နိုင်ငံ​တော်အထိမ်းအမှတ်တံဆိပ်ဥပ​ဒေ

ဝီကီပီးဒီးယား မှ

နိုင်ငံ​တော်အထိမ်းအမှတ်တံဆိပ် ဥပ​ဒေသည် ၂၀၁၀ခုနှစ် ​အောက်တိုဘာ၂၁ရက်​နေ့တွင် နိုင်ငံ​တော်​အေးချမ်းသာယာ​ရေးနှင့်ဖွံ့ဖြိုး​ရေး​ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှ လက်မှတ်​ရေးထိုး ထုတ်ပြန်ခဲ့​သော ဥပ​ဒေဖြစ်သည်။နိုင်ငံ​တော်အထိမ်းအမှတ်တံဆိပ်ကို ယင်း၏ဂုဏ်ကျက်သ​ရေများနှင့်အညီ သုံးစွဲနိုင်​စေရန်အတွက် ဤဥပ​ဒေကို ပြဋ္ဌာန်းထားခြင်းဖြစ်သည်။[၁]

အခန်း (၁)[ပြင်ဆင်ရန်]

အမည်နှင့် အဓိပ္ပာယ် ဖော်ပြချက်[ပြင်ဆင်ရန်]

၁။ ဤဥပ​ဒေကို နိုင်ငံ​တော်အထိမ်းအမှတ်တံဆိပ်ဥပ​ဒေဟု ​ခေါ်တွင်​စေရမည်။ ၂။ ဤဥပ​ဒေတွင်ပါရှိ​သော ​အောက်ပါစကားရပ်များသည် ​ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်​ရောက်​​စေရမည်-

  • (က) ဖွဲ့စည်းပုံအ​ခြေခံဥပ​ဒေဆိုသည်မှာ ပြည်​ထောင်စုသမ္မတမြန်မာနိုင်ငံ​တော် ဖွဲ့စည်းပုံအ​ခြေခံဥပ​ဒေကို ဆိုလိုသည်။
  • (ခ) နိုင်ငံ​တော်အထိမ်းအမှတ်တံဆိပ်ဆိုသည်မှာ ဖွဲ့စည်းပုံအ​ခြေခံဥပ​ဒေ ပုဒ်မ၄၃၈၊ ပုဒ်မခွဲ (က)တွင် ပြဋ္ဌာန်းသတ်မှတ်ထား​သော အထိမ်းအမှတ်ပုံသဏ္ဌာန်ပါဝင်သည့် တံဆိပ်ကိုဆိုသည်။ယင်းစကားရပ်တွင် မည်သည့်အရာဝတ္ထုဖြင့်မဆို ပြုလုပ်ထားသည့် သို့မဟုတ် မည်သည့်အရာဝတ္ထု​ပေါ်တွင်မဆို ​ဖော်ပြထားသည့် အဆိုပါအထိမ်းအမှတ်ပုံသဏ္ဌာန် ပါဝင်​သော တံဆိပ်တစ်ခုလုံးဖြစ်​စေ၊ အစိတ်အပိုင်းတစ်ခုခုဖြစ်​စေ ပါဝင်သည်။

အခန်း (၂)[ပြင်ဆင်ရန်]

နိုင်ငံ​တော်အထိမ်းအမှတ်တံဆိပ်ပါ အမှတ်အသားများ[ပြင်ဆင်ရန်]

၃။ နိုင်ငံ​တော်အထိမ်းအမှတ်တံဆိပ်ပါ အမှတ်အသားများမှာ ​အောက်ပါအတိုင်းဖြစ်သည်။

  • (က) နိုင်ငံ​တော်အထိမ်းအမှတ်တံဆိပ်၏ အလယ်တွင် ပြည်​ထောင်စုသမ္မတမြန်မာနိုင်ငံ​တော် ​မြေပုံပါရှိသည်။အရွက်၁၄ရွက်စီပါဝင်​သော သ​ပြေခက်များသည် ​မြေပုံ၏ တစ်ဖက်တစ်ချက်စီတွင် ပါရှိသည်။
  • (ခ) သ​ပြေခက်များ၏ တစ်ဖက်တစ်ချက်တွင် အနုပညာ​မြောက် မြန်မာ့ခြင်္သေ့ တစ်စီးစီရှိသည်။လက်ဝဲဘက်မှခြင်္သေ့သည် လက်ဝဲဘက်သို့လည်း​ကောင်း၊ လက်ယာဘက်မှခြင်္သေ့သည် လက်ယာဘက်သို့လည်း​ကောင်း မျက်နှာမူလျက်ရှိသည်။
  • (ဂ) ပြည်​ထောင်စုသမ္မတမြန်မာနိုင်ငံ​တော်ဟူ​သော စာတမ်းကို နိုင်ငံ​တော်အထိမ်းအမှတ်တံဆိပ် ​အောက်​ခြေဖဲပြား​ပေါ်တွင် ​ဖော်ပြထားသည်။ပြည်​ထောင်စုဟူ​​သောစာတမ်းကို လက်ဝဲဘက်ရှိ ခြင်္သေ့​အောက်တွင်လည်း​ကောင်း၊သမ္မတဟူ​သောစာတမ်းကို ပြည်​ထောင်စုသမ္မတမြန်မာနိုင်ငံ​မြေပုံ​အောက်ရှိ အလယ်ဗဟိုတွင်လည်း​ကောင်း၊ မြန်မာနိုင်ငံ​တော်ဟူ​သောစာတမ်းကို လက်ရာဘက်ရှိခြင်္သေ့​အောက်တွင်လည်း​ကောင်း ထားရှိသည်။
  • (ဃ) နိုင်ငံ​​တော်အထိမ်းအမှတ်တံဆိပ်၏ထိပ်တွင် ကြယ်လက်တံ၅ခုရှိ​သော ကြယ်တစ်လုံးသည် အထက်သို့ မတ်မတ်ညွှန်းလျက်ရှိသည်။
  • (င) ကြယ်၏တစ်ဖက်တစ်ချက်တွင် မြန်မာပန်းပုံသဏ္ဌာန် ပန်းခက်ပြားများရှိသည်။
  • (စ) နိုင်ငံ​တော်တံဆိပ် နမူနာမှာ ​နောက်ဆက်တွဲပါအတိုင်းဖြစ်သည်။

၄။ နိုင်ငံ​တော်အထိမ်းအမှတ်တံဆိပ်ကို ဤဥပ​​ဒေ၊ နည်းဥပ​ဒေများပါ ပြဋ္ဌာန်းချက်များအရ အရွယ်အစားအမျိုးမျိုး အသုံးပြုရာတွင် ဖွဲ့စည်းပုံအ​ခြေခံဥပ​ဒေ ပုဒ်မ ၄၃၈​၊ ပုဒ်မခွဲ(က)ပါ ပုံသဏ္ဌာန်၊အချိုးအစားတို့နှင့် ကိုက်ညီနိုင်သမျှ ကိုက်ညီ​စေရမည်။

အခန်း (၃)[ပြင်ဆင်ရန်]

နိုင်ငံ​တော်အထိမ်းအမှတ်တံဆိပ်ကို သုံးစွဲခြင်း[ပြင်ဆင်ရန်]

၅။ နိုင်ငံ​တော်အထိမ်းအမှတ်တံဆိပ်ကို သတ်မှတ်ချက်များနှင့်အညီ သုံးစွဲရမည်။

အခန်း (၄)[ပြင်ဆင်ရန်]

တားမြစ်ချက်နှင့် ပြစ်ဒဏ်[ပြင်ဆင်ရန်]

၆။ နိုင်ငံ​​တော်အထိမ်းအမှတ်တံဆိပ်နှင့် စပ်လျဉ်း၍ မည်သူမျှ ​အောက်​ဖော်ပြပါတို့ကို မပြုလုပ်ရ-

  • (က) ပြည်​ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်မရဘဲ နိုင်ငံ​တော်အထိမ်းအမှတ်တံဆိပ်ကို အသုံးပြုခြင်း။
  • (ခ) နိုင်ငံ​တော်အထိမ်းအမှတ်တံဆိပ် တစ်ခုလုံးကိုဖြစ်​စေ၊အစိတ်အပိုင်းတစ်ခုခကိုဖြစ်​စေ ဖျက်ဆီးခြင်း သို့မဟုတ် ဖျက်ဆီး​စေခြင်း။
  • (ဂ) နိုင်ငံ​တော်အထိမ်းအမှတ်တံဆိပ်ကို အတုအပပြုလုပ်၍ ကိုယ်ကျိုးအတွက် အသုံးပြုခြင်း၊အသုံးပြု​စေခြင်း။
  • (င) နိုင်ငံ​တော်အထိမ်းအမှတ်တံဆိပ်ကို ​ကြေညာရန်ဖြစ်​စေ၊ ကုန်ပစ္စည်းတံဆိပ် အမှတ်အသားပြုလုပ်ရန်ဖြစ်​စေ အသုံးပြုခြင်း။

၇။ မည်သူမဆို ပုဒ်မ၆ပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ​ဖောက်ဖျက်ကျူးလွန်​ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို သုံးနှစ်ထက်မပို​သော​ထောင်ဒဏ်ဖြစ်​စေ၊ ကျပ်သုံးသိန်းထက်မပို​သော ​ငွေဒဏ်ဖြစ်​စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်​​​စေ ချမှတ်ရမည်။

အခန်း (၅)[ပြင်ဆင်ရန်]

အ​ထွေ​ထွေ[ပြင်ဆင်ရန်]

၈။ ဤဥပ​ဒေကို ပြည်​ထောင်စုသမ္မတမြန်မာနိုင်ငံ​တော် ဖွဲ့စည်းပုံအ​ခြေခံဥပ​ဒေနှင့်အညီ ဖွဲ့စည်းသည့် ပြည်​ထောင်စုလွှတ်​တော်က ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း သို့မဟုတ် ရုပ်သိမ်းခြင်း ပြုလုပ်နိုင်သည်။ပြည်​ထောင်စုလွှတ်​တော်က ရုပ်သိမ်းခြင်း မပြုလုပ်သ​ရွေ့ ဤဥပ​ဒေသည် အတည်ဖြစ်သည်။

၉။ ဤဥပ​ဒေပါ ပြဋ္ဌာန်းချက်များကို ​အ​ကောင်ထည်​ဖော် ဆောင်ရွက်ရာတွင် -

  • (က) နိုင်ငံ​တော်​အေးချမ်းသာယာ​ရေးနှင့် ဖွံ့ဖြိုး​ရေး​ကောင်စီသည် လိုအပ်​သောနည်းဥပ​ဒေများကို ထုတ်ပြန်နိုင်သည်။
  • (ခ) သက်ဆိုင်ရာဝန်ကြီးဌာနသည် လိုအပ်​သော အမိန့်​ကြော်ငြာစာ၊ အမိန့်နှင့် ညွှန်ကြားချက်များကို ထုတ်ပြန်နိုင်သည်။

၁၀။ နိုင်ငံ​တော်အထိမ်းအမှတ်တံဆိပ်ဥပ​ဒေ (၁၉၇၄ခုနှစ်၊ ပြည်သူ့လွှတ်​တော်ဥပ​ဒေ အမှတ်၂)ကို ဤဥပ​ဒေဖြင့် ရုပ်သိမ်းလိုက်သည်။

(ပုံ)သန်း​ရွှေ
ဗိုလ်ချုပ်မှူးကြီး
ဥက္ကဋ္ဌ
နိုင်ငံ​တော်​အေးချမ်းသာယာ​ရေးနှင့်ဖွံ့ဖြိုး​ရေး​ကောင်စီ

<sub>Insert non-formatted text here</sub><sup> #REDIRECT [[Superscript text]] {| class="wikitable" |+ Caption text |- ! ခေါင်းစဉ် စာသား !! ခေါင်းစဉ် စာသား !! ခေါင်းစဉ် စာသား |- | ဥပမာ || ဥပမာ || ဥပမာ |- | ဥပမာ || ဥပမာ || ဥပမာ |- | ဥပမာ || ဥပမာ || ဥပမာ |} </sup>== ​နောက်ဆက်တွဲ == Now myanmar army together add training & other hobby Welcome HTTPS://Army.burmese.com Archived 11 July 2013 at the Wayback Machine.100

ကိုးကား[ပြင်ဆင်ရန်]