ပါရာလမ်းပစ် အားကစားပွဲတော်
အညွှန်းသို့ ခုန်ကူးရန်
ရှာဖွေရန် ခုန်ကူးမည်
ပါရာလမ်းပစ် အားကစားပွဲတော်သည် နိုင်ငံတကာမသန်စွမ်းအားကစားပြိုင်ပွဲဖြစ်သည်။အိုလံပစ်ကဲ့သို့ပင် နွေရာသီနှင့် ဆောင်းရာသီအားကစားပွဲတော်၂ခုကျင်းပသည်။အားကစားပွဲတော်ကို အပြည်ပြည်ဆိုင်ရာပါရာလမ်းပစ်ကော်မတီမှ ကြီးကြပ်သည်။
အပြည်ပြည်ဆိုင်ရာ ပါရာလမ်းပစ်ကော်မတီ (IPC)[ပြင်ဆင်ရန်]
အပြည်ပြည်ဆိုင်ရာ ပါရာလမ်းပစ်ကော်မတီ(International Paralympic Committee)သည် အဖွဲ့ဝင် ၁၇၆နိုင်ငံပါဝင်သော နိုင်ငံတကာမသန်စွမ်းအားကစားအဖွဲ့ချုပ်ဖြစ်သည်။ဌာနချုပ်မှာ ဂျာမနီတွင်ရှိသည်။
အမည်နှင့် အမှတ်အသားများ[ပြင်ဆင်ရန်]
မူလက ကျောရိုးဒဏ်ရာ ရရှိထားသူများအတွက်ရည်ရွယ်သော အားကစားပွဲဖြစ်၍ "paraplegic"ဟု အမည်ပေးခဲ့သည်။သို့သော် အိုလံပစ်နှင့်အပြိုင်ကျင်းပသဖြင့် ၁၉၈၈ဆိုလ်းနွေရာသီပါရာလမ်းပစ်မှစ၍ "Paralympic"ဟုတရားဝင်အမည်ပေးခဲ့သည်။