မာတိကာသို့ ခုန်သွားရန်

ဘာရဒွါဇသုတ်

ဝီကီပီးဒီးယား မှ

[] အရှင်ပိဏ္ဍောလဘာရဒွါဇထေရ် ဝံသနိုင်ငံ ကောသမ္ဗီမြို့ ဃောသိတာရုံ ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ်-“ပျိုမျစ်နုနယ် ရဟန်းငယ်တို့ ကာမဂုဏ်တို့၌ မပျော်မြူးကြကုန်ဘဲ သက်ဆုံးတိုင် ဗြဟ္မစရိယကို ကျင့်သုံးနိုင်ခြင်း၏အကြောင်းကို ဥဒေနဘုရင်ကမေးလျှောက်သဖြင့် “ဘုရားရှင်ဟောတော်မူသည့်အတိုင်း ရဟန်းတော်တို့ မာတုဂါမ အရွယ်အသီးသီးတို့အပေါ် နှလုံးသွင်းစိတ်ထားကြပုံ၊ တပ်မက်မှု လောဘ မဖြစ်အောင် ၃၂-ကောဋ္ဌာသ “ကာယဂတာသတိ” ဆင်ခြင်ပွားများကြပုံ၊ ဣန္ဒြိယသံဝရသီလကို ပြည့်စုံစွာ ထိန်းသိမ်းဆင်ခြင်နိုင်ကြပုံကို အရှင်ပိဏ္ဍောလဘာရဒွါဇက အကျယ်တဝင့် ရှင်းလင်းဟောကြားတော်မူရာ ဥဒေနဘုရင်က မိမိ၏နန်းတွင်း အတွေ့အကြုံကို ပြန်လည်လျှောက်ထားဝန်ခံပြီး သရဏဂုံခံယူပုံကို ပြဆိုသည့်သုတ်။

အဋ္ဌကထာ၌ အရှင်ပိဏ္ဍောလဘာရဒွါဇထေရ်နှင့် ဥဒေနဘုရင်တို့ အကြောင်းနှင့် ဖွင့်ဆိုချက်များပါရှိပါသည်။ []

ကိုးကား

[ပြင်ဆင်ရန်]
  1. -သံ၊၂၊၃၂၈-၃၃၀။ သံ၊မြန်၊၂၊၃၂၂-၅။ သံ၊ဋ္ဌ၊၃၊၃၈-၄၀။ သံ၊ဋီ၊၂၊၃၁၀-၁။ -သံယုတ္တနိကာယ၊ သဠာယတနဝဂ္ဂသံယုတ္တ၊ ၁-သဠာယတနသံယုတ္တ၊ (၁၃) ၃-ဂဟပတိဝဂ္ဂ၊ စတုတ္ထသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ