ချုပ်သို့ ငွေပဒေသာပင်ကျပ်သိန်း ၁၀၀၀၀ စိုက်ထူလှူဒါန်း"။
- ↑ "(၂ဝ၁၈)ခုနှစ်၊ (၃ဝ)ကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ မသန်စွမ်းသူများအားကစားပြိုင်ပွဲနှင့် (၁၅)ကြိမ်မြောက် ဉာဏ်ရည်မမီသူများ အားကစားပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကျင်းပ"။
- ↑ ဖိလစ်ပိုင် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ အားကစားနည်းအားလုံး ဝင်ရောက်ယှဉ်ပြိုင်ရန်စီစဉ်။ 1 September 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 1 September 2021 တွင် ပြန်စစ်ပြီး။