ဝံသတိုင်း

ဝီကီပီးဒီးယား မှ

ကောသလတိုင်းကြီးမှ တောင်ဘက် တိုင်းနိုင်ငံဖြစ်သော ဝံသတိုင်းကြီးမှာ သာသနာတော်တွင် ထင်ရှားသော တိုင်းနယ်ကြီးဖြစ်၍၎င်း၏မြို့တော်ကြီးကား ဝိနည်း ဒေသနာတော်နှင့် များစွာသော သုတ္တန်ဒေသနာတော်များ ဟောကြားတော်မူရာ ကောသမ္ဗီမြို့တော်ကြီး ဖြစ်၏။ ၎င်း၌ ပရန္တပမင်း၏သားတော် ဥတေနမင်းတရားကြီး အုပ်ချုပ်စိုးစံတော်မူလျက်၎င်းမင်းတရားလည်း သာသနာဒါယကာ သာသနာပြုမင်းတစ်ပါး ဖြစ်၍ ယခုတိုင်၎င်း၏အမည်ကား ဗုဒ္ဓဘာသာဝင်များတွင် ဆင်ယာဉ် ရတနာတို့၏ အရှင်-ဟု ထင်ရှားလာခဲ့လေ၏။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. အရှင်သံဝရာဘိဝံသ (ပရိယတ္တိ သာသနာဟိတဓမ္မာစရိယ ရွှေကျင်နာယကဆရာတော်)။ ဗုဒ္ဓနိုင်ငံတော် (ပထမတွဲ)