နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်နည်းဥပဒေများ

ဝီကီပီးဒီးယား မှ

နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်နည်းဥပဒေများသည် ၂၀၁၀ခုနှစ် ​အောက်တိုဘာလ၂၁ရက်​နေ့က နိုင်ငံ​တော်​အေးချမ်းသာယာ​ရေးနှင့် ဖွံ့ဖြိုး​ရေး​ကောင်စီ အတွင်း​ရေးမှူး(၁) သီဟသူရတင်​အောင်မြင့်ဦးမှ လက်မှတ်​ရေးထိုး ထုတ်ပြန်လိုက်​သော နည်းဥပ​​ဒေများဖြစ်သည်။ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်မှတ်​ရေးထိုးကာ ပြဋ္ဌာန်းလိုက်​သော နိုင်ငံ​တော်အထိမ်းအမှတ်တံဆိပ်ဥပ​ဒေနှင့်အတူ ထုတ်ပြန်ထားခြင်းဖြစ်သည်။ နိုင်ငံ​တော်အထိမ်းအမှတ်တံဆိပ်ကို အသုံးပြုခြင်းနှင့် စပ်လျဉ်း၍ နည်းလမ်းတကျဖြစ်​စေရန် နိုင်ငံ​တော်အထိမ်းအမှတ်တံဆိပ်ဥပ​​​ဒေပါ လုပ်ပိုင်ခွင့်နှင့်အညီ ထုတ်ပြန်ထား​​သော နည်းဥပ​ဒေများဖြစ်သည်။[၁]

အခန်း (၁)[ပြင်ဆင်ရန်]

အမည်နှင့် အဓိပ္ပာယ် ဖော်ပြချက်[ပြင်ဆင်ရန်]

၁။ ဤနည်းဥပ​ဒေများကို နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်နည်းဥပဒေများဟု ​ခေါ်တွင်​​စေရမည်။

၂။ ဤနည်းပ​ဒေများတွင် ပါရှိ​သော စကားရပ်များသည် နိုင်ငံ​တော်အထိမ်းအမှတ်တံဆိပ်ဥပ​ဒေတွင် ပါရှိသည့်အတိုင်း အဓိပ္ပာယ် သက်​ရောက်​စေရမည်။

အခန်း (၂)[ပြင်ဆင်ရန်]

နိုင်ငံ​တော်အထိမ်းအမှတ်တံတိပ်ကို အသုံးပြုခြင်းဆိုင်ရာ သတ်မှတ်ချက်များ[ပြင်ဆင်ရန်]

၃။ နိုင်ငံ​​တော်အထိမ်းအမှတ်တံဆိပ်ကို-

  • (က) နိုင်ငံ​တော်သမ္မတရုံးအ​ဆောက်အအုံ၌ တပ်ဆင်အသုံးပြုနိုင်သည်။
  • (ခ) နိုင်ငံ​တော်သမ္မတ စီးနင်းလိုက်ပါလာ​သော ယာဉ်များ၌ အသုံးပြုနိုင်သည်။
  • (ဂ) ပြည်​ထောင်စုလွှတ်​တော်ပြည်သူ့လွှတ်​တော်နှင့် အမျိုးသားလွှတ်​တော်အ​ဆောက်အအုံများ၊ပြည်​ထောင်စုအဆင့်အဖွဲ့အစည်း၏ရုံးများ၊တိုင်း​ဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်​တော်အ​ဆောက်အအုံများတိုင်း​ဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် အဖွဲ့အစည်း၏ရုံးများ၊​နေပြည်​တော်​ကောင်စီရုံး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ​ဒေသဦးစီးအဖွဲ့ရုံးများတွင် တပ်ဆင်အသုံးပြုနိုင်သည်။
  • (ဃ) ဝန်ကြီးဌာနအသီးသီးနှင့် ယင်း၏လက်​အောက်ရှိ ဝန်ထမ်းရုံးအဆင့်ဆင့်တွင်လည်း​ကောင်း၊တရားရုံးအဆင့်ဆင့်တွင်လည်း​ကောင်း၊ပြည်​ထောင်စုအစိုးရအဖွဲ့မှ တပ်ဆင်ရန်ခွင့်ပြုထား​သော ဌာန၊အဖွဲ့အစည်းများ၏ ရုံးများတွင်လည်း​ကောင်း တပ်ဆင်အသုံးပြုနိုင်သည်။
  • (င) ပြည်​ထောင်စုသမ္မတမြန်မာနိုင်ငံ၏ သံရုံးများ၊ အမြဲတမ်းကိုယ်စားလှယ်ရုံးများနှင့် အဆင့်ဆင့်​သော ​ကောင်စစ်ဝန်ရုံးများတွင် တပ်ဆင်အသုံးပြုနိုင်သည်။
  • (စ) နိုင်ငံ​တော်ဧည့်ခံအခမ်းအနားများနှင့် နိုင်ငံ​တော်ကို ကိုယ်စားပြု​​သောပုဂ္ဂိုလ်များက ပြုလုပ်​သောအခမ်းအနားများတွင် အသုံးပြု​သော ပစ္စည်းများတွင် ရိုက်နှိပ်၍ အသုံးပြုနိုင်သည်။
  • (ဆ) နိုင်ငံ​တော်ထုတ်​​ငွေစက္ကူနှင့် တံဆိပ်​ခေါင်းများတွင် ရိုက်နှိပ်၍အသုံးပြုနိုင်သည်။
  • (ဇ) နိုင်ငံ​တော်သမ္မတကခွင့်ပြု​ထားသော အဖွဲ့အစည်းများနှင့် ကာကွယ်​ရေးဝန်ကြီးဌာန၏ ကွပ်ကဲမှုလက်​အောက်ရှိ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ၏ ဝန်ထမ်းအဆင့်အတန်းနှင့် စပ်လျဉ်း၍လည်း​ကောင်း၊ယင်းဝန်ထမ်းများ၏ ဝတ်စားဆင်ယင်မှုနှင့် စပ်လျဉ်း၍လည်း​ကောင်း အသုံးပြုနိုင်သည်။
  • (ဈ) ပြည်​ထောင်စုလွှတ်​တော်၊ ပြည်သူ့လွှတ်​တော်၊အမျိုးသားလွှတ်​တော်၊တိုင်း​ဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်​တော်၊ပြည်​ထောင်စုအဆင့်အဖွဲ့အစည်းများ၊တိုင်း​ဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် အဖွဲ့အစည်းများ၊​နေပြည်​တော်​ကောင်စီ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ​ဒေသဦးစီးအဖွဲ့များနှင့် ပြည်​ထောင်စုအစိုးရမှခွင့်ပြုထား​သော ဌာန၊အဖွဲ့အစည်းများ၏ ရုံးသုံးစာရွက်စာတမ်းများ​ပေါ်တွင် ရိုက်နှိပ်အသုံးပြုနိုင်သည်။
  • (ည) နိုင်ငံ​တော်အစည်းအ​ဝေးများနှင့် အခမ်းအနားများတွင် အသုံးပြုနိုင်သည်။[၁]

အခန်း (၃)[ပြင်ဆင်ရန်]

အ​ထွေ​ထွေ[ပြင်ဆင်ရန်]

နိုင်ငံ​တော်အထိမ်းအမှတ်တံဆိပ်နည်းဥပ​ဒေများ (၁၉၇၄ခုနှစ် ပြည်သူ့လွှတ်​တော်နည်းဥပ​ဒေများ အမှတ်၂)ကို ဤနည်းဥပ​ဒေဖြင့် ရုပ်သိမ်းလိုက်သည်။

(ပုံ) သီဟသူရတင်​အောင်မြင့်ဦး
အတွင်း​ရေးမှူး (၁)
နိုင်ငံ​တော်​အေးချမ်းသာယာ​ရေးနင့်ဖွံ့ဖြိုး​ရေး​ကောင်စီ

ကိုးကား[ပြင်ဆင်ရန်]