ယူနီကွန်း

ဝီကီပီးဒီးယား မှ
ယူနီကွန်း
အိုးရော့(ရှ)

ယူနီကွန်း (သို့) ချိုရှိသောမြင်း (အင်္ဂလိပ်:Unicorn) သည် ဂရိ ရှေးဟောင်းပုံပ​ြင်များအရ ဂရိဘုရင်မီနို (Minos) အတွက် ဆောက်ခဲ့ခြင်းဖြစ်သည်။ မီနိုဘုရင်၏ မိဖုရား ပါစီဖေ (Pasiphae) သည် နတ်နွားတစ်ကောင်ဖြင့် ချစ်က​ြိုက်ခဲ့ပ​ြီး မီနိုတာ (Minotaur) အမည်ရှိသော သတ္တဝါတစ်ကောင်ကို မွေးဖွားခဲ့သည်။ မီနိုတာသည် လူ့ကိုယ်ခန္ဓာနှင့် နွားခေါင်းရှိသော သတ္တဝါဖြစ်သည်။ ဝင်္ကပါပမာ နန်းတော်ကို မီနိုတာသတ္တဝါကြီးအား လျှို့ဝှက်ထားရှိရန် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ မီနိုတာကြီးအား ဘုရင်က သူ၏ ရန်သူကို ကျွေးသည်။ မီနိုတာကို အေသင်မြို့မှ သီးစီးယပ် (Theseus) အမည်ရှိသော ဂရိသူရဲကောင်းက သတ်ပစ်လိုက်သည်။ ခရိကျွန်းသားများသည် နွားများကို ကိုးကွယ်ကြသည်။ နွားထီးကို မျိုးပွားခြင်း၏ သင်္ကေတတစ်ခုအဖြစ်မှတ်ယူကြသည်။ မျိုးပွားမှုမှတစ်ဆင့် တိရစ္ဆာန်များစွာဖြစ်လာသည်။ တိရစ္ဆာန်များခြင်းကြောင့် မွေးမြူရေး၊ စီးပွားရေးများ တိုးတက်လာသည်။ ထို့ကြောင့် နွားထီးများကို ကိုးကွယ်ခြင်းဖြင့် အစာရေစာပေါများခြင်းဖြစ်စေသည်ဟု ယုံကြည်ကြသည်။ ဤအက​ြောင်းကြ​ောင့် သဲကန္တာရထဲ နေထိုင်သော အစ္စရ​ေးလူမျိုးများသည်လည်း ရွှေနွားရုပ်တစ်ခုကို ထုလုပ်၍ ကိုးကွယ်ကြသည်။

ခရိကျွန်းရှိ ဝင်္ကပါပုံစံ နန်းတော်ဟောင်းကို တူးဖော်တွေ့ရှိသော အရိုးတော်တော်များများမှာ နွားအရိုးများဖြစ်ကြသည်။ ယခုခေတ်တွေ့ရှိရသ​ောနွားများ၏ ရှေးက မျိုးဆက်ဖြစ်သော အိုးရော့(ရှ) (auroch) အမည်ရှိသော နွားရိုင်းများဖြစ်သည်။ အိုးရော့(ရှ)ဟူသော ဝေါဟာရသည် ရှေးဂျာမန်စကားဖြစ်ပြီး ရှေးခေတ်နွားထီးဟု အဓိပ္ပာယ်ရသည်။ ၎င်းသည် အရောင်အားဖြင့် အနက်ရောင်ဖြစ်ပြီး သာမန်နွားများထက်ကြီးသည်။ အရပ်အားဖြင့် ခြောက်ပေရှိသည်။ ချိုများသည် ကြီးပြီး အရှ​ေ့သို့ ကွေးထွက်နေသည်။ ခရစ်ယာန်ကျမ်း (Bible) ထဲတွင် အိုးရော့(ရှ) များကို ဟီးဘရူးဘာသာဖြင့် ရီအပ်(re'em)ဟုခေါ်သည်။ အဓိပ္ပာယ်မှာ နွားရိုင်းဖြစ်သည်။ ဤတိရစ္ဆာန်သည် သန်မာပြီးယဉ်အောင်လုပ်၍မရသော တောင်ရိုင်းသတ္တဝါဖြစ်သည်ဟု ဆိုထားသည်။ ဂျိမ်းဘုရင်၏လက်ထက်တွင် ရေးသားပြုစုခဲ့သော ခရစ်ယာန်ကျမ်းစာထဲတွင် ရီအပ်ကို ယူနီကွန်း (unicorn) ဟု မှားယွင်း၍ ဘာသာပြန်ထားသည်။

ယူနီကွန်းသည် ရှေးရိုးရာ ပုံပြင်များထဲတွင် ချိုတစ်ချောင်းဖြင့် မြင်းဖြစ်သည်။ ပုံပြင်အရ ယူနီကွန်းသည် အလွန်စွမ်းသော သတ္တဝါဖြစ်သည်။ သူ့ကိုဖမ်းနိုင်သောနည်းမှာ အပျိုစင်၏ အကူအညီဖြင့်သာ ဖမ်းလို့ရနိုင်သည်။ ထို့ကြောင့် နောက်ဆုံးတွင် အမဲလိုက်သမားတစ်ဦးက အပျိုစင်၏ အကူအညီဖြင့် ယူနီကွန်းကို အမိဖမ်းသွားနိုင်လေသည်။ ရုပ်ကြွင်းများကိုလေ့လာသော သိပ္ပံပညာရှုထောင့်မှပြ​ောရမည်ဆိုလျှင် ယူနီကွန်းသည် မီနိုတာကဲ့သို့သော ပုံပြင်ထဲမှ သတ္တဝါဖြစ်သည်။ ဧကန်တကယ်ရှိသော အထောက်အထားများ မရှိပါ။ ဧကန်တကယ်ရှိခဲ့သော သတ္တဝါမှာ အိုးရော့(ရှ)ဖြစ်သည်။ ၎င်းတို့သည် အလယ်ခေတ်လောက်အထိရှိခဲ့သည်။ နောက်ဆုံးရှိခဲ့သော အိုးရော့(ရှ)သည် ပိုလန်နိုင်ငံတွင်ဖြစ်ပြီး ၁၆၂၇ ခုနှစ်တွင် ကွယ်ပျောက်သွားခဲ့သည်။ ဂျိမ်းဘုရင်လက်ထက်က အိုးရော့(ရှ)ကို ယူနီကွန်းဟု ဘာသာပြန်ထားဆိုထားခြင်းကြောင့် အချို့က တကယ့် ယူနီကွန်းသည် အိုးရော့(ရှ)ဖြစ်၏။ မြင်းမဟုတ်၊ နွားအကြီးဖြစ်၏။ ချိုတစ်ချောင်းတည်းမဟုတ်၊ ချိုနှစ်ချောင်းရှိသည်ဟူ၍ ဆိုကြသည်။

ကိုးကားချက်[ပြင်ဆင်ရန်]

ဒေါက်တာခင်မောင်ဝင်း