၂၀၁၅ အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲ

ဝီကီပီးဒီးယား မှ
အဌမအကြိမ် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲ
VIII ASEAN Para Games
ကျင်းပရာမြို့စင်ကာပူနိုင်ငံစင်ကာပူ
ဆောင်ပုဒ်Celebrate the Extraordinary
ပါဝင်သော နိုင်ငံများ၁၀
ပါဝင်ဆင်နွဲသော အားကစားသမားများ၁၁၈၁
ကစားပွဲအမျိုးအစား၃၃၆(၁၅မျိုး)
ဖွင့်ပွဲအခမ်းအနား၃ ဒီဇင်ဘာ
ပိတ်ပွဲအခမ်းအနား၉ ဒီဇင်ဘာ
တရားဝင်ဖွင့်လှစ်ပေးခဲ့သူသမ္မတတိုနီတန်း
Athlete's OathYong Phen Chong Thomas[၁]
Judge's OathLanny Kwok Ping Ping
Torch LighterYip Pin Xiu
Tay Wei Ming
Gan Kai Hong Aloysius[၂]
အဓိကအားကစားကွင်းစင်ကာပူမိုးလုံလေလုံအားကစားကွင်း[၃]
ဝက်ဘ်ဆိုဒ်2015 ASEAN Para Games
၂၀၁၄ ၂၀၁၇  >

၂၀၁၅ အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲသည် စင်ကာပူတွင် ဒီဇင်ဘာ ၃ ရက်မှ ၉ ရက်အထိ ကျင်းပသော အဌမအကြိမ် အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲ ဖြစ်သည်။ စင်ကာပူနိုင်ငံအနေဖြင့် ပထမဆုံး လက်ခံကျင်းပခြင်းဖြစ်ပြီး ၂၀၁၅စင်ကာပူဆီးဂိမ်း အပြီး ၆ လအကြာတွင် ကျင်းပခဲ့သည်။ မလေးရှား၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ထိုင်း၊ အင်ဒိုနီးရှားနှင့် မြန်မာတို့အပြီး သတ္တမမြောက် အိမ်ရှင်နိုင်ငံဖြစ်သည်။

အရှေ့တောင်အာရှ ၁၁ နိုင်ငံမှ အားကစားသမား ၁၈၁၁ ဦးမှ အားကစားနည်း ၁၅ မျိုးတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ ထိုင်း၊ အင်ဒိုနီးရှားနှင့် မလေးရှားတို့က ပထမ၊ ဒုတိယနှင့် တတိယရရှိခဲ့သည်။

လက်ခံကျင်းပခြင်း[ပြင်ဆင်ရန်]

စင်ကာပူနိုင်ငံသည် ၂၀၀၇နှင့် ၂၀၁၃ ဆီးဂိမ်းများကို လက်ခံကျင်းပရန် အခွင့်အရေးရရှိခဲ့သော်လည်း အားကစားကွင်းများ ဆောက်လုပ်ရန်ရှိသဖြင့် ၂၀၁၅ဆီးဂိမ်းကိုသာ လက်ခံကျင်းပခဲ့သည်။ ထို့အတွက် ၂၀၁၅ ပါရာဂိမ်းမှသာ လက်ခံကျင်းပနိုင်ခဲ့သည်။

စင်ကာပူ အာဆီယံပါရာဂိမ်း ကျင်းပရေးဦးစီးကော်မတီကို ဖွဲ့စည်းခဲ့သည်။

ကွင်းများ[ပြင်ဆင်ရန်]

စင်ကာပူ အမျိုးသားအားကစားကွင်း

၂၀၁၅ အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲကို နေရာ ၈၁၄ နေရာတွင်ကျင်းပခဲ့သည်။

Nation Competition Venue Sports
စင်ကာပူ Singapore Sports Hub
စင်ကာပူ အမျိုးသားအားကစားကွင်း Athletics, Football 7-a-side
Singapore Indoor Stadium Wheelchair basketball, Opening ceremony
OCBC Arena Hall 1 Table tennis
OCBC Arena Hall 2 Badminton
OCBC Arena Hall 3 Boccia
OCBC Arena Hall 4 Chess
OCBC Aquatics Centre Swimming
Marina Bay Sands
Marina Bay Sands Hall B Football 5-a-side, Powerlifting
Marina Bay Sands Hall D Goalball
Marina Bay Sands Ballroom Closing ceremony
Other
Marina Bay Sailing
SAFRA Yishun Shooting
Temasek Club Bowling
Kallang Cricket Field Archery

ပြိုင်ပွဲအထိမ်းအမှတ်များ[ပြင်ဆင်ရန်]

အထိမ်းအမှတ်တံဆိပ်[ပြင်ဆင်ရန်]

၂၀၁၅ အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲ၏ အထိမ်းအမှတ်တံဆိပ်မှာ ၂၀၁၅ ဆီးဂိမ်းကဲ့သို့ ဆွဲထားသည်။ လူ ၃ ယောက်၏လက်မောင်းများမှာ အချင်းချင်းဆက်သွယ်ထားပြီး အသည်းပုံစံဖြစ်နေသည်။ နိုင်ငံတကာ မသန်စွမ်းလှုပ်ရှားမှုများ၏ အနှစ်သာရ ဖြစ်သည်။

လာဘ်ကောင်[ပြင်ဆင်ရန်]

၂၀၁၅ အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲ၏ လာဘ်ကောင်မှာ နီလာ ဆိုသော ခြင်္သေ့ဖြစ်သည်။

ပွဲများနှင့်အားကစား[ပြင်ဆင်ရန်]

ဖွင့်ပွဲ[ပြင်ဆင်ရန်]

၂၀၁၅ အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲ၏ ဖွင့်ပွဲကို ဒီဇင်ဘာ ၃ ရက်နေ့ ည ၈ နာရီက စင်ကာပူမိုးလုံလေလုံအားကစားရုံတွင် ကျင်းပခဲ့သည်။ သမ္မတ တိုနီတန်းက ပွဲတော်ကို ဖွင့်လှစ်ပေးခဲ့သည်။

ပိတ်ပွဲ[ပြင်ဆင်ရန်]

၂၀၁၅ အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲ၏ ပိတ်ပွဲကို ဒီဇင်ဘာ ၉ ရက်နေ့ ည ၈ နာရီတွင် မာရီနာဘေးဆန့်တွင် ကျင်းပခဲ့သည်။ ဝန်ကြီးချုပ် လီရှန်လွန်းက အားကစားပွဲတော်ကို ပိတ်သိမ်းပေးခဲ့သည်။ ထို့နောက် ၂၀၁၇ကွာလာလမ်ပူပွဲတော် ကျင်းပမည့် မလေးရှားနိုင်ငံကို အားကစားရေးရာများ လွှဲပြောင်းပေးခဲ့သည်။

ပါဝင်သောနိုင်ငံများ[ပြင်ဆင်ရန်]

ပါဝင်ခြင်းမရှိ

  • အရှေ့တီမောနိုင်ငံကို အပြည်ပြည်ဆိုင်ရာမသန်စွမ်းအားကစားကော်မတီမှ ဆိုင်းငံ့ထား၍ ၂၀၁၅ အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲတွင် ယှဉ်ပြိင်ရန်မဖြစ်ခဲ့ပေ။[၄][၅][၆]

ပါဝင်သောအားကစားနည်းများ[ပြင်ဆင်ရန်]

၂၀၁၅ အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲတွင် အားကစားနည်းပေါင်း ၁၅ မျိုးကျင်းပနိုင်ခဲ့သည်။

  • မြှားပစ်
  • ပြေးခုန်ပစ်
  • ကြက်တောင်ရိုက်
  • ဘော့စီးယား
  • ဘိုလင်း
  • စစ်တုရင်
  • ဘောလုံး(၇ယောက်)
  • ဘောလုံး(၅ယောက်)
  • မျက်မမြင်ဘောလုံး
  • အလေးမ
  • ရွက်လှေ
  • သေနတ်ပစ်
  • ရေကူး
  • စားပွဲတင်တင်းနစ်
  • ဝှီးချဲဘတ်စကတ်ဘော

ဆုတံဆိပ်ဇယား[ပြင်ဆင်ရန်]

၂၀၁၅ အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲတွင် ရွှေတံဆိပ် ၃၃၆ခု၊ ငွေတံဆိပ် ၃၂၄ ခု၊ ကြေးတံဆိပ် ၃၂၁ ခု၊ စုစုပေါင်းဆုတံဆိပ် ၉၈၁ ခု ချီးမြှင့်နိုင်ခဲ့သည်။

Key

  *   အိမ်ရှင်နိုင်ငံ

2015 ASEAN Para Games medal table
 အဆင့်  NPC ရွှေ ငွေ ကြေး စုစုပေါင်း
 ထိုင်း ၉၅ ၇၆ ၇၉ ၂၅၀
 အင်ဒိုနီးရှား ၈၁ ၇၄ ၆၃ ၂၁၈
 မလေးရှား ၅၂ ၅၈ ၃၇ ၁၄၇
 ဗီယက်နမ် ၄၈ ၅၈ ၅၀ ၁၅၆
 စင်ကာပူ* ၂၄ ၁၇ ၂၂ ၆၃
 မြန်မာ ၁၆ ၁၇ ၂၉ ၆၂
 ဖိလစ်ပိုင် ၁၆ ၁၇ ၂၆ ၅၉
 ဘရူနိုင်း ၁၂
 ကမ္ဘောဒီးယား
၁၀  လာအို
Total (10 NPCs) ၃၃၆ ၃၂၄ ၃၂၁ ၉၈၁

ဆက်စပ်ကြည့်ရှုရန်[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. Official Website Opening Ceremony Gallery။ Official Website (December 3, 2015)။ 22 December 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ January 3, 2016 တွင် ပြန်စစ်ပြီး။
  2. Grit Determination Take Spotlight Para Games Kick။ Today Online (December 3, 2015)။ 4 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ January 4, 2016 တွင် ပြန်စစ်ပြီး။
  3. ASEAN Para Games Opening Ceremony TicketSingapore Sports Hub (December 1, 2015)။ 5 December 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ December 1, 2015 တွင် ပြန်စစ်ပြီး။
  4. "Timor Leste excluded from 8th ASEAN Para Games"၊ Channel NewsAsia၊ MediaCorp News Group၊ 24 November 2015။ 24 November 2015 တွင် ပြန်စစ်ပြီး။ Archived from the original on 4 March 2016။ 
  5. Asean Para Games: Timor Leste excluded from Dec 3-9 event due to suspension by IPC
  6. Timor Leste excluded due to IPC suspension