မင်္ဂလာ လေကြောင်းပို့ဆောင်ရေးလုပ်ငန်း
ပုံပန်းသွင်ပြင်
| |||||||
| တည်ထောင် | အောက်တိုဘာ ၂၀၁၀ | ||||||
|---|---|---|---|---|---|---|---|
| စတင်ပျံသန်း | ၂ ဧပြီ ၂၀၁၁ | ||||||
| အခြေစိုက်နေရာ | ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် | ||||||
| လေယာဉ်ပေါင်း | ၁၂ | ||||||
| ဂိတ်ဆုံလေဆိပ်ပေါင်း | ၁၇ | ||||||
| ဆောင်ပုဒ် | Wings For Every One | ||||||
| မိခင်ကုမ္ပဏီ | 24 Hour Group of Companies | ||||||
| ဌာနချုပ် | ရန်ကုန်မြို့၊ မြန်မာနိုင်ငံ | ||||||
| အရေးကြီးပုဂ္ဂိုလ်များ | ဦးကျော်ဟန် ( Chief Operating Officer) | ||||||
| ဝက်ဘ်ဆိုဒ် | mingalaraviation.com | ||||||
မင်္ဂလာလေကြောင်း (အင်္ဂလိပ်: Mingalar Arlines, ယခင်အမည် အဲကမ္ဘောဇ) သည် ရန်ကုန်မြို့အခြေစိုက် ပြည်တွင်းပြည်ပလေကြောင်းလိုင်းတစ်ခု ဖြစ်သည်။
၂၀၁၀ ပြည့်နှစ် ဇွန်လတွင် အဲကမ္ဘောဇလေကြောင်းလိုင်းအမည်ဖြင့် စတင်တည်ထောင်ခဲ့ပြီး၊ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် မင်္ဂလာလေကြောင်းအဖြစ် အမည်ပြောင်းလဲခဲ့သည်။[၁]
၂၀၁၁ ခုနှစ် ဧပြီလ ၂ ရက်နေ့မှ စတင်ကာ လေကြောင်းဝန်ဆောင်မှုများကို စတင်ခဲ့သည်။[၂] ၂၀၁၅ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းဖြင့် ကုဒ်မျှဝေသုံးစွဲသည့် စနစ်ကို သဘောတူညီခဲ့သည်။[၃]
မင်္ဂလာလေကြောင်းဝန်ဆောင်မှုကုမ္ပဏီလီမိတက် (MINGALAR AVIATION SERVICES Co.,Ltd) ၏ လက်အောက်ခံဖြစ်သော ဤလေကြောင်းလိုင်းကို ဦးအောင်အောင်ဇော်က အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MAI) နှင့်အတူ ပူးတွဲပိုင်ဆိုင်ထားပါသည်။[၄]
ခရီးစဉ်မြို့များ
[ပြင်ဆင်ရန်]ပြည်တွင်း
[ပြင်ဆင်ရန်]| နိုင်ငံ | ခရီးစဉ်မြို့ | လေဆိပ် |
|---|---|---|
| မြန်မာနိုင်ငံ | ပုဂံ | ညောင်ဦးလေဆိပ် |
| ဗန်းမော် | ဗန်းမော်လေဆိပ် | |
| ဟဲဟိုး | ဟဲဟိုးလေဆိပ် | |
| ကလေး | ကလေးလေဆိပ် | |
| ကော့သောင်း | ကော့သောင်းလေဆိပ် | |
| ကျိုင်းတုံ | ကျိုင်းတုံလေဆိပ် | |
| လားရှိုး | လားရှိုးလေဆိပ် | |
| မန္တလေး | မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ် (အခြေစိုက်လေဆိပ်) | |
| မြိတ် | မြိတ်လေဆိပ် | |
| မြစ်ကြီးနား | မြစ်ကြီးနားလေဆိပ် | |
| ပူတာအို | ပူတာအိုလေဆိပ် | |
| စစ်တွေ | စစ်တွေလေဆိပ် | |
| ထားဝယ် | ထားဝယ်လေဆိပ် | |
| တာချီလိတ် | တာချီလိတ်လေဆိပ် | |
| သံတွဲ | သံတွဲလေဆိပ် | |
| ရန်ကုန် | ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် (အခြေစိုက်လေဆိပ်) |
ပြည်ပ
[ပြင်ဆင်ရန်]| နိုင်ငံ | ခရီးစဉ်မြို့ | လေဆိပ် |
|---|---|---|
| ထိုင်းနိုင်ငံ | ချင်းမိုင် | ချင်းမိုင်အပြည်ပြည်ဆိုင်ရာလေဆိပ် |
လေယာဉ်များ
[ပြင်ဆင်ရန်]| လေယာဉ်အမျိုးအစား | လက်ရှိ | မှာယူထားမှု | အခြား | မှတ်ချက် |
|---|---|---|---|---|
| ATR 72-600 | ၄[၅] | ၀ | ၀ | |
| စုစုပေါင်း | ၄ | ၀ | ၀ |
မတော်တဆမှုများ
[ပြင်ဆင်ရန်]- ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် သံတွဲလေဆိပ်တွင် ATR-72-500 မှာ လေယာဉ်ပြေးလမ်း ချော်ခဲ့သည်။ သို့သော် ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ပေ။[၆]
- ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပြေးလမ်းချော်ခဲ့သည်။ ထိခိုက်ဒဏ်ရာရရရှိမှု မရှိခဲ့ပေ။
ကိုးကား
[ပြင်ဆင်ရန်]- ↑ About Us။ 13 February 2024 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 21 January 2024 တွင် ပြန်စစ်ပြီး။
- ↑ Air KBZ launched domestic scheduled services from Yangon, Myanmar on 2 April 2011.။ 2022-10-03 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2013-01-31 တွင် ပြန်စစ်ပြီး။
- ↑ "Airline Review - Air KBZ"၊ Destination Travel၊ 2 May 2018။ 13 February 2024 တွင် ပြန်စစ်ပြီး။ Archived from the original on 14 July 2019။
- ↑ Air KBZ လေကြောင်းလိုင်းအစား မင်္ဂလာလေကြောင်းလိုင်းအမည်ဖြင့် ပြောင်းလဲ။ 2026-03-15 တွင် ပြန်စစ်ပြီး။
- ↑ Airfleets aviation။ 2026-03-15 တွင် ပြန်စစ်ပြီး။
- ↑ Hradecky၊ Simon။ "Accident: Air KBZ AT72 at Thandwe on Feb 17th 2012, runway excursion, gear collapse"၊ 3 March 2012။ 10 June 2013 တွင် ပြန်စစ်ပြီး။