သရဖူ

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
ရွှေပါရမီကိုရှေး အိန္ဒိယ, 9th-10 ရာစုနှစ်.

ရှေးမြန်မာမင်းများ၏ အဆင်တန်ဆာတောများအနက်သရ ဖူသည် မကိုဋ်တော်ကဲ့သို့ဦးခေါငိးတော်နှင့်ဆိုင်သည့်အဆင်တန်ဆာ ဟု အချို့ကဆိုကြ၍ အချို့ကမူလည်ရွဲရင်လွှမ်းတန်ဆာမျိုးဖြစ်သည် ်ဟု ယူဆကြသည်။ ရာဇောဝါဒမေတ္တာစာ၊ သမန္တစက္ခုဒီပနီကျမ်း စသည်တို့ကိုပြုစုတော် ်မူခဲ့သော မုံရွေးဇေတဝန်ဆရာတော်ဘုရား ကြီးကပါရမီတော်ခန်းပျို့ အဖြေကျမ်းတွင် ဤသို့ဆိုတော်မူခဲ့သည်။

'သရဖူကို ယခုအခါပညာရှိတို့သည် ဦးခေါင်းတန်ဆာအဝင်သွင်း၍ မကိုဋ်ဘောင်း၊ဦးပေါင်းဦးရစ်ကဲ့သို့ပျို့ကဗျာလင်္ကာရတုစပ်ဆိုကြ၏။ စာဟောင်းစာတမ်းမတွေဖူးချေ။ဦးခေါင်းတန်ဆာမှာလည်း ဘောင်း၊ မကိုဋ်၊ သင်း ကျစ်ဟူ၍သုံးပါးကိုသာတွေ့ဖူးသည်။ သရဖူနှင့်တကွ ွလေးပါးဟူ၍စာဟောင်း စာတမ်းမတွေ့ဘူးချေ။ ရှေးဆရာတို့ပျို့က ဗျာတို့၌လည်း ဦးခေါင်းတန်ဆာ၌ တိုက်ရိုက်ထိထိစပ်သည်ကိုမ တွေ့၊ လည်ရွဲရင်လွှမ်းတန်ဆာ၌သာ ရောရှက်၍စပ်သည်ကိုတွေ့ဖူး ချေသည်။ ဘုံခန်းတွင် ဗီရဏီနတ်သမီး၏အခြွေအရံတို့ဝတ်ဆင် ဟန်ကိုပြရာ၌ 'ရောင်မောင်းပြက်ပြက်၊ဘယက်သရဖူ၊ရွှေခြူသင်တိုင်း၊ ဘယ်နှင့်ခိုင်း၍နှိုင်းရှာပလိမ့်'ဟူ၍လည်းကောင်း၊ ဝေဠရိယနတ်သား ဆင်ဝတ်ဟန် တွင်'မြနားဍောင်းလည်း၊မြက်ကောင်းပြည့် ထူ၊သရဖူ တန်ဆာ၊လည်မှာစလွယ်၊ ဆယ့်ကိုးသွယ်သား၊ ရှုဖွယ်ရောင်ချက် ၊ဗြွံ့အမျက်ထက်'ဟူ၍လည်းကောင်း၊ 'ဝင်လစေမူ၊ ရွက်ထီးဖြူ၍၊ သရဖူလည်မှာ၊ တန်ဆာချစ်ဖွယ်၊ ဘယက်သွယ်နှင့်စံပယ်တင့်မြတ်၊ လွတ်ကြီးလွတ်ကို'ဟူ၍ လည်းကောင်း၊ရွှေဗိမာန်ရှင်နတ်သား၏ အခြွေအရံနတ်သမီးမောင်းမတို့ဆင်ဟန် တို့ကိုဆိုရာ၌ 'တင့်တယ် ်မွေ့လျော်။ ခြွေရံတော်ကို၊မြော်လတုံလည်း၊ တပုံတည်းလျှင်၊စုလည်း ယကင်၊ စီအင်ပြောက်ကွက်၊ ဘယက်သရဖူ ၊ရွှေခြူသင်တိုင်း၊ဆိုင်း ရာရိုင်းလျှင်'စဟူ၍ လည်းကောင်း၊ ဘူရိဒတ်လင်္ကာတွင်ဘူရိဒတ် ်နဂါးမင်းကို နဂါးမတို့ဆင်ယင်၍ခစားဟန်ပြရာ၌ 'ညီလာခစား၊ ထံပါးမကွေ၊ ကိုယ်ကြပ်နေလျက်၊ ရွှေကွန်ယက်နှင့်၊ဘယက်သရဖူ၊ ရွှေခြူရင်လွှမ်း၊ရွှေခြည်မွမ်း၍' ဟူ၍လည်းကောင်း၊ဤသို့စသည်ဖြင့် ရင်လွှမ်းတန်ဆာ၊ လည်ရွဲတန်ဆာစသည်တို့နှင့် အနိီးအပါးပြု၍ စပ်သည်။

ဆုတောင်းခန်းတွင်'ဆန်းကြယ်မွမ်းသား၊ရင်လွှမ်းရွှေခြူ၊သရဖူမကိုဋ်၊ ဦးစိုက်ပန်းခက်၊ ကွက်ရရွတ်တည်း၊ လက်လက်ငြိသား'ဟူ၍ လည်းကောင်း၊ မဂ္ဃစိုးခန်းတွင် 'သုံးမြှောင့်မျက်ရံ၊ ကြာဝတ်ဆံနှင့်၊ အလျှံပြောင်ပြောင်၊ထိပ်ခေါင်လူလူ၊သရဖူတပ်တပ်၊ နပန်ယပ်လည်း' ဟူ၍ လည်းကောင်းဤသို့စသည်ဖြင့် ရင်လွှမ်းတန်ဆာအနီးအပါး ၌စပ်သည်။တိုက်ရိုက်အားဖြင့် ဦးခေါင်းတန်ဆာဖြစ်ကြောင်းကိုမသိ သာလွန်းရှိသည်။

ယင်းသို့ မုံရွေးဆရာတော် ဘုရားကြီး ကိုးကားပြဆိုခဲ့သည်များကို အထောက်အထားပြုသော် သက္ကရာဇ် ၈ဝဝကျော်ခန့်အင်းဝခေတ ်အတွင်းကပေါ်သော စာဟောင်းစာတမ်းများအရ သရဖူကိုုလည်ရွဲရင် လွမ်းတန်ဆာနှင့်တွဲ၍ တစ်မျိုး၊ဦးခေါင်းတန်ဆာဖြစ်သောမကိုဋ်နှင့် တွဲ၍တစ်ဖုံ နှစ်မျိုးနှစ်ဖုံတွေ့ရှိရသောကြောင့် မည်သည့်အဆင်တန် ်ဆာ မျိုးဖြစ်သည်ကိုအတိအကျယူဆရန် ခက်လေသည်။ ရွှေဘုံနိဒါန်း၌မူ ဘောင်းတော်ဆောင်အကြောင်းပြဆိုရာတွင်ဘောင်း တော်၊ သရဖူတော်၊ မကိုဋ်တော်၊ပတ္တမြားဘောင်းတော်၊ နဝရတ် ်ဘောင်းတော်၊ ရွှေသားဘောင်းတော်•များကိုခေါက်တုံပြင်ဆင်ထား ရာဖြစ်၍ ဘောင်းတော်ဆောင်ခေါ်ဝေါ်သမုတ်ကြောင်းဖြင့်ဆိုသည်။ ဘောင်းတော်၊မကိုဋ်တော်စသော ဦးခေါင်းတော်တန်ဆာများတွင် သရဖူတော်ကိုထည့်၍ပြထားသည်ကိုထောက်သော် ထိုခေတ်၌သရဖူ တော်သည်မကိုဋ်တော် ဘောင်းတော်တို့ကဲ့သို့ ဦးခေါင်းတန်ဆာဖြစ် ်ကြောင်းသိသာသည်။

ရန်ကုန်မြို့ အတွင်းဝန်များရုံး ပညာရေးဌာနစာရေးကြီးဦးစံဘက မန္တလေးမြို့တောင်ငူ ကိုးခရိုင်ဝန်မင်း၊ မင်းကြီး မဟာမင်းထင်ရာဇာ ထံ မကိုဋ်တော်၊ သရဖူတော်၊ဥက္ကဋ္ဌ်တော်၊ စည်းပုံတော်၊ ဥသျှောင် တော်များအကြောင်းလျှောက်ထားမေးမြန်းသဖြင့် ဖြေကြားချက်တွင် သရဖူတော်သည်ဘုရင်မင်းဧကရာဇ်မှတစ်ပါး အခြားသူတို့မဆင်ရ သောဦးခေါင်းတန်ဆာမျိုးဖြစ်ကြောင်း ပုံဖြင့်သေချာစွာရေးဆွဲဖော်ပြ ဖြေဆိုခဲ့လေသည်။ ပုံတွင်သရဖူသည် မကိုဋ် တော်ကဲ့သို့ပင်ခေါင်း ဆောင်းတန်ဆာဖြစ်၍ အသေးစိတ်ခြယ်လှယ်ပုံ၌သာခြားနားကြောင်း တွေ့ရသည်။

ထို့ကြောင့်သရဖူသည် ရှေးက လည်ရွှဲရင်းလွှမ်းတန်ဆာကိုပင်ခေါ် ဟန်ရှိသည်။ သက္ကရာဇ် ၈ဝဝကျော်လောက် တွင်မှရင်လွမ်းတန်ဆာ မှ ဦးခေါင်းတန်ဆာအရာသို့ ကူးပြောင်းသည်။ သို့ကူးပြောင်းမှု ကြောင့်လူတို့သည်လည်ရွှဲနှင့်ဦးခေါင်းမကွဲမပြားရောထွေးယှက်တင် ်ရှိသည်။ အင်းဝခေတ်နောက်ပိုင်း၊ သို့မဟုတ်ကုန်းဘောင်ခေတ်တွင် ်မှုကား လည်ရွှဲတန်ဆာလုံးဝပျောက်၍ဦးခေါင်းတန်ဆာအဖြစ့်ကွဲကွဲ ွပြားပြားရောက်လာသည်ဟုအချို့ပညာရှင်တို့က ယူဆကြသည်။ သက္ကရာဇ် ၁၉၂ ခုနှစ်တွင် ဝက်မစွတ်နဝဒေးရေးအင်းဝမြို့ မဟာ အောင်မြေဘုံသာကျောင်း ကျောက်စာ ၌•• 'ပလ္လင်တော်နီး၊ ပြောင်ကြီးပေါက်သား၊ တောဖျားခြင်္သေ့၊စာရှာတွေ့သော်၊ ခြင်္သေ့မရှိုက်၊ ပင်မတိုက်တိ၊ အကြိုက်တော်မှတ်၊ လောကနတ်သား၊ လက်ဝါးဖြန့်ချုပ်၊ စည်းစုပ်ကားခြေ၊ဗောင်းရွှေသရဖူ၊ မြခြူမြိတ်နား၊ စုလျားဘယက်၊ ညီးညီးလက် မျှ၊ ပျံကွန်ကလျှင်၊ နှစ်ပါးရန်စ၊ငြိမ်း စေရသတည်း။' ဟုပါရှိရာ လောကနတ်ဆောင်းသော ခေါင်း ဆောင်းရတနာသည်သရဖူဟု အတိအလင်းသိရလေသည်။လောက နတ်ရုပ်လုံးရုပ်ထုများ၌ ဆောင်းထားသောသရဖူပုံသည်မကိုဋ်နှင့်ကွဲ ၍ဘောင်းနှင့်ပို၍တူသည်။ မကိုဋ်သည် ပြာသာဒ်ပုံ အဆင့်ဆင့် တက်၍ ထိပ်သို့ချွန်သွားသော်လည်း သရဖူကား ဘောင်းကဲ့သို့ပုံ တွင် ထိပ်မှအချွန်ပါခြင်းမျှသာဖြစ်သည်။ ဘောင်းကိုဝန်များဆောင်း ရသော်လည်း သရဖူကိုဝန်များဆောင်းခွင့်မရှိ၊ဘုရင်များသာဆောင်း ခွင့်ရှိသည်။

ယခုခေတ် အနောက်နိုင်ငံများရှိ လူများကမူများသောအားဖြင့်သရဖူ ဟုဆိုရာတွင် ရှင်ဘုရင်များနှင့်မိဖုရားများ မင်းခမ်းမင်းနားများ၌ ဦးခေါင်းတွင် ဆောင်းလေ့ရှိသောဦးခေါင်းတန်ဆာကိုခေါ်သည်ဟု နားလည်ကြပေသည်၊၊ထိုအဓိပ္ပာယ်ဖြင့်သာလျှင်လည်းသရဖူဟူသော စကားကိုသုံးစွဲလေသည်။ သို့ရာတွင် မူလက သရဖူသည်နန်းထိုင် သောဘုရင်နှင့် မည်သို့မျှသက်ဆိုင်ခြင်းမရှိခဲ့ပေ။ရှေးခေတ် ပြေးပွဲ ပြိုင်ပွဲများတွင် အောင်ပန်းဆွတ်ခူးသူများအားပန်းများဖြင့်ပြုလုပ်ထား သော သရဖူများကို ချီးမြှင့်ရိုးရှိခဲ့ဖူးလေသည်။ ထိုနောက်တွင်ကား သရဖူကိုပန်းကုံးပန်း ပွင့်တို့ဖြင့်မဟုတ်ဘဲ၊ ထာဝစဉ်ခိုင်ခန့်သော ရွှေငွေကျောက်မျက်ရတနာတို့ဖြင့် ပြုလုပ်လာခဲ့ကြလေသည်။

ရှေးခေတ် ရောမလူမျိုးများသည် သူရသတ္တိကိုပြသည့်မြင့်မြတ်သော အပြုအမူများအတွက် ဂုဏ်ပြုသည့်အထိမ်းအမှတ်အဖြစ်ဖြင့်ရွှေသရ ဖူငွေသရဖူများ ချီးမြှင့်လေ့ရှိကြသည်။ ပမာအားဖြင့် မြို့တစ်မြို့ကို သိမ်းပိုက်အောင်မြင်သော စစ်ဗိုလ်ချုပ်ကြီးတစ်ယောက်အား ထိုမြို့အ နီးမှခူးနုတ်၍ရသော မြက်ပင်များပန်းပွင့်များဖြင့် ပြုလုပ်ထားသည့် သရဖူကို ချီးမြှင့်လေသည်။

ထိုနည်းတူစွာ တိုက်ပွဲတွင်မိမိ၏ ဘက်တော်သားရဲဘော်တစ် ်ယောက်၏ အသက်ကိုကယ်ဆယ်ခဲ့သော စစ်သည်တော်တစ်ဦးအား ဝက်သစ်ချရွှက်များဖြင့် ပြုလုပ်သောသရဖူကိုချီးမြှင့်လေသည်။ အခြားသရဖူအမျိုးမျိုးများလည်းရှိ သေး၍မင်္ဂလာဆောင်များ၊ ပျော်ပွဲသဘင်များ၊ စားပွဲသောက်ပွဲများ၊ ဈာပနအခမ်းအနားတွင် သက်ဆိုင်ရာသရဖူများကို အသုံးပြု ကြသည်။

အချို့သော ရောမနိုင်ငံတော်ဘုရင်များသည်ပြေးပွဲခုန်ပွဲများသို့ရှုစား ရန်ကြွရောက်တော်မူကြသည့်အခါတွင်ဦးရစ်များကို ဆင်မြန်းတော်မူ တတ်ကြပေသည်။ သို့ရာတွင်ထိုသို့ဦးရစ်များကို ဆင်မြန်းခြင်းသည် ဘုရင်မင်းမြတ်တည်းဟူသောရာထူးနှင့် မူလက မည်သို့မျှ သက် ်ဆိုင်ခြင်းမရှိခဲ့ပေ။ သို့ဖြစ်၍ရောမဘုရင်များသည် နောင်အခါတွင် ဦးရစ်များကို မင်းတို့၏အဆောင်အယောင်တစ်ခုအဖြစ်စတင်အသုံး ပြုကြသောအခါ တိုင်းသူပြည်သားများက များစွာမနှစ်မြို့ကြချေ။ လူများသည်ဦးရစ်နှင့်သရဖူကို ရုတ်တရက်မခွဲခြားနိုင်ကြသော်လည်း စင်စစ်ထိုနှစ်ခုမှာ များစွာခြားနားလေသည်။ ထို့ကြောင့် သရဖူဟူ၍ ရှင်ဘုရင်တို့သာဆောင်းသောအလေ့မှာအရှေ့တိုင်းမှအတုယူခဲ့ ကြောင်း ထင်ရှားပေသည်။

ဦးရစ်ဆိုသည်မှာစာမျက်နှာ ၄၅ အောက်ပုံတွင် ပြထားသည့်အတိုင်းဖြစ်၏။ သရဖူများမှာ အောက်ပုံတွင်ပြထား သည့်အတိုင်း ဖြစ်လေသည်။ ရှေးခေတ်သုံးဦးရစ်နှင့်ယခုခေတ်အ သုံးပြုလျက်ရှိကြသော သရဖူများသည် တစ်ခုနှင့်တစ်ခု ပုံသဏ္ဌာန် ်ချင်းများစွာ မကွာခြားသည့်အကြောင်းမှာယခုခေတ်သရဖူများကို ရှေးခေတ်သုံးဦးရစ်၏ပုံ သဏ္ဌာန်ကိုယူ၍ပြုလုပ်ထားသောကြောင့် ဖြစ်လေသည်။ ထိုနောက် သရဖူကိုဘုရင်အာဏာပိုင်များသာ ဆောင်းရရိုး ဖြစ်သောအစဉ်အလာ သတ်မှတ်သောအခါ သရဖူ များတွင်ဘုရင်များ မိဖုရားများ ဆောင်းသောသရဖူ၊မင်းညီမင်းသား များဆောင်းသောသရဖူ၊ မြို့စားရွာစားများဆောင်းသောသရဖူစသည် ်ဖြင့် သရဖူပုံသဏ္ဌာန်အမျိုးမျိုးရှိလေသည်။ သရဖူအားလုံးတွင်ဘုရင် ်ဆောင်းသောသရဖူမှာ အဆင့်အတန်းအမြင့်ဆုံးဖြစ်၏။မင်းညီမင်း သားမြို့စားရွာစားများမှာကား ဘုရင်ဆောင်းသောသရဖူအောက်အ ဆင့် အတန်းနိမ့်သော သရဖူငယ်များကိုသာ ဆောင်းရလေသည်။

ယခုခေတ်တွင် အနောက်နိုင်ငံများ၌အသုံးပြုနေကြသောမြို့စား (ဒျုဘွဲ့ရများ) ဆောင်းသောသရဖူငယ်မှာရွှေနဖူးစီးပေါ်တွင်ရွှေဖြင့်ပြီး သော စထရော်ဗယ်ရီရွက်ရှစ်ရွက်ကိုတပ်ဆင်ထားလေသည်။ မားကွစ်ဘွဲ့ရသူများဆောင်းသောသရဖူငယ်သည် နဖူးစီးပေါ်တွင် ထိုစထရော်ဗယ်ရိီရွက်မျိုးလေးရွက်သာပါ၍ တစ်ရွက်နှင့်တစ်ရွက် ်စပ်ကြားတွင်ပုလဲလုံးများကိုတပ်ဆင်ထားသည်။ မားကွစ်အောက် တစ်ဆင့်နိမ့်သောအားဘွဲ့ရများဆောင်းသောသရဖူများ၌ ရွှေနဖူးစီး ပေါ်တွင်ရောင်ခြည်တန်း ရှစ်သွယ်ထိုးထွက်နေ၍ ရောင်ခြည်တန်း တစ်ခုနှင့်တစ်ခုစပ်ကြားတွင် ရွှေဖြင့်ပြီးသော စထရော်ဗယ်ရီ ရွက် ်တစ်ရွက်စီ တပ်ဆင်ထားသည်။ စ ထရော်ဗယ်ရိီရွက်၏အမြင့်မှာ ရောင်ခြည်တန်း၏ အမြင့်လေးပုံတစ်ပုံရှိသည်။

ဗိုင်းကောင့်ဘွဲ့ရသူများ ဆောင်းသော သရဖူငယ်တွင်ကားရွှေနဖူးစီး တွင် ပုလဲလုံး ၁၆ လုံးတပ်ဆင်ထားသည်။ဗယ်ရွန်ဘွဲ့ရသူများ၏ သရဖူငယ်၌မူ ပုလဲလုံးခြောက်လုံးတပ်ဆင်ထားလေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)