နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေ
| နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေကိုပြင်ဆင်သည့်ဥပဒေ | |
|---|---|
| အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ | |
အမည် အပြည့်အစုံ
| |
| Territorial extent | မြန်မာ |
| ထုတ်ပြန်ခြင်း | ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက် |
| Assented to | ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက် |
| Commenced | ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက် |
| Repeals | |
| နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေ (၂၀၁၀) | |
မြန်မာ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေသည် သုံးကြိမ် ပြင်ဆင်တိုးတက်ခဲ့သည်။ ၁၉၇၄ ခုနှစ်တွင် ပထမဥပဒေအား ဆိုရှယ်လစ်သမ္မတနိုင်ငံ အုပ်ချုပ်မှုရေးစနစ်ပေါ်ပေါက်လာပြီးနောက် ပြဋ္ဌာန်းခဲ့သည်။ ၂၀၁၀ ခုနှစ်တွင် အသစ်ပြန်လည်ထုတ်ပြန်ပြီး ၁၉၇၄ ခုနှစ်ဥပဒေကို ရုပ်သိမ်းခဲ့သည်။ နောက်ဆုံးအဖြစ် ၂၀၂၅ ခုနှစ် ဩဂုတ်လတွင် ပြင်ဆင်ခြင်းအနည်းငယ်ပြုလုပ်ခဲ့သည်။[၁]
သမိုင်း
[ပြင်ဆင်ရန်]| ဥပဒေအမည် | ဥပဒေအမှတ် | ပြဋ္ဌာန်းသူ | |
|---|---|---|---|
| ၁။ | နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေ | ၁၉၇၄ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဥပဒေအမှတ် ၂။ | ပြည်သူ့လွှတ်တော်၊ နိုင်ငံတော်ကောင်စီ |
| ၂။ | နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေ | နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီဥပဒေအမှတ် ၉/၂၀၁၀ | နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ |
| ၃။ | နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေကို ပြင်ဆင်သည့် ဥပဒေ | အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဥပဒေအမှတ် ၂/၂၀၂၅ | အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ |
၁၉၇၄ ဥပဒေ
[ပြင်ဆင်ရန်]ပြည်သူ့လွှတ်တော်တွင်ဆွေးနွေးအတည်ပြုပြီးခဲ့သည့် နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေ (အင်္ဂလိပ်: State Seal Law) ကို နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်နည်းဥပဒေများ (အင်္ဂလိပ်: State Seal Rules) နှင့်အတူ နိုင်ငံတော်ကောင်စီက ၁၉၇၄ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် ထုတ်ပြန်ပြဋ္ဌာန်းခဲ့သည်။.[၂][၃]
၂၀၁၀ ဥပဒေ
[ပြင်ဆင်ရန်]၂၀၁၀ ပြည့်နှစ် အောက်တိုဘာလ ၂၁ ရက်နေ့တွင်, နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ (နအဖ) သည် နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေ[၄] (အင်္ဂလိပ်: State Seal Law၊[၅] Union Seal Law[၆] ဟုလည်း ဘာသာပြန်သည်) ကို နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်နည်းဥပဒေများ[၇] အင်္ဂလိပ်: State Seal Rules[၅] နှင့်အတူ ပြဋ္ဌာန်းခဲ့သည်။
၂၀၂၅ ခုနှစ် ပြင်ဆင်ချက်
[ပြင်ဆင်ရန်]၂၀၂၅ ခုနှစ် ဩဂုတ်လ ၁၁ ရက်နေ့တွင် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ မှ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေကိုပြင်ဆင်သည့်ဥပဒေ ကို ထုတ်ပြန်ပြဋ္ဌာန်းခဲ့သည်။[၈]
အခြားဖတ်ရှုရန်
[ပြင်ဆင်ရန်]ကိုးကား
[ပြင်ဆင်ရန်]- ↑ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေနှင့် နည်းဥပဒေများ။ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန။ 19 February 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
- ↑ "နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေ" [State Seal Law]။ Act of ။ Pyithu Hluttaw။ More than one of
|institution=နှင့်|publisher=specified (အကူအညီ) - ↑ "နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်နည်းဥပဒေများ" [State Seal Rules]။ Act of ။ Pyithu Hluttaw။ More than one of
|institution=နှင့်|publisher=specified (အကူအညီ) - ↑ "နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေ" [State Seal Law]။ Act of ။ State Peace and Development Council။
- 1 2 "State Flag Law, State Seal Law, National Anthem Law, State Flag Rules, State Seal Rules and National Anthem Rules issued"၊ News and Periodical Enterprise, Ministry of Information, Union of Myanmar၊ 22 October 2010။
- ↑ "The Union Seal Law"။ Act of (အင်္ဂလိပ်ဘာသာစကားဖြင့်)။ State Peace and Development Council။
- ↑ "နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်နည်းဥပဒေများ" [State Seal Rules]။ Act of ။ State Peace and Development Council။
- ↑ "နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေကို ပြင်ဆင်သည့်ဥပဒေပြဋ္ဌာန်း"၊ Myawady Webportal၊ 12 August 2025။
| ဤ မြန်မာနိုင်ငံဥပဒေနှင့် သက်ဆိုင်သော ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |