၂၀၁၅ အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲ
![]() | |||
| ကျင်းပရာမြို့ | |||
|---|---|---|---|
| ဆောင်ပုဒ် | Celebrate the Extraordinary | ||
| ပါဝင်သော နိုင်ငံများ | ၁၀ | ||
| ပါဝင်ဆင်နွဲသော အားကစားသမားများ | ၁၁၈၁ | ||
| ကစားပွဲအမျိုးအစား | ၃၃၆(၁၅မျိုး) | ||
| ဖွင့်ပွဲအခမ်းအနား | ၃ ဒီဇင်ဘာ | ||
| ပိတ်ပွဲအခမ်းအနား | ၉ ဒီဇင်ဘာ | ||
| တရားဝင်ဖွင့်လှစ်ပေးခဲ့သူ | သမ္မတတိုနီတန်း | ||
| Athlete's Oath | Yong Phen Chong Thomas[၁] | ||
| Judge's Oath | Lanny Kwok Ping Ping | ||
| Torch Lighter | Yip Pin Xiu Tay Wei Ming Gan Kai Hong Aloysius[၂] | ||
| အဓိကအားကစားကွင်း | စင်ကာပူမိုးလုံလေလုံအားကစားကွင်း[၃] | ||
| ဝက်ဘ်ဆိုဒ် | 2015 ASEAN Para Games | ||
| |||
၂၀၁၅ အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲသည် စင်ကာပူတွင် ဒီဇင်ဘာ ၃ ရက်မှ ၉ ရက်အထိ ကျင်းပသော အဌမအကြိမ် အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲ ဖြစ်သည်။ စင်ကာပူနိုင်ငံအနေဖြင့် ပထမဆုံး လက်ခံကျင်းပခြင်းဖြစ်ပြီး ၂၀၁၅စင်ကာပူဆီးဂိမ်း အပြီး ၆ လအကြာတွင် ကျင်းပခဲ့သည်။ မလေးရှား၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ထိုင်း၊ အင်ဒိုနီးရှားနှင့် မြန်မာတို့အပြီး သတ္တမမြောက် အိမ်ရှင်နိုင်ငံဖြစ်သည်။
အရှေ့တောင်အာရှ ၁၁ နိုင်ငံမှ အားကစားသမား ၁၈၁၁ ဦးမှ အားကစားနည်း ၁၅ မျိုးတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ ထိုင်း၊ အင်ဒိုနီးရှားနှင့် မလေးရှားတို့က ပထမ၊ ဒုတိယနှင့် တတိယရရှိခဲ့သည်။
လက်ခံကျင်းပခြင်း
[ပြင်ဆင်ရန်]စင်ကာပူနိုင်ငံသည် ၂၀၀၇နှင့် ၂၀၁၃ ဆီးဂိမ်းများကို လက်ခံကျင်းပရန် အခွင့်အရေးရရှိခဲ့သော်လည်း အားကစားကွင်းများ ဆောက်လုပ်ရန်ရှိသဖြင့် ၂၀၁၅ဆီးဂိမ်းကိုသာ လက်ခံကျင်းပခဲ့သည်။ ထို့အတွက် ၂၀၁၅ ပါရာဂိမ်းမှသာ လက်ခံကျင်းပနိုင်ခဲ့သည်။
စင်ကာပူ အာဆီယံပါရာဂိမ်း ကျင်းပရေးဦးစီးကော်မတီကို ဖွဲ့စည်းခဲ့သည်။
ကွင်းများ
[ပြင်ဆင်ရန်]
၂၀၁၅ အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲကို နေရာ ၈၁၄ နေရာတွင်ကျင်းပခဲ့သည်။
| Nation | Competition Venue | Sports |
| စင်ကာပူ | Singapore Sports Hub | |
|---|---|---|
| စင်ကာပူ အမျိုးသားအားကစားကွင်း | Athletics, Football 7-a-side | |
| Singapore Indoor Stadium | Wheelchair basketball, Opening ceremony | |
| OCBC Arena Hall 1 | Table tennis | |
| OCBC Arena Hall 2 | Badminton | |
| OCBC Arena Hall 3 | Boccia | |
| OCBC Arena Hall 4 | Chess | |
| OCBC Aquatics Centre | Swimming | |
| Marina Bay Sands | ||
| Marina Bay Sands Hall B | Football 5-a-side, Powerlifting | |
| Marina Bay Sands Hall D | Goalball | |
| Marina Bay Sands Ballroom | Closing ceremony | |
| Other | ||
| Marina Bay | Sailing | |
| SAFRA Yishun | Shooting | |
| Temasek Club | Bowling | |
| Kallang Cricket Field | Archery | |
ပြိုင်ပွဲအထိမ်းအမှတ်များ
[ပြင်ဆင်ရန်]အထိမ်းအမှတ်တံဆိပ်
[ပြင်ဆင်ရန်]၂၀၁၅ အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲ၏ အထိမ်းအမှတ်တံဆိပ်မှာ ၂၀၁၅ ဆီးဂိမ်းကဲ့သို့ ဆွဲထားသည်။ လူ ၃ ယောက်၏လက်မောင်းများမှာ အချင်းချင်းဆက်သွယ်ထားပြီး အသည်းပုံစံဖြစ်နေသည်။ နိုင်ငံတကာ မသန်စွမ်းလှုပ်ရှားမှုများ၏ အနှစ်သာရ ဖြစ်သည်။
လာဘ်ကောင်
[ပြင်ဆင်ရန်]၂၀၁၅ အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲ၏ လာဘ်ကောင်မှာ နီလာ ဆိုသော ခြင်္သေ့ဖြစ်သည်။
ပွဲများနှင့်အားကစား
[ပြင်ဆင်ရန်]ဖွင့်ပွဲ
[ပြင်ဆင်ရန်]၂၀၁၅ အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲ၏ ဖွင့်ပွဲကို ဒီဇင်ဘာ ၃ ရက်နေ့ ည ၈ နာရီက စင်ကာပူမိုးလုံလေလုံအားကစားရုံတွင် ကျင်းပခဲ့သည်။ သမ္မတ တိုနီတန်းက ပွဲတော်ကို ဖွင့်လှစ်ပေးခဲ့သည်။
ပိတ်ပွဲ
[ပြင်ဆင်ရန်]၂၀၁၅ အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲ၏ ပိတ်ပွဲကို ဒီဇင်ဘာ ၉ ရက်နေ့ ည ၈ နာရီတွင် မာရီနာဘေးဆန့်တွင် ကျင်းပခဲ့သည်။ ဝန်ကြီးချုပ် လီရှန်လွန်းက အားကစားပွဲတော်ကို ပိတ်သိမ်းပေးခဲ့သည်။ ထို့နောက် ၂၀၁၇ကွာလာလမ်ပူပွဲတော် ကျင်းပမည့် မလေးရှားနိုင်ငံကို အားကစားရေးရာများ လွှဲပြောင်းပေးခဲ့သည်။
ပါဝင်သောနိုင်ငံများ
[ပြင်ဆင်ရန်]
ဘရူနိုင်း (၂၈)
ကမ္ဘောဒီးယား (၃၀)
အင်ဒိုနီးရှား (၁၈၈)
လာအို (၄၀)
မလေးရှား (၁၉၁)
မြန်မာ (၁၀၂)
ဖိလစ်ပိုင် (၆၄)
စင်ကာပူ (၁၅၁)
ထိုင်း (၂၆၀)
ဗီယက်နမ် (၁၂၇)
ပါဝင်ခြင်းမရှိ
- အရှေ့တီမောနိုင်ငံကို အပြည်ပြည်ဆိုင်ရာမသန်စွမ်းအားကစားကော်မတီမှ ဆိုင်းငံ့ထား၍ ၂၀၁၅ အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲတွင် ယှဉ်ပြိင်ရန်မဖြစ်ခဲ့ပေ။[၄][၅][၆]
ပါဝင်သောအားကစားနည်းများ
[ပြင်ဆင်ရန်]၂၀၁၅ အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲတွင် အားကစားနည်းပေါင်း ၁၅ မျိုးကျင်းပနိုင်ခဲ့သည်။
- မြှားပစ်
- ပြေးခုန်ပစ်
- ကြက်တောင်ရိုက်
- ဘော့စီးယား
- ဘိုလင်း
- စစ်တုရင်
- ဘောလုံး(၇ယောက်)
- ဘောလုံး(၅ယောက်)
- မျက်မမြင်ဘောလုံး
- အလေးမ
- ရွက်လှေ
- သေနတ်ပစ်
- ရေကူး
- စားပွဲတင်တင်းနစ်
- ဝှီးချဲဘတ်စကတ်ဘော
ဆုတံဆိပ်ဇယား
[ပြင်ဆင်ရန်]၂၀၁၅ အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲတွင် ရွှေတံဆိပ် ၃၃၆ခု၊ ငွေတံဆိပ် ၃၂၄ ခု၊ ကြေးတံဆိပ် ၃၂၁ ခု၊ စုစုပေါင်းဆုတံဆိပ် ၉၈၁ ခု ချီးမြှင့်နိုင်ခဲ့သည်။
- Key
* အိမ်ရှင်နိုင်ငံ
| အဆင့် | NPC | ရွှေ | ငွေ | ကြေး | စုစုပေါင်း |
|---|---|---|---|---|---|
| ၁ | ၉၅ | ၇၆ | ၇၉ | ၂၅၀ | |
| ၂ | ၈၁ | ၇၄ | ၆၃ | ၂၁၈ | |
| ၃ | ၅၂ | ၅၈ | ၃၇ | ၁၄၇ | |
| ၄ | ၄၈ | ၅၈ | ၅၀ | ၁၅၆ | |
| ၅ | ၂၄ | ၁၇ | ၂၂ | ၆၃ | |
| ၆ | ၁၆ | ၁၇ | ၂၉ | ၆၂ | |
| ၇ | ၁၆ | ၁၇ | ၂၆ | ၅၉ | |
| ၈ | ၃ | ၃ | ၆ | ၁၂ | |
| ၉ | ၁ | ၂ | ၆ | ၉ | |
| ၁၀ | ၀ | ၂ | ၃ | ၅ | |
| Total (10 NPCs) | ၃၃၆ | ၃၂၄ | ၃၂၁ | ၉၈၁ | |
ဆက်စပ်ကြည့်ရှုရန်
[ပြင်ဆင်ရန်]ကိုးကား
[ပြင်ဆင်ရန်]- ↑ Official Website Opening Ceremony Gallery။ Official Website (December 3, 2015)။ 22 December 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ January 3, 2016 တွင် ပြန်စစ်ပြီး။
- ↑ Grit Determination Take Spotlight Para Games Kick။ Today Online (December 3, 2015)။ 4 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ January 4, 2016 တွင် ပြန်စစ်ပြီး။
- ↑ ASEAN Para Games Opening Ceremony Ticket။ Singapore Sports Hub (December 1, 2015)။ 5 December 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ December 1, 2015 တွင် ပြန်စစ်ပြီး။
- ↑ "Timor Leste excluded from 8th ASEAN Para Games"၊ Channel NewsAsia၊ MediaCorp News Group၊ 24 November 2015။ 24 November 2015 တွင် ပြန်စစ်ပြီး။ Archived from the original on 4 March 2016။
- ↑ Asean Para Games: Timor Leste excluded from Dec 3-9 event due to suspension by IPC။
- ↑ Timor Leste excluded due to IPC suspension။
