ထိုင်းတော်ဝင်တပ်မတော်

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
Royal Thai Armed Forces
กองทัพไทย
Flag of the Royal Thai Armed Forces HQ.svg
Flag of the Royal Thai Armed Forces
Emblem of the Royal Thai Armed Forces HQ.svg
Emblem of the Royal Thai Armed Forces
တည်ထောင်၁၈ January ၁၈၅၂; ၁၆၉ နှစ် အကြာက (၁၈ January ၁၈၅၂)
တပ်ဖွဲ့ခွဲများFlag of the Royal Thai Army.svg Royal Thai Army
Flag of the Royal Thai Navy.svg Royal Thai Navy
Flag of the Royal Thai Air Force.svg Royal Thai Air Force
Paramilitary forces
ဌာနချုပ်Royal Thai Armed Forces Headquarters, Bangkok
ခေါင်းဆောင်မှု
Head of the Armed ForcesKing Vajiralongkorn
Minister of DefencePrayut Chan-o-cha
Chief of the Defence ForceGeneral Pornpipat Benyasri
လူအင်အား
သက်တမ်း21–45
ဥပဒေအရ အမှုထမ်းသူ21 years of age
Reaching military
age annually
1,045,000 (2016)[၁]
လက်ရှိ အမှုထမ်း360,850[၂] (အဆင့် 13th)
အရံ အင်အား200,000[၂]
အသုံးစရိတ်များ
ဘက်ဂျက်227.67 billion baht
US$၇.၁ billion (FY2019)[၃]
GDP ရာခိုင်နှုန်း~1.4% (FY2019)
စက်ရုံများ
ပြည်တွင်း ထောက်ပံ့မှု
ပြည်ပထောက်ပံ့မှုFirms in 26+ nations
ဆက်စပ်ဆောင်းပါးများ
သမိုင်းMilitary history of Thailand
ရာထူးအဆင့်များMilitary ranks of Thailand


ထိုင်းတော်ဝင်တပ်မတော် (Thai: กองทัพไทย; RTGS: Kong Thap Thai) (အင်္ဂလိပ်ဘာသာ : Royal Thai Armed Forces) သည် ထိုင်းဘုရင့်နိုင်‌ငံတော်၏ စစ်လက်နက် တပ်ဆင်ထားသည့် တော်ဝင်တပ်မတော် အမည်ဖြစ်သည်။

ထိုင်းတပ်မတော်၏ အမည်ခံခေါင်းဆောင် (จอมทัพไทย; RTGS: Chom Thap Thai)သည် ထိုင်းဘုရင်ဖြစ်သည်။ ဤတပ်မတော်သည် ကာကွယ်ရေးနှင့် ထိန်းချုပ်ရေး ဝန်ကြီးဌာနမှ ဦးဆောင်တာဝန်ယူထားသည့် ထိုင်းတော်ဝင်တပ်မတော်ဌာနချုပ်လက်အောက်ခံ ထိုင်းကာကွယ်ရေးဝန်ကြီးဌာန၏ စီမံခန့်ခွဲမှုအောက်တွင်ရှိသည်။ ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) သည် ထိုင်း တပ်မတော်တွင် အာဏာအရှိဆုံး ပုဂ္ဂိုလ်ဖြစ်သည်ဟူ၏။

ထိုင်းတော်ဝင်တပ်မတော်နေ့အခမ်းအနားသည် ၁၅၉၃ ခုနှစ်တွင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း ယိုးဒယားဘုရင် နရဲစွမ်က မြန်မာနိုင်ငံအိမ်ရှေ့မင်းသားအား အနိုင်ရသည့်နေ့ ဇန်နဝါရီလ ၁၈ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် အထိမ်းအမှတ်ပြုလုပ်ကျင်းပသည်။

တာဝန်နှင့် ဝတ္တရားများ[ပြင်ဆင်ရန်]

ထိုင်းတော်ဝင်တပ်မတော်၏ အဓိက တရားဝင် တာဝန်နှင့်ဝတ္တရားမှာ ထိုင်းဘုရင့်နိုင်ငံတော်၏နယ်မြေပိုင်ဆိုင်မှု နှင့် အချုပ်အခြာအာဏာအား ကာကွယ်ရန်ဖြစ်သည်။ အခြားတာဝန်တစ်ခုဖြစ်သည့် ထိုင်းဘုရင်စနစ်နှင့် ဧကရာဇ်ဘုရင်အား ဆန့်ကျင်သည့် ပြည်တွင်း ပြည်ပရန်များအား ကာကွယ်ရန်အတွက်လည်း ဖြစ်သည်။ ဤဝတ္တရားများအပြင် အများပြည်သူဆိုင်ရာပြန်တမ်း အမိန့်များအား သေချာစေရန်နှင့် အရပ်ဘက်အစိုးရ၏ လူမှုဖွင့်ဖြိုးတိုးတက်ရေးအစီအစဉ်များတွင် ဝင်ရောက်ကူညီပေးရန်လည်း တပ်မတော်တွင် တာဝန်ရှိသည်။ ထို့အပြင် သဘာဝဘေးအန္တရာယ်ဒဏ်ခံရသည့် ပြည်သူများအား အကူအညီပေးရေးနှင့် မူးယစ်ဆေးဝါးထိန်းချုပ်ရေးလုပ်ငန်းများသည်လည်း တပ်မတော်၏တာဝန်ဖြစ်သည်။

အချို့ဝေဖန်ရေးသမားများက အမှန်တကယ်တွင် ထိုင်းလက်နက်ကိုင်တပ်ဖွဲ့များသည် အဓိက အချက်ကြီး၂ ချက်အား တာဝန်ထမ်းဆောင်နေသည် ဆို၏။ ၎င်းတို့မှာ က) ပြည်တွင်းလုံခြုံရေး။ ။အုပ်ချုပ်သူလူတန်းစား၏ ဩဇာလွှမ်းမိုးမှု အား စိန်ခေါ်သည့် ဒီမိုကရေစီနယ်ပယ်ချဲ့ထွင်ရေး လူထုအုံကြွမှုကြီးများမှ ကာကွယ်ရန် နှင့် ခ) ထိုင်းစစ်တပ် အထက်အရာရှိများ၏ ကိုယ်ပိုင်ကြီးပွားရေးပန်းတိုင်းများတွင် စိတ်ကျေနပ်အောင် တာဝန်ထမ်းစေခြင်း တို့တွင်ဖြစ်သည်။

မကြာသေးမီနှစ်များက ထိုင်းတော်ဝင်တပ်မတော်သည် ကုလသမဂ္ဂ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် တာဝန်ထမ်းဆောင်ရန် တပ်သားများ ပေးပို့ခြင်း၊ ၁၉၉၉မှ ၂၀၀၂ ခုနှစ်အတွင်း အရှေ့တီမောအတွက် နိုင်ငံတကာစစ်တပ်များတွင် ဝင်ရောက် တာဝန်ထမ်းဆောင်ခြင်း၊ ၂၀၀၃ မှ ၂၀၀၄ ခုနှစ်အထိ တပ်သားပေါင်း ၄၂၃ယောက်အား အီရတ်နိုင်ငံရှိ နိုင်ငံပေါင်းစုံတပ်များတွင် ဝင်ရောက် တာဝန်ထမ်းဆောင်စေခြင်း စသည့် နိုင်ငံတကာဇာတ်ခုံပေါ်တွင် ၎င်းတို့၏ တာဝန်များကို တိုးတက် လုပ်ဆောင်စေခဲ့သည်။

တပ်သား[ပြင်ဆင်ရန်]

၂၀၂၀ ခုနှစ် စစ်တမ်းအရ ထိုင်းတော်ဝင်တပ်မတော်၏ တပ်သားပေါင်းမှာ ၃၆၀ ၈၅၀ ခန့် တာဝန်ယူထမ်းဆောင်နေပြီး အရန်တပ်ဖွဲ့ဝင်မှာ ၂၀၀၀၀၀ ခန့် ရှိသည်ဆို၏။ ဤပမာဏမှာ ထိုင်းနိုင်ငံ လူဦးရေ သန်း ၇၀ ၏ ၁ ရာခိုင်နှုန်းခန့်သာရှိသည်။ ဤရာခိုင်နှုန်းသည် အမေရိကန်ပြည်ထောင်စုထပ် မြင့်မားသော်လည်း အိမ်နီးချင်း ဗီယက်နမ်နိုင်ငံထက် နည်းသည်။ ထိုင်း စစ်တပ်တွင် အရာရှိပေါင်း (ဗိုလ်ချုပ်ကြီး နှင့် ရေတပ်ဗိုလ်ချုပ်ကြီး) ၁၇၀၀ ကျော်ရှိသည်။ အကြမ်းအားဖြင့် တပ်သား ၂၁၂ ယောက်တွင် ဗိုလ်ချုပ်ကြီး တစ်ဦးနှုန်းဖြစ်သည်။ ဤနှုန်းသည် ၎င်းအရွယ်အစားစစ်တပ်တစ်တပ်အတွက်ရှိသင့်သည်ထက် ပိုနေသောကြောင့် အရာရှိဖောင်းပွမှု လက္ခဏာဖြစ်သည်။ နှိုင်းယဉ်ချက်အနေဖြင့် အမေရိကန်စစ်တပ်၏ ၂၀၀၈ ခုနှစ် နိုင်ဝင်ဘာလ ၁ ရက်နေ့ စစ်တမ်းများအရ စစ်သည်ဦးရေ ၁၃၁၇၃၂၅ ဦးတွင် တာဝန်ယူနေသည့် အရာရှိ အရည်အတွက်မှာ ၉၂၀ ရှိပြီး တပ်အားလုံးပေါင်း၏ ၀.၀၇ ရာခိုင်နှုန်းဖြစ်သည်။ ၂၀၁၅ မေလ ၂ ရက်နေ့တွင် ကြည်း လေ ရေ တပ်များမှ အရာရှိအသစ်ပေါင်း ၁၀၄၃ဦး အား ကျမ်းသစ္စာကြိမ်ဆိုစေပြီး ရာထူးတိုးမြှင့်ပေးခဲ့သည်။ ၎င်းနှင့် တချိန်တည်းတွင် အငြိမ်းစာယူသည့်ဦးရေ မည်မျှ ရှိသည်ဆိုသည်ကား မရှင်းလင်းချေ။

လေ့လာသူတစ်ဦး၏အဆိုအရ ထိုင်း စစ်ဗိုလ်ချုပ်ကြီးတစ်ဦးစီတွင် ရည်မှန်းချက် ၃ ချက် ရှိသည်ဟူ၏။ လက်ရာနိုင်ငံရေးပါတီများမှ နိုင်ငံရေးသမားများ နှင့် မဟာမိတ်ဖွဲ့ ပူးပေါင်းရန်၊ ၎င်းတို့အား တာဝန်ပြောင်းရွေ့ခန့်ထားရာ၌ အကောင်းဆုံးနေရာ ရရှိနိုင်ရေး သေချာစေရန်၊ ၎င်းတို့ ကြွယ်ဝချမ်းသာလာအောင်အားထုတ်ရန်နှင့် ရရှိလာသည်များကို လက်အောက်ငယ်သားများနှင့်မျှဝေခံစားပြီး ထိုလက်အောက်ငယ်သားများ ၎င်းတို့အပေါ်သစ္စာရှိမှုကို သေချာစေရန်တို့ဖြစ်ကြသည်။

စစ်မှုမထမ်းမနေရ ဥပဒေ​[ပြင်ဆင်ရန်]

ထိုင်းနိုင်ငံ၏ စစ်မှူမထမ်းမနေရဥပ​ဒကို ၁၉၀၅ ခုနှစ်တွင် စတင်ခဲ့သည်။ ဘုရင့်နိုင်ငံတော်၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ထိုင်းနိုင်ငံသား အားလုံး၏ အမျိုးသားရေး တာဝန်သည် လက်နက်ကိုင်တပ်ဖွဲ့များတွင် ဝင်ရောက်အမှုထမ်းရန်ဖြစ်သည်။ အဆိုပါဥပဒေအား ကျင့်သုံးမှုအနေဖြင့် အသက် ၂၁ အထက် အမျိုးသားများသည် တပ်မတော်သို့ ဝင်ရောက်အမှုထမ်းဆောင်ခြင်းမရှိလျှင် ဥပဒေအရ အရေးယူခံရမည်ဖြစ်သည်။ အရွယ်ရောက်ပြီးသူများ စစ်မှုထမ်းစေရေး စာရင်းသွင်းခြင်း လုပ်ငန်းစဉ်သည် ဧပြီလအတွင်း စတင်သည်။ တပ်သားသစ်စုဆောင်းရေးနေ့တွင် စစ်မှုထမ်းရန် ဆင့်ခေါ်ခြင်းခံရသူများက အစီရင်ခံစာတင်ရန်အတွက် ဗဟိုရွေးချယ်ရေးဌာနသို့ နံနက် ၇ နာရီတွင် သွားရောက်ရသည်။ လူတွေ့စစ်ဆေးရေးနေ့တွင် အမှုထမ်းမည့်သူများသည် စေတနာ့ဝန်ထမ်း အပျော်တမ်းစစ်သည်များ အဖြစ် တာဝန်ထမ်းဆောင်ရန် တောင်းဆိုနိုင်ပြီး မဲနှိုက်ပြီးမှ တာဝန်ထမ်းရန်အတွက်လည်း ရွေးချယ်နိုင်သည်။ ထို့နောက် တာဝန်ထမ်းဆောင်မည်သူများအားလုံးသည် ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး စစ်ဆေးချက်များ ခံယူရန်နှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်းရှိမရှိ သိရှိနိုင်ရန် ဆီးစစ်ခြင်းများ ခံယူရသည်။ ဆီးစစ်ခြင်းခံယူပြီးနောက် ရလာဒ်များအား စိတ်ကိုစွဲလမ်းစေသည့် မူးယစ်ဆေးဝါးထိန်းချုပ်ရေးဘုတ်အဖွဲ့ ဒေတာဘေ့စ် အတွင်း ထည့်သွင်းသည်။ ၂၀၁၈ ခုနှစ်အတွင်း ဒေတာဘေ့စ်အတွင်း ထည့်သွင်းခဲ့သည့် လူဦးရေမှာ ၁၈၂၉၁၀ ဦး ရှိသည်။ ယင်းတို့ထဲမှ ၁၂၂၀၉ ဦး သို့မဟုတ် ၆.၇ ရာခိုင်နှုန်းသည် မူးယစ်ဆေးဝါးသုံးစွဲကြောင်း တွေ့ရှိရသည်။ ထိုအထဲတွင် အရပ်အခေါ် ရေခဲ (မက်သမ်ဖတမင်း) သုံးစွဲသူ ၁၁၁၃၉ ဦး၊ ဆေးခြောက် သုံးစွဲသူ ၇၅၀ ဦး နှင့် ကျန်သူများမှာ အခြားမူးယစ်ဆေးဝါးများသုံးစွဲကြသည်ကို တွေ့ရှိရသည်။ ထိုမူးယစ်ဆေးဝါးသုံးစွဲကြောင်းတွေ့ရှိရသည့် လူဦးရေ ၃၀၀၀ ကျော်အား ပြန်လည်ထူထောင်ရေး ကုသမှုများ ပြုလုပ်ပေးသည့် တပ်အတွင်း တာဝန်များ ထမ်းဆောင်စေသည်။ ထိုသူများအား တပ်သားအဖြစ် မရွေးချယ်ပဲ ၎င်းတို့ ပြည်နယ်ရှိ ၁၃ရက်ကြာ ပြန်လည်ထူထောင်ရေးအစီအစဉ်အတွင်း သွတ်သွင်းပေးသည်။ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ စစ်ဆေးရေးမအောင်မြင်သည့် သူများသည် တာဝန်ထမ်းဆောင်ရန်မလိုဘဲ အိမ်သို့ ပြန်ရသည်။ ရွေးချယ်ခံရသည့် အပျော်တမ်းတပ်သားသစ်များသည် မိမိတို့ ကြိုက်နှစ်သက်ရာ ဌာနများ(ထိုင်းတော်ဝင်ကြည်းတပ်၊ ထိုင်းတော်ဝင်ရေတပ် သို့မဟုတ် ထိုင်းတော်ဝင်လေတပ်)ကို ရွေးချယ်နိုင်သည်။ ပြီးလျင် ကြိုက်နှစ်သက်ရာ ရက်အားရွေးချယ် အစီရင်ခံရသည်။ ထိုနှစ်၏ စစ်မှုထမ်း တပ်သားသစ်စုဆောင်းရေးစာရွက်စာတမ်း ၊ အခြေခံသင်တန်း တက်ရောက်မည့် အချိန်နှင့် နေရာများ ပါဝင်သည့် အကြောင်းကြားစာ အသေးစိတ်အချက်အလက်များ သတင်းပေးပို့ရန် အမိန့်ညွှန်ကြားချက်အား လက်ခံရရှိသည်။ ထို့နောက် တပ်သားသစ်သားများသည် မိမိတို့၏ အခြေခံ သင်တန်းတက်ရောက်ရန် သတင်းပို့မည့်နေ့သို့ စောင့်ဆိုင်းရန်သာ ကျန်တော့သည့်အတွက် ပြန်ခွင့်ရရှိသည်။

တပ်သားသစ်များသည် ထိုမှ ပြန်ခွင့်ရသည့်နေ့တွင် မဲ အစီအစဉ်အား စတင်သည်။ ရွေးချယ်ရေးဌာနတခုစီတိုင်းတွင် သတ်မှတ်ထားသည့် ခွဲတမ်းရပြီး ဌာနတစ်ခုစီမှ မဲပေါက်သည့် စစ်မှုထမ်းအရေအတွက်အား အပျော်တမ်းစစ်သည်အရေအတွက်ဦးရေဖြင့် ခွဲတမ်းနုတ်ယူလိမ့်မည်။ အဆိုပါ မဲစနစ်နှင့် ရွေးချယ်ခံရသူများသည် အပျော်တမ်းစစ်သည်များကဲ့သို့ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာကျန်းမာရေး စစ်ဆေးမှုများ ခံယူရပြီး စစ်ဆေးမှု မအောင်မြင်က အထက်ဖော်ပြပါ လုပ်ထုံးလုပ်နည်းများနှင့်အညီ ထုတ်ပယ်ခြင်းခံရသည်။

မဲစံနစ်အတွက် စောင့်ဆိုင်းနေသူ တစ်ဦးချင်စီသည် မဲပုံးအတွင်းပိုင်းကို မမြင်နိုင်အောင်ပြုလုပ်ထားသည့် မဲပုံးမှ မဲပြားကို နှိုက်ယူရသည်။ အမဲရောင် မဲပြားအား နှိုက်ယူရရှိသူသည် စစ်မှုတာဝန်ထမ်းဆောင်ရန် လိုအပ်ချက်မှ ကင်းလွတ်ခွင့်စာလွှာနှင့် အတူ အိမ်ပြန်ခွင့်ရရှိသည်။ အနီရောင် မဲပြားအား နှိုက်ယူရရှိသူသည် ကဒ်ပြားပေါ်တွင် ရေးသားဖော်ပြထားသည့် နေ့စွဲအတိုင်း စတင် စစ်မှုထမ်းဆောင်ရန် လိုအပ်သည်။ အဆင့်မြင့်ပညာရေး အရည်အချင်းနှင့် ပြည့်စုံသူများသည် တာဝန်ထမ်းဆောင်မှု သက်တမ်းကို လျှော့ချပေးရန် တောင်းဆိုနိုင်သည်။ ၂၀၀၈ ခုနှစ်အတွင်း ထိုင်းတော်ဝင်တပ်မတော်မှ ရွေးချယ်ရန် ခေါ်ယူခဲ့သည့် အမျိုးသားအရည်အတွက်မှာ ၅ သိန်း ကျော်ခန့်ရှိသည်။ ခွဲတမ်း စုစုပေါင်းမှာ ခန့်မှန်းချေ ၁၀၄၀၀၀ ဦးဖြစ်ပြီး ထိုင်းတော်ဝင်ကြည်းတပ်အတွက် ၈သောင်း၊ ထိုင်းတော်ဝင်ရေတပ်အတွက် ၁၆၀၀၀ နှင့် ထိုင်းတော်ဝင်လေတပ်အတွက် ၈၇၀၀ ဦး အသီးသီး ဖြစ်ကြသည်။ စစ်သည်ရွေးချယ်ရေးနေ့တွင် အပျော်တမ်းစစ်သည် အဖြစ် တာဝန်ထမ်းဆောင်ရန် ဦးရေမှာ ၄၄၈၀၀ ခန့်ရှိသည်။ အပျော်တမ်းစစ်သည်အဖြစ်လက်ခံပြီးနောက်နှင့် အရည်အချင်းမပြည့်မီသူများအား ဖယ်လိုက်သောအခါ ကျန်ရှိခွဲတမ်းမှာ ခန့်မှန်းချေ ၆သောင်းခန့်အတွက် အမျိုးသား ၄၅၀၀၀ခန့် မဲစံနစ်အတွင်း ဝင်ရောက်ခဲ့သည်။ ဥဒဟာရုဏ်အဖြစ် မဲစနစ်အတွင်းရှိ မဲပြားအနီ ရရှိရန်အခွင့်အရေးအားလုံးပေါင်းသည် ခန့်မှန်းချေ ၁၃ ရာခိုင်နှုန်း ဖြစ်သည်။ ၂၀၁၇ ခုနှစ်အတွင်း စစ်မှုထမ်း အမျိုးသား လူဦးရေ ၁၀၃၀၉၇ ဦးခန့် တက်ရောက်ခဲ့သည်။ တပ်မတော်သည်တနှစ်လျှင် စစ်မှုထမ်းရန် လူဦးရေ ၇၇,၀၀၀ သာလိုအပ်သည်။ အချို့သောရွေးချယ်ရေးစင်တာများတွင် မဲနှိုက်ခြင်း လုံးဝမပြုလုပ်ရသည်မှာ အဆန်းမဟုတ်ချေ၊ အဘယ့်ကြောင့်ဆိုသော် ခွဲတမ်းများကို အပျော်တမ်းစစ်သည်များက ဖြည့်ဆည်းထားသောကြောင့်ဖြစ်သည်။ ဤသို့သောဖြစ်ရပ်တွင် အပျော်တမ်းစစ်သည်အဖြစ် တာဝန်မထမ်းလိုပဲ မဲနှိုက်၍နေလိုသူများအား စစ်မှုထမ်းရန် ကင်းလွှတ်ခွင့်လက်မှတ် ထုတ်ပေးသည်။

စစ်မှုတာဝန်ထမ်းဆောင်ရသည့် အချိန်သည် စစ်မှုထမ်းရန် လျှောက်ထားသူ၏ ပညာရေးနောက်ခံရှိမရှိပေါ် မူတည်သည်။ မိမိဆန္ဒအလျောက် စစ်မှုထမ်းစာရင်းသွင်းသူအား ကာလတို အမှုဆောင်ခြင်းကို ပေးသည်။ အထက်တန်းအောင်လက်မှတ် မရရှိသူများသည် အပျော်တမ်းတာဝန်ထမ်းဆောင်ခြင်းရှိမရှိကို ထည့်မတွက်ပဲ နှစ်နှစ် တာဝန်ထမ်းဆောင်ရန်လိုအပ်သည်။ အထက်တန်းအောင်မြင်ပြီးသည့် အပျော်တမ်းစစ်သည်များသည် တစ်နှစ်သာ အမှုထမ်းဆောင်ရန်လိုအပ်သော်လည်း မဲပြားအနီဆွဲယူရရှိသည့် အထက်တန်းမြင်ပြီးသူများသည် နှစ်နှစ် အမှုထမ်းဆောင်ရန်လိုအပ်သည်။ ဒီဂရီဘွဲ့ရရှိသူများ သို့မဟုတ် ထိုထက် ပညာရေးမြင့်မားသူများသည် ၆ လသာ အမှုထမ်းရသည်။ ဘွဲ့ရပြီးသူများထဲမှ မဲပြားအနီရောင် နှိုက်ယူရရှိသူများသည် အမှုထမ်းကာလကို အများဆုံး ၁နှစ်အထိ လျော့ချပေးရန် လျောက်ထားနိုင်သည်။ တက္ကသိုလ်မှကျောင်းသားများသည်ဒီပလိုမာချီးမြှင့်ခြင်းခံရသည် (သို့) ၂၆ နှစ်ပြည့်ပြီးသည်အထိစစ်မှုထမ်းခြင်းကာလရွှေ့ဆိုင်းရန်တောင်းဆိုနိုင်သည်။ တက္ကသိုလ်မှကျောင်းသားများသည် ဒီပလိုမာချီးမြှင့်ခြင်းခံယူရန် (သို့) အသက်၂၆ နှစ်ပြည့်သည်အထိ စောင့်ဆိုင်းရန် စစ်မှုထမ်းခြင်းကာလ ရွှေ့ဆိုင်းရန် တောင်းဆိုနိုင်သည်။

ဥပဒေအရ လာရောက်စစ်မှုထမ်းသူအားလုံးအား ၎င်းတို့၏ ပညာအရည်အချင်းအပေါ် လျစ်လျူရှုပြီး ဝန်ထမ်းသက်တမ်းတလျောက်လုံး တပ်သား/ သင်္ဘောသား/လေယာဉ်မောင် အဆင့်နေရာများတွင် ခန့်အပ်သည်။ အခြေခံလေ့ကျင့်ရေးများ ပြီးဆုံး၍ အချိန်အတော်အတန်ကြာသည့်အခါ လစာငွေ တိုးပေးသည်။ စစ်မှုထမ်းရန်ဆင့်ခေါ်ခြင်းခံရသူ ထက်ဝက်ကျော်သည် စစ်တပ်သမဝါယမဆိုင်များရှိ အကြီးတန်းအရာရှိများ သို့မဟုတ် စာရေးများ၏ ခိုင်းဘက်ဝန်ထမ်းများအဖြစ်ရောက်ရှိသွားကြသည်ဟု စွပ်စွဲကြသော်လည်း အများစုသည် စေတနာ့ဝန်ထမ်းအနေအထား နှင့် ပညာရေးနောက်ခံ မည်သို့ပင် ရှိပါစေကာမူ ၎င်းတို့လုပ်ငန်းဌာနခွဲ၏လိုအပ်ချက်အရသတ်မှတ်ထားသော လုပ်ငန်းခွင်အထူးပြုတွင် ထားရှိသည်။

အများဆုံးသော အလုပ်အကိုင်များမှာ ခြေလျင်တပ်သား( ထိုင်းတော်ဝင်ကြည်းတပ်အတွက်)၊ တော်ဝင်ရေကြောင်း (ထိုင်းတော်ဝင်ရေတပ်တပ်ဖွဲ့များအတွက်) နှင့် အထူးကျွမ်းကျင်သူလုံခြုံရေးတပ်ဖွဲ့များ(ထိုင်းတော်ဝင်လေတပ်အတွက်)တို့ဖြစ်သည်။ တာဝန်များမှာမှာ လိုအပ်ချက်ပေါ်မူတည်၍ စစ်ဆင်ရေးများ၊ လုံခြုံရေးစစ်ဆေးရေးဂိတ်များ၊ တပ်အင်အားများထုတ်ခြင်း၊ ကာယလုပ်အားတာဝန်များ နှင့် စာရေးစာချီကဲ့သို့ ဉာဏလုပ်အား တာဝန်များလည်း ပါဝင်နိုင်သည်။ ၎င်း၏ တာဝန်ကုန်းဆုံးပြီးအချိန်တွင် ဆက်လက်တာဝန်ထမ်းဆောင်နိုင်ရန်အတွက် ပြန်လည်စာရင်းသွင်းနိုင်သည်။ ၂၀၂၀ ခုနှစ်ဧပြီလတွင် စစ်မှုထမ်းရန်ဆင့်ခေါ်ခြင်းခံရသူ စုစုပေါင်း ၄၂၀၀၀ အနက် ၅,၄၆၀ သာလတွင် စစ်တပ်တွင်ဆက်လက်နေထိုင်ရန် ဆန္ဒအလျောက်ပါဝင်ခဲ့သည်။ ထိပ်တန်းအစိုးရအရာရှိများက စစ်မှုမထမ်းမနေရ ဥပဒေသည် မရှိမဖြစ်လိုအပ်သည်ဟုအခိုင်အမာပြောဆိုကြသည်။ သို့သော်အချို့သူများက ၂၁ ရာစု ထိုင်းနိုင်ငံတွင် စစ်မှုထမ်းရန်လိုအပ်မှုကို သံသယဖြစ်ကာတိုင်းပြည်အတွက် ၎င်း၏ထိရောက်မှုနှင့်တန်ဖိုးကို ပွင့်ပွင့်လင်းလင်းဆွေးနွေးငြင်းခုံရန် တောင်းဆိုကြသည်။ဘ ဝေဖန်သူများကထိုင်းနိုင်ငံ၏ ပြင်ပခြိမ်းခြောက်မှုများသည် ၂၀၁၉ ခုနှစ်တွင် မပြောပလောက်ဟု ဆိုကြသည်။ ထိုင်းအစိုးရကသဘောတူလိုက်သည်မှာ - ထိုင်းနိုင်ငံ၏အမျိုးသားလုံခြုံရေးအစီအစဉ်သစ်ကို ၂၀၁၁ နိုဝင်ဘာ ၂၂ ရက်ထုတ် Royal Gazette တွင်ပုံနှိပ်ထုတ်ဝေခဲ့ပြီး တိုင်းပြည်အတွက် ပထဝီနိုင်ငံရေးခြိမ်းခြောက်မှုများသည် လာမည့်နှစ်များအတွက် အရေးမကြီးဟု ယူဆသည်။ ထို ၂၀၁၀ နိုဝင်ဘာ ၁၉ မှ ၂၀၂၂ စက်တင်ဘာ ၃၀ အထိအကျိုးသက်ရောက်မှုရှိသည့် အစီအစဉ်သည် ပြည်တွင်းပြဿနာများ၊ အထူးသဖြင့် ဘုရင်မင်းမြတ်နှင့် နိုင်ငံရေးအရကွဲပြားမှုအပေါ်ယုံကြည်မှု လျော့နည်းလာခြင်းကို ပိုမိုစိုးရိမ်စရာများအဖြစ်ရှုမြင်သည်။

၂၀၂၀ ခုနှစ်မတ်လတွင်ထုတ်ပြန်ခဲ့သောအစီရင်ခံစာတွင် အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ထိုင်းစစ်တပ်၏ အပျော်တမ်းစစ်မှုထမ်းများသည် စစ်တပ်အာဏာပိုင်များ၏ မတရားဖိနှိပ်ခြင်းခံနေရပြီး ထုတ်ဖော်ပြောကြားခြင်းမပြုနိုင်ရန် စနစ်တကျပိတ်ပင်ထားခြင်းနှင့် ရင်ဆိုင်နေရသည်ဟု စွပ်စွဲပြောကြားလိုက်သည်။ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၏ အဆိုအရ ထိုအလေ့အကျင့်သည် ထိုင်းလူ့အဖွဲ့အစည်းတွင်‌ ကွယ်ဝှက်မထားသော လျှို့ဝှက်ချက်တစ်ခုအဖြစ် ဖြစ်တည်နေသည်မှာ ကြာမြင့်နေခဲ့ပြီဟု ပြောကြားခဲ့သည်။

ဘတ်ဂျက်[ပြင်ဆင်ရန်]

ကာကွယ်ရေး အသုံးစရိတ် သည် ၂၀၀၅ ခုနှစ်တွင် ၇၈.၁ ဘီလျံဘတ် ရှိခဲ့ရာမှ ၂၀၁၆ ဘဏ္ဍာနှစ်(၂၀၁၅ အောက်တိုဘာလ ၁ရက်နေ့-၂၀၁၆ ခုနှစ် စက်တင်ဘာလ ၃၀ရက်နေ့)တွင် ၂၀၇ ဘီလျံဘတ် ထိအောင် သုံးဆ တိုးမြင့်လာခဲ့ပြီး ဂျီဒီပီ ၏ ၁.၅ ရာခိုင်နှုန်းရှိသည်ဟု အကြမ်းဖျင်းသိသည်။ ၂၀၁၇ ဘဏ္ဍာနှစ်တွင် ၂၁၄ ဘီလျံဘတ် (အမေရိကန်ဒေါ်လာ ၆.၁ ဘီလျံ) အသုံးပြုပြီး ရေငုပ်သင်္ဘော ဝယ်ယူရန် ရံပုံငွေလည်း အပါအဝင်ဖြစ်ပြီး ၃ ရာခိုင်နှုန်း တိုးလာသည်ဟု သိရသည်။ ၂၀၁၇ ဘဏ္ဍာနှစ်အတွက် တောင်းခံထားသည့် ဘက်ဂျက်မှာ ဂျီဒီပီ၏ ၁.၅ ရာခိုင်နှုန်းခံရှိပြီး အစိုးရအားလုံးပေါင်း အသုံးပြုငွေ၏ ၈ ရာခိုင်နှုန်းဖြစ်သည်။ ၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ကာကွယ်ရေးအသုံးစရိတ်မှာ ၂၂၀ ဘီလျံဘတ် ဖြစ်ပြီး ဘက်ဂျက်အားလုံးပေါင်း၏ ၇.၆၅ ရာခိုင်နှုန်းဖြစ်သည်။ Jane's Defence Budgets အဆိုအရ ထိုင်းတော်ဝင်ကြည်းတပ်သည် ကာကွယ်ရေး အသုံးစရိတ်၏ ၅၀ ရာခိုင်နှုန်း ရရှိချိန်တွင် လေတပ်နှင့် ရေတပ်တို့ ၂၂ ရာခိုင်နှုန်းစီ အသီးသီး ရရှိကြသည်။

သမိုင်း[ပြင်ဆင်ရန်]

အဓိကအကြောင်းအရာ: ထိုင်းနိုင်ငံ၏ စစ်ရေးဆိုင်ရာသမိုင်

ပဒေသရာဇ်ခေတ် တပ်မတော်[ပြင်ဆင်ရန်]

အဓိကအကြောင်းအရာ: တော်ဝင် ဆီယမ် တပ်မတော် (၁၂၃၈-၁၈၅၂)

တော်ဝင်ဆီယမ်တပ်မတော်သည် ၁၂ ရာစုမှသည် ၁၉ ရာစုအတွင်း ထိုင်းဘုရင်မင်းဆက်၏ လက်နက်ကိုင်တပ်မတော်ဖြစ်သည်။ ဤသည်မှာ ဆူခိုထိုင်းခေတ်အယုဒ္ဓယခေတ်သွန်ဘူရီခေတ်နှင့် ရတနာနခွန်စင်ခေတ် အဆက်ဆက်မှ တပ်တော်မျာအား ရည်ညွှန်းခြင်းဖြစ်သည်။ ၎င်းတို့၏ တပ်တော်သည် တချိန်က အရှေ့တောင်အာရှဒေသတွင် ကြီးစိုးနိုင်ခဲ့သည့် တပ်တော်လည်းဖြစ်သည်။ ထိုင်းနိုင်ငံသည် အနောက်ဥရောပနိုင်ငံများ၏ ကိုလိုနီပြုခြင်း တကြိမ်မျှမခံရသည့် နိုင်ငံဖြစ်သည်နှင့်အညီ ထိုင်းတော်ဝင်တပ်မတော်သည်လည်း အာရှ၌ စစ်ရေးအစဉ်လာမပြတ် သက်တမ်းရှည်ကြာသည့် တပ်မတော်အဖြစ် ဂုဏ်ယူဝင့်ကြွားစရာ တပ်မတော်တစ်ခုဖြစ်သည်။

တပ်မတော်သည် ထောင်ဂဏန်းမျှသာရှိသည့် သေးငယ်သည့် တပ်မတော်တစ်ခုအဖြစ်ဖွဲ့စည်းခဲ့ကြပြီး နန်းတော်နှင့် မြို့တော်များအား ကာကွယ်ရန်အတွက်ဖြစ်သည်။ စစ်မက်ရေးရာများ ရှိသည့်အချိန်များ၌ စစ်မှုမထမ်းမနေရစနစ်အခြေခံပြီး ကြီးမားသည့် တပ်မတော်ဖြစ်လာရန် ဆင့်ခေါ်နိုင်သည်။ စစ်မှုမထမ်းမနေရစနစ်သည် ဒေသခံ အကြီးအကဲများမှ စစ်ပွဲအတွက် လိုအပ်သည့် စစ်သည်အင်အား ထောက်ပံ့ပေးပို့ရပြီး မြန်မာတို့နည်းတူ "အမှုထမ်း" စနစ်ပေါ်တွင် အခြေခံသည်။ စစ်သည်ရဲမက်များတွင် ဆင်တပ်မြင်းတပ်စိန်ပြောင်းအမြောက်တပ် နှင့် လှေသင်္ဘောတပ်များ ပါဝင်သည်။ ၁၈၅၂ ခုနှစ်တွင် တော်ဝင်ဆီယမ်တပ်မတော်သည် မောင်းဂွတ်ဘုရင်၏ အမိန့်တော်အရ အမြဲတမ်း တပ်ဖွဲ့အား ဖွဲ့စည်းစေခဲ့သည်။ ထိုဘုရင်သည် အနောက်တိုင်းနိုင်ငံများ၏ ခြိမ်းခြောက်မှုများနှင့် ကိုလိုနီနယ်ချဲ့မှုများကို တာဆီးနိုင်ရန်အတွက် အနောက်ဥရောပတိုင်းပြည်များမှ လေ့ကျင့်ထားသော တပ်အင်အားကိုအလိုရှိခဲ့သည်။ ၁၈၈၇ ခုနှစ်အတင်း ချူလာလောင်ကွန်းဘုရင် နန်းစံပြီးနောက်တွင် ကလာဟွန် ဌာန၌ အမြဲတမ်း စစ်ဌာနချုပ်ကို တည်ထောင်ခဲ့သည်။ ကလာဟွန်သည် စစ်ဌာနချုပ်၏ အမြဲတမ်းရုံးဌာနဖြစ်ပြီး ဘိုရိုမတလိုင်လို့ကနဘုရင်(၁၄၃၁-၁၄၈၈) က ၁၅ရာစုနှစ်အလယ်ပိုင်း အယုဒ္ဓယခေတ်တွင် စတင်တည်ထောင်ခဲ့သည်။ ဆီယမ် စစ်သမိုင်းတွင် ဤကဲ့သို့ စီမံခဲ့သောကြောင့် အာရှ၌ စစ်ရေးအစဉ်လာမပြတ်ဘဲ သက်တမ်းအရှည်ဆုံး စစ်တပ်အဖြစ် ဂုဏ်ယူဝင့်ကြွားနိုင်စရာ ဖြစ်လာခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ၁၉၃၂ ခုနှစ်တွင် ပြည်သူလူထု၏ အကူအညီဖြင့် တပ်မတော်သည် သက်ဦးဆံပိုင် ပဒေသရာဇ်စနစ်အား ဖြုတ်ချနိုင်ခဲ့ပြီး စည်းမျဉ်းခံဘုရင်စနစ်ကို အသက်သွင်းပေးနိုင်ခဲ့သည်။ စစ်တပ်မတော်သည် ထိုင်းနိုင်ငံရေးမားများ၏ ကြီးစိုးထိန်းချုပ်ထားခြင်းခံထားရကာ ဝန်ကြီးချုပ်အမြောက်အများအား မွေးထုတ်ပေးခဲ့ပြီး အာဏာသိမ်းခြင်းများကိုလည်း များမကြာသေးသည့် ၂၀၁၄ ခုနှစ်ထိတိုင်တွေ့မြင်နေကြခြင်းဖြစ်ပေသည်။

ပဋိပက္ခများ[ပြင်ဆင်ရန်]

အဓိကအကြောင်းအရာ: ထိုင်းပါဝင်ပတ်သက်ခဲ့သည့် စစ်ပွဲများစာရင်း

ထိုင်းတော်ဝင်တပ်မတော်သည် သမိုင်းတလျောက် ပြည်တွင်း၊ ပြည်ပ၊ ကမ္ဘာ့ စစ်ပွဲများစွာတွင် ပါဝင်ပက်သက်ခဲ့သည်။ သို့သော်လည်း အများစုမှာသည် အရှေ့တောင်အာရှဒေသတွင်းသာ ဖြစ်သည်။ ထိုင်းနိုင်ငံအတွင်းသို့ ပြည်ပကျူးကျော်မှုမှာ ၃ ခုသာရှိခဲ့ပြီး ၎င်းတို့မှာ ပြင်သစ်-ဆီယမ် စစ်ပွဲ၊ ၁၉၄၁ ခု ဂျပန်ကျူးကျော်မှု နှင့် ၁၉၈၀ ခုနှစ်အတွင်းဖြစ်ပွားခဲ့သည့် ဗီယက်နမ်တို့၏ ထိုင်းနိုင်ငံအတွင်း ကျူးကျော်စစ်ပွဲများ ဖြစ်ကြပြီး ယင်းစစ်ပွဲများကြောင့် ထိုင်းစစ်တပ်နှင့် တိုက်ပွဲအချို့ ဖြစ်ပွားခဲ့ရသည်။ နယ်မြေလုပွဲများ (လာအိုပြည်တွင်းစစ်ကဲ့သို့သော)သို့မဟုတ် ပဋိပက္ခများမှာ နိုင်ငံရပ်ခြားမြေပေါ်တွင် ပြုလုပ်ခဲ့သည့် စစ်ဆင်ရေးအချို့ဖြစ်ပြီး ကုလသမ္မဂ္ဂ ချမှတ်ထားသည့် စည်းမျဥ်းအတိုင်းဖြစ်သည်။

ပြင်သစ်-ဆီယမ် စစ်ပွဲ (၁၈၉၃)[ပြင်ဆင်ရန်]

အင်ဒိုချိုင်းနား ကျွန်းဆွယ်ပေါ်သို့ ပြင်သစ်အင်ပါယာ၏ လျှင်မြန်စွာ နယ်မြေချဲ့ထွင်လာမှုသည် ပဋိပက္ခ ဖြစ်ပွားစေရန် လိုအပ်သည့်အချက်ဖြစ်သည်။ ပြင်သစ်လူမျိုး ဩဂတ်စတီ ပီဗေး ဦးအောင်သည့် ပြင်သစ်ကိုလိုနီတို့က လာအိုနိုင်ငံအား ပြင်သစ်တို့ထိန်းချုပ်မှုသွတ်သွင်းရန် ဘုရင်ချူလာလောင်ကွန်းထံသို့ စေလွှတ်ခဲ့ပြီး မအောင်မြင်မှုနှင့် အဆုံးသတ်သည့်အခါ စစ်ပွဲသည် မလွှဲမရှောင်သာ ဖြစ်လာခဲ့သည်။ ပြင်သစ်ကိုလိုနီနယ်ချဲ့များသည် ဆီယမ်၏ အရှေ့မြောက်ပိုင်းအား ကျူးကျော်ဝင်ရောက်ခဲ့ပြီး မြစ်ဝှမ်းတလျှောက်ခံတပ်များ တိုက်ခိုက်ရန်နှင့် ဘန်ကောင်မြို့ရှိ တော်ဝင်နန်းတော်အပေါ် ၎င်းတို့၏သေနတ်များအား လေ့ကျင့်ရန်အတွက် စစ်သင်္ဘော ၂စင်းအား စေလွှတ်ခဲ့သည်။ ထို့ပြင် ပြင်သစ်တို့က ဘန်ကောက်တဝှမ်းအား ပိတ်ဆို့ခဲ့ပြီး ယင်းကြောင့်ပင် ပြင်သစ်တို့နှင့် ဗြိတိသျှတို့အကြား ပဋိပက္ခဖြစ်လုနီးပါ ဖြစ်စေခဲ့သည်။ ဆီယမ်လည်း ပြင်သစ် ရာဇသံအား လက်ခံရန် ဖိအားပေးခံရပြီး လာအိုအား ပြင်သစ်ထံသို့ ပေးအပ်လိုက်ရသည်။ ထို့ပြင် ပြင်သစ် တပ်ဖွဲ့များအား ထိုင်းနိုင်ငံ ချန်တဘူရီဒေသအား ရာစုနှစ်အတော်ကြသည့်အထိ ပေးအပ်သိမ်းပိုက်စေခဲ့ရသည်။

ပထမ ကမ္ဘာစစ် (၁၉၁၇-၁၉၁၈)[ပြင်ဆင်ရန်]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ပထမကမ္ဘာစစ်အတွင်း ဆီယမ်

၁၉၁၇ခုနှစ် ဇူလိုင်လ ၂၂ ရက်နေ့တွင် ဝဇိရာဝုဓ ဘုရင် သည် အနောက်ဥရောပစစ်မျက်နှာရှိ မဟာမိတ်တပ်များနှင့် ပူးပေါင်းခဲ့ပြီး မဟာအင်အားကြီးနိုင်ငံများ အပေါ် စစ်ကြေညာခဲ့သည်။ မင်းသား ချက္ကရဘွန်ဂတ် ဗုဝနတ်မှ စစ်ဦးစီးမှူးအဖြစ် ဦးဆောင်ပြီး ခေတ်မီစစ်လက်နက်များ တပ်ဆင်ထားသည့်စစ်သည်အင်အား ၁၂၃၃ ဦးပါဝင်သည့် ဆီယမ်စူးစမ်းလေ့လာရေးအင်အားစု အား အပျော်တမ်းအဖွဲ့ဝင်များအဖြစ် စေလွှတ်ခဲ့သည်။ ဤတပ်အင်အားတွင် လေကြောင်းနှင့် ဆေးဝါးစစ်သည်များပါဝင်ပြီး ထိုဆေးတပ်သားများမှာ တိုက်ပွဲများအား အမှန်တကယ်မြင်တွေ့ခဲ့ရသည်။ ဆီယမ်သည် ဥရောပတိုက်ရှိ မဟာစစ်ပွဲကြီးအတွင်း ဝင်ရောက်တိုက်ခိုက်ခဲ့သည့် အာရှဒေသမှ တစ်ခုတည်းသော လွတ်လပ်သည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ ဆီယမ်၏ စစ်ရေးအရပါဝင်ပက်သက်မှုသည် အနည်းငယ်သာရှိသော်လည်း အနောက်အင်အားကြီးနိုင်ငံများနှင့်ချုပ်ဆိုထားသည့် မညီမျှသောစာချုပ်အား ပြင်ဆင်ခွင့် သို့မဟုတ် အပြီးတိုင် ပယ်ဖျက်ခွင့် ရရှိခဲ့လေသည်။ စူးစမ်းလေ့လာရေးအင်အားစုသည် ပါရီမြို့ရှိ အာ့ ဒီ ထရွိုင်ဖီအောက်တွင် ကျင်းပသည့် စစ်ချီတပ်ဂုဏ်ပြုပွဲအတွင်း ဂုဏ်ပြုခံရန်အတွက် ပါဝင်ချီတပ်ခွင့်ရရှိခဲ့သည်။ ထိုပဋိပက္ခအတွင်း ဆီယမ်စစ်သား ၁၉ ဦး သေဆုံးခဲ့ရပြီး ဘန်ကောက်မြို့ ပရမနီကွင်း မြောက်ဘက်အစွန်ဆုံးတွင် ၎င်းစစ်သည်တို့၏အရိုးပြာအား မြုပ်နံသင်္ဂြိုလ်ထားခဲ့သည်။

ပြင်သစ်-ထိုင်း စစ်ပွဲ (၁၉၄၀-၁၉၄၁)[ပြင်ဆင်ရန်]

ပြင်သစ်-ထိုင်း စစ်ပွဲသည် အောက်တိုဘာလ ၁၉၄၀ ခုနှစ်တွင် စတင်ခဲ့သည်။ ထိုအချိန်က ပြင်သစ်လက်အောက်ခံနယ်မြေများ(ပါရီမြို့အား နာဇီသိမ်းပိုက်မှုပြီးနောက်)အား ပြန်လည်ရယူရန် နှင့် နယ်နိမိတ်စည်းမျဉ်းများအား ဖြေရှင်းနိုင်ရန် ပြင်သစ် အင်ဒို-ချိုင်းနား ကျူးကျော်ခြင်းဖြင့် ဖြစ်ပွားနေသည့် နယ်နိမိတ်ပြဿနာများအား တာဝန်ယူရန် စစ်ဗိုလ်ချုပ်ကြီးဖြစ်သည့် ဝန်ကြီးချုပ် ဖလက်ဖီဘန်ဆောင်ခရန်(Phibunsongkhram) သည် ထိုင်းနိုင်ငံအား အုပ်ချုပ်သည်။ ထိုစစ်ပွဲသည် ထိုင်းအမျိုးသားရေးဝါဒ မြှင့်တင်ရေးအစီအစဉ်အား အထောက်အပံ့ဖြစ်စေခဲ့သည်။ ထိုစစ်ပွဲတွင် ထိုင်းတို့ဘက်မှ မြေပေါ်တိုက်ပွဲတွင် အနိုင်ပွဲများနှင့်လည်းကောင်း၊ ပင်လယ်ရေကြောင်းတိုက်ပွဲများတွင် အရှုံးပွဲများဖြင့်လည်းကောင်း ပြတ်ပြတ်သားပေါ်လွင်၍ ပြီးဆုံးခဲ့သည်။ မည်သို့ပင် ဆိုစေ ဤစစ်ပွဲကြောင့် ပြင်သစ်အင်ဒိုချိုင်းနားရှိ အငြင်းပွားနေသောနယ်မြေများကို ထိုင်းနိုင်ငံသို့လွှဲပြောင်းပေးခဲ့သည်။

ဒုတိယ ကမ္ဘာစစ် (၁၉၄၂-၁၉၄၅)[ပြင်ဆင်ရန်]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ဒုတိယ ကမ္ဘာစစ်အတွင်း ထိုင်းနိုင်ငံ

ဗြိတိသျှ-အန္ဒိယဗြိတိသျှ-ဘားမား နှင့် ဗြိတိသျှ-မလေး တို့အား တိုက်ခိုက်ရန်အတွက် ဂျပန်အင်ပါယာသည် ထိုင်းနိုင်ငံအတွင်း စစ်အခြေစိုက်စခန်းများအသုံးပြုရန်လိုအပ်ခဲ့သည်။ ဝန်ကြီးချုပ် ဖီဘန်ဆောင်ခရန် သည် နှစ်နိုင်ငံလုံးကို တစ်ဖက်နှင့်တစ်ဖက်ဆန့်ကျင်ဘက်ပြုခြင်းအားဖြင့် အချိန်အတော်အတန်ကြာအောင် ကြားနေမှုကိုထိန်းထားနိုင်ခဲ့သည်။ သို့သော် ၁၉၄၁၊ ဒီဇင်ဘာ ၈ ရက်အစောပိုင်းတွင် ဂျပန်တို့ စတင်လိုက်သည့် ပြင်သစ် အင်ဒိုချိုင်းနားမှစ၍ ထိုင်းနိုင်ငံ၏ ကမ်းရိုးတန်းတလျှောက်ရှိ နေရာ ၉ နေရာအား ရုတ်တရက် တိုက်ခိုက်လိုက်ခြင်းဖြင့် အဆုံးသတ်စေခဲ့သည်။ သို့သော် ထိုင်းတပ်ဖွဲ့အင်အား များပြားစွာဖြင့် ခုခံသော်လည်း များမကြာမီ သိမ်းပိုက်ခံလိုက်ရသည်။ ၀၇:၃၀တွင် ဝန်ကြီးချုပ် ဖီဘန်မှ စစ်ပြုခြင်းအား ရပ်တန့်ရန် အမိန့်ထုတ်ပြန်ခဲ့သော်လည်း တပ်ဖွဲ့များအားလုံးဆီ သတင်းရောက်ရှိရန်မှာ အနည်းဆုံးနောက်ထပ်တစ်ရက်တိုင်ကြာမြင့်ခဲ့ပြီး ခုခံမှုသည်လည်း ထိုနေ့တိုင်အောင် ဆက်လက်ဖြစ်ပွားခဲ့သည်။ ဖီဘန်သည် ဂျပန်နှင့်အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်ကိုလက်မှတ်ရေးထိုးခဲ့ပြီး အင်ပါယာအား ထိုင်းနိုင်ငံတစ်ဆင့် ၎င်း၏တပ်များကိုရွှေ့ပြောင်းခွင့်ပြုခဲ့သည်။ ဂျပန်၏ ဗြိတိသျှ မလေးကို အလွယ်တကူသိမ်းပိုက်နိုင်မှုကြောင့် ဖီဘန်သည် ထိုင်းနိုင်ငံအား ဝင်ရိုးစွန်းနိုင်ငံအဖွဲ့ဝင်အဖြစ် ဝင်ရောက်ခဲ့ပြီး ဗြိတိသျှနှင့် အမေရိကန်တို့အား တရားဝင် စစ်ကြေညာခဲ့သည်။ သို့သော်လည်း ထိုအချိန်က ဘုရင်ငယ်ကလေး၏အမည်ဖြင့် လက်မှတ်ထိုးရန်အတွက် ရင်ခွင်ပိုက်အစိုးရက ငြင်းဆန်ခဲ့သည်။ (ဝါရှင်တန်ရှိ ထိုင်းနိုင်ငံအမတ်က စစ်ကြေငြာရန် ငြင်းဆန်ခဲ့ပြီး အမေရိကန်တို့က ထိုင်းနိုင်ငံအား အသိမ်းပိုက်ခံနိုင်ငံတစ်ခုအဖြစ် သတ်မှတ်ထားခဲ့သည်။) တက်ကြွပြီး နိုင်ငံခြားအထောက်အပံ့များရရှိထားသည့် တော်လှန်ရေးလှုပ်ရှားမှုဖြစ်သည့် ထိုင်းလွတ်မြောက်ရေးလှုပ်ရှားမှု သည် ကြီးမားသည့် အောင်မြင်မှုများ ရရှိခဲ့ပြီး စစ်ပြီးနောက် အောင်ပွဲရရှိခဲ့သည့် မဟာမိတ်နိုင်ငံများ ၏မျက်စိတွင် ထိုင်းနိုင်ငံအား အကောင်းမြင်စေရန် ကြိုးစားရာ၌ ကူညီပေးခဲ့ယုံသာမက စစ်ပြီးနောက် စစ်ရှုံးနိုင်ငံအဖြစ် အဆက်ဆံမခံရစေပဲ သိမ်းပိုက်ခံနိုင်ငံအဖြစ် ဆက်ဆံခံရရန်အတွက်လည်း ကူညီပေးခဲ့သည်။

ကိုရီးယားစစ်ပွဲ (၁၉၅၀–၁၉၅၃)[ပြင်ဆင်ရန်]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ကိုရီးယားစစ်ပွဲအတွင်း ထိုင်းနိုင်ငံ
ဘူဆန်သို့ရောက်ရှိနေသောထိုင်းစစ်သားများ

ကိုရီးယားကျွန်းဆွယ်တွင် ကုလသမဂ္ဂ စီရင်ချက်ကြောင့် ဖြစ်ပေါ်လာသည့် ပဋိပက္ခအတွင်း ထိုင်းနိုင်ငံသည် အမှတ် ၂၁ ခြေလျင်တပ်ရင်း၏ ပထမတပ်ရင်းကို စစ်သည်အင်အားများ ထောက်ပံ့ပေးပိုးခဲ့ပြီး အဆိုပါ ကိုရီးယားစစ်ပွဲအတွင်း ထိုင်းလူမျိုး ၆၅,၀၀၀ခန့် အမှုထမ်းခဲ့ကြသည်။ ခြေလျင်တပ်သားများသည် ၁၉၅၃ခုနှစ် ပေါ့ပ်ချော့တောင်တန်းတိုက်ပွဲ(Battle of Pork Chop Hill)တွင် အစိတ်တဒေသ ပါဝင်တိုက်ခိုက်ခဲ့သည်။ စစ်ပွဲအတွင်းတွင် ထိုတပ်ရင်းသည် အမှတ်၁၈၇ လေကြောင်းချီတပ်ရင်းနှင့် ဗြိတိသျှ အမှတ် ၂၉ ခြေလျင်တပ်ရင်းများတွင် အချိန်အတော်ကြာ ပူးပေါင်းပါဝင်ချီတပ်ခဲ့သည်။ ထို့အပြင် ကုလသမဂ္ဂထိန်းချုပ်ရေး ဖွဲ့စည်းမှုဌာနသို့ လေကြောင်းပို့ဆောင်ရေးယူနစ်တစ်ခုနှင့်အတူ HTMS Bangprakong, Bangpako, Tachin, and Prasae ခေါ် စစ်ရေယာဉ် ၄ စင်း ထောက်ပံ့ပေးအပ်ခဲ့သည်။ ထိုင်းကိုယ်စားပြုတပ်ဖွဲ့သည် ထိုသို့ တပ်ကြွစွာ ပါဝင်တိုက်ခိုက်ခဲ့ပြီး ဒဏ်ရာရရှိသူလည်း အမြောက်အများရှိခဲ့သည်။ ထိုအထဲတွင် သေဆုံးသူ ၁၃၉ ဦးနှင့် ဒဏ်ရာရရှိသူ ၃၀၀ကျော်ရှိခဲ့သည်။ ထိုသူများသည် တောင်ကိုရီးယားတို့ အပစ်ရပ်သည်အထိ ကျန်ရှိနေခဲ့ပြီး ထိုင်းနိုင်ငံသို့ ၁၉၅၅ ခုနှစ်တွင် ပြန်လည်ရောက်ရှိကြသည်။ [၄][၅][၆]

ဗီယက်နမ်စစ်ပွဲ (၁၉၅၅-၁၉၇၅)[ပြင်ဆင်ရန်]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ဗီယက်နမ်စစ်ပွဲအတွင်း ထိုင်းနိုင်ငံ
ဗီယက်နမ်စစ်ပွဲအတွင်း၌ အမေရိကန်လေတပ် ယာဉ်တစ်စင်းပေါ်သို့ တက်ရောက်နေသည့် ထိုင်းစစ်သည်များ

ထိုင်းနိုင်ငံနှင့် အနီးကပ်ဆုံးဖြစ်သည့် ဗီယက်နမ်နိုင်ငံ၏ ပဋိပက္ခများကို ဘန်ကောက်မှ အနီးကပ်စောင့်ကြည့်ခံခဲ့ရသည်။ အမေရိကန်တို့၏တောင်ဗီယက်နမ်အား ၁၉၆၃ ခုနှစ်အတွင်း ထောက်ခံအားပေးသည့် စုပေါင်းပါဝင်မှုမတိုင်ခင် အချိန်ထိ ထိုင်းနိုင်ငံ၏ ဗီယက်နမ်အပေါ် ပါဝင်ပက်သက်မှုသည် တရားဝင်မဟုတ်သေးချေ။ ၎င်းနောက်ပိုင်းမှ ထိုင်းအစိုးရသည် အမေရိကန်ပြည်ထောင်စုအား ထိုင်းနိုင်ငံရှိ လေကြောင်းနှင့် ရေကြောင်းအခြေစိုက်စခန်းများအား အသုံးပြုရန် ခွင့်ပြုခဲ့ကြသည်။ စစ်ရှိန်တက်ချိန်တွင် အမေရိကန်စစ်သည်ပေါင်း ၅၀,၀၀၀ ခန့်သည် ထိုင်းနိုင်ငံရှိ စခန်းများတွင်နေထိုင်ခဲ့ကြပြီး အများစုမှာ လေထီးစစ်သည်များဖြစ်ကြသည်။[၇] ၁၉၆၇၊ အောက်တိုဘာလတွင် တပ်ရင်းအရွယ်ထိုင်းယူနစ်ဖြစ်သော Queen's Cobras အား အမေရိကန်၊ သြစတြေးလျ၊ နယူးဇီလန်နှင့်တောင်ဗီယက်နမ်တို့နှင့်အတူတိုက်ခိုက်ရန် Bien Hoa ရှိ Camp Bearcat သို့စေလွှတ်ခဲ့သည်။ ခန့်မှန်းခြေအားဖြင့် ထိုင်းစစ်တပ် ၄၀,၀၀၀ ခန့်သည်တောင်ဗီယက်နမ်တွင်အမှုထမ်းခဲ့လိမ့်မည်ဖြစ်ပြီး ၃၅၁ ဦး သေဆုံး၍ ၁,၃၅၈ ဦး ဒဏ်ရာရရှိသည်။[၇][၈][၉] ထိုင်းစစ်သည်များ၏ လုပ်ဆောင်ချက်များကြောင့် သူရသတ္တိနှင့် ပြည့်စုံသည့် ဂုဏ်သတင်းများကြော်စောလာခဲ့ပြီး ထိုစစ်သည်များသည် ထိုင်းတော်ဝင်စူးစမ်းလေ့လာရေးတပ်ခွဲ (အမဲရောင်ပန်သာကျား)မှ တပ်သားများ တပ်ရုပ်သိမ်းသည့် ၁၉၇၁ ခုနှစ်အထိ ဗီယက်နမ်နိုင်ငံတွင် တာဝန်ထမ်းဆောင်ခဲ့ကြသည်။[၈]

ထိုင်းတို့သည် လောရှင်းပြည်တွင်းစစ်တွင်လည်း ပါဝင်ပက်သက်ခဲ့ကြပြီး ၁၉၆၄ခုနှစ်မှ ၁၉၇၂ ခုနှစ်ထိ ကွန်မြူနစ်ဖက်သက်လာအိုနှင့် မြောက်ဗီယက်နမ်တို့အား ဆန့်ကျင်သည့် လျှို့ဝှက်စစ်ဆင်ရေးများကို ထောက်ပံ့ပေးခဲ့သည်။ ၁၉၇၅ ခုနှစ်တွင်ဘန်ကောက်နှင့် ဝါရှင်တန်အကြားဆက်ဆံရေးပြိုကွဲသွားပြီး၊ ကုကရစ်ပရာမော့်အစိုးရသည် အမေရိကန်စစ်တပ်များအားလုံးကို ရုပ်သိမ်းပေးရန်နှင့် အမေရိကန်အခြေစိုက်စခန်းအားလုံးကိုပိတ်သိမ်းရန်တောင်းဆိုခဲ့သည်။ ထိုကိစ္စရပ်သည် ၁၉၇၆ခုနှစ် မတ်လတွင်လုံးဝပြီးစီးခဲ့သည်။[၁၀]

အရှေ့တီမော (၁၉၉၉-၂၀၀၂)[ပြင်ဆင်ရန်]

အရှေ့တီမော ပဋိပက္ခအပြီး ထိုင်းနိုင်ငံနှင့် အခြား ၂၈နိုင်ငံတို့သည် အရှေ့တီမောအတွက် နိုင်ငံတကာတပ်ဖွဲ့ကို ထောက်ပံ့ပေးခဲ့ကြသည်။ ထိုင်းနိုင်ငံသည် တပ်ဖွဲ့မှူးအဖြစ် ဒုတိယဗိုလ်မှူးချုပ် ဝိနိုင် ပတ္တီယကူးလ် အား ပေးပို့ခဲ့သည်။ ထိုတပ်ဖွဲ့သည် ဒီလီတွင် အခြေစိုက်ပြီး ၁၉၉၉ အောက်တိုဘာ ၂၅ မှ ၂၀၀၂ မေလ ၂၀ အထိကြာအောင် တပ်စွဲထားခဲ့သည်။ [၁၁]

၂၀၀၁ ခုနှစ် ရွှေမြွေဟောက် လေ့ကျင့်ရေးအတွင်း ထိုင်းနှင့် အမေရိကန်စစ်တပ်တို့ အတူတကွ လေ့ကျင့်နေပုံ

အီရတ် စစ်ပွဲ (၂၀၀၃-၂၀၀၄)[ပြင်ဆင်ရန်]

အမေရိကန်တို့၏ အီရတ်သိမ်းပွဲအောင်မြင်စွာပြီးဆုံးပြီးနောက်တွင် ထိုင်းလူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးတပ်ဖွဲ့ ၉၇၆ ထိုင်း-အီရတ်(Thai Humanitarian Assistance Task Force 976 Thai-Iraq) သည် တိုက်ခိုက်ရေးမဟုတ်သည့်တပ်ဖွဲ့ဝင် ၄၂၃‌ေယာက်အား ၂၀၀၃ ခုနှစ် ဩဂုတ်လတွင် နိုင်ငံတော် ပြန်လည်တည်ထောင်ရေးနှင့် ဆေးဝါးအကူအညီပေးရန်အတွက် ပို့စ်-ဆဒ္ဒန် အီရတ်တွင် ဝင်ရောက်ကူညီစေ၏။[၁၂] ထိုင်းတို့သည် ကာဘာလာရှိ ၎င်းတို့အခြေစိုက်စခန်းမှ မထွက်ခွာနိုင်အောင် ယင်းတို့၏စည်းမျဥ်းများက အုပ်ချုပ်ထားပြီး ယင်းတို့ ပါဝင်ဆောင်ရွက်ခြင်းက တားဆီးနေပြီး အီရတ်ရှိ ထိုင်းတို့၏ တာဝန်းထမ်းနေသည့် သက်တမ်းအတွင်း သူပုန်များကြောင့် လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးရန် မဆောင်ရွက်နိုင်သောကြောင့် လုပ်ငန်းတာဝန်မပြီးမြောက်နိုင်ပဲဖြစ်နေ၏။ [၁၃]ထိုင်းတော်ဝင်တပ်မတော်၏ တပ်ဖွဲ့များအား ၂၀၀၃ ခုနှစ် ကာဘာလာဗုံးပေါက်ကွဲမှုများဖြင့် တိုက်ခိုက်ခဲ့ကြီး ထိုအတွင်း စစ်သည် ၂ ဦးသေဆုံးခဲ့ရကာ အခြားစစ်သည် ၅ ဦး ဒဏ်ရာရရှိခဲ့သည်။[၁၄] မည်သို့ပင်ဆိုစေ ထိုင်းတို့၏ အီရတ်နိုင်ငံတွင်း တာဝန်မှာ အပေါ်ယံခြုံငုံကြည့်ပါက အောင်မြင်သည်ဆိုရမည်ဖြစ်ပြီး ၂၀၀၄ ခုနှစ် ဩဂုတ်လတွင် ထိုင်းနိုင်ငံက ၎င်းတို့၏ တပ်ဖွဲ့များအား ရုပ်သိမ်းနိုင်ခဲ့သည်။ ဤတာဝန်အား ကမ္ဘာ့ကုလသမ္မဂ္ဂအဖွဲ့ကြီးက နေတိုး တပ်ဖွဲ့မဟုတ်သည့် အဓိကမဟာမိတ်တစ်ခုအဖြစ် ထိုင်းနိုင်ငံအား သတ်မှတ်ခဲ့သည့် ဆုံးဖြတ်ချက်အား ၂၀၀၃ ခုနှစ်တွင် ချမှတ်ခဲ့သည်။ [၁၅]

ထိုင်းတောင်ပိုင်း သောင်းကျန်းမှု (၂၀၀၁-ယနေ့အချိန်ထိ)[ပြင်ဆင်ရန်]

လက်ရှိဖြစ်ပွားလျက်ရှိသော တောင်ပိုင်းသောင်းကျန်းမှုများသည် ဝန်ကြီးချုပ် ပလယ် ဖိဘွန်ဆောင်ကရမ်(Plaek Phibunsongkhram)၏ ၁၉၄၄ အမျိုးသား ယဉ်ကျေးမှုအက်ဥပဒေအား ဆန့်ကျင်ရာမှ စတင်ခဲ့ခြင်းဖြစ်ပြီးအဆိုပါ ဥပဒေတွင် ဒေသတွင်းရှိ ကျောင်းများတွင် အသုံးပြုနေသော မလေးဘာသာအား ထိုင်း ဘာသာဖြင့် အစားထိုးခြင်းနှင့် မလေးလူမျိုးစု ၃ မျိုး နှင့် မူဆလင်အများစုနေထိုင်သည့် ယာလာပဿနီ နှင့် နရတ္ထီဝတ် နယ်စပ်ပြည်နယ်များရှိ အစ္စလာမ်တရားရုံးများအား ဖျက်သိမ်းစေခြင်းများပါဝင်သည်။ သို့သော်လည် ၎င်းကိုနှိုင်းယှည်ကြည့်ပါက အလွန်သေးငယ်သည့် အတိုင်းအတာတစ်ခုအဖြစ်အမြဲရှိနေခဲ့သည်။ သောင်းကျန်းမှုများသည် ၂၀၀၁ ခုနှစ်တွင် အရှိန်မြင့်လာခဲ့ပြီး ထိုအချိန်က ဝန်ကြီးချုပ် သက်ဆင် ရှင်နာဝပ် (Thaksin Shinawatra) အုပ်ချုပ်ချိန် အတောအတွင်းဖြစ်သည်။ အကြမ်းဖက်တိုက်ခိုက်မှုများအား ထိုင်းလူမျိုးအများစုနေထိုင်သည့် ပြည်နယ်များထိတောင်အောင် ကျယ်ပြန့်စွာ တိုက်ခိုက်လာခဲ့ကြသည်။ ထိုင်းတော်ဝင်တပ်မတော်သည် ၎င်းတို့၏ အမိန့်အာဏာအား ကျော်လွန်၍ ပြင်းထန်သော လက်နက်ကိုင်နည်းဗျူဟာများဖြင့် တုံ့ပြန်ခဲ့ကြပြီး ထို့ကြောင့်ပင် အကြမ်းဖက်မှုများအား ပိုမိုပြင်းထန်လာစေခဲ့သည်။ ၂၀၁၂ခုနှစ်နှောင်းပိုင်းအရောက်တွင် ပဋိပက္ခကြောင့် ပြည်သူ ၂,၃၁၆ ဦး၊ စစ်သည် ၃၇၂ဦး၊ ရဲ ၂၇၈ ဦး၊ သူပုန်ဟု စွပ်စွဲခံရသူ ၂၅၀၊ ပညာရေးဝန်ထမ်း ၁၅၇ ဦး၊ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ၇ ပါး အပါဝင် အသက်ပေါင်း ၃,၃၈၀ ခန့်ကြွေလွှင့်ခဲ့ရသည်။ သေဆုံးသူအများစုသည် မူဆလင်များသာဖြစ်ကြပြီး ထိုင်းအစိုးရကိုထောက်ခံသည်ဟုယူဆသောကြောင့် ယင်းတို့ကိုပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ကမ္ဘောဒီးယား - ထိုင်းနယ်စပ်ရပ်တည်မှု (၂၀၀၈-၂၀၁၁)[ပြင်ဆင်ရန်]

ဤဖြစ်ရပ်သည် ၂၀၀၈ ခုနှစ် ဇွန်လတွင် စတင်ဖြစ်ပွားခဲ့သည့် ဘုရား ဝိဟာရ (ပရဲဗီဟား)ဘုရားကျောင်း နယ်စပ်အငြင်းပွားမှုမှ စတင်ခဲ့ခြင်းဖြစ်သည်။ နှစ်ဖက်တိုက်ပွဲများစွာဖြစ်ပွားခဲ့သည်။ အဆိုပါအငြင်းပွားမှုနယ်မြေပေါ်တွင် နှစ်ဖက်စလုံးမှ ၎င်းတို့ပိုင်ဆိုင်ကြောင်း တောင်းဆိုမှုများပြုလုပ်ခဲ့ကြသည်။

ဆူဒန် (၂၀၁၀-၂၀၁၁)[ပြင်ဆင်ရန်]

ထိုင်းစစ်သည်များသည် ဆူဒန်တွင်ကျင်းပသည့် ဆူဒန်ရှိ ကုလသမ္မဂ္ဂလုပ်ငန်းစဉ်-၂၀၁၁(United Nations Mission in Sudan)တွင် ပါဝင်ခဲ့သည်။

လက်ရှိ ဖွံ့ဖြိုးတိုးတတ်မှုများ[ပြင်ဆင်ရန်]

ထိုင်းစစ်တပ်သည်ရဲအဖြစ်ရပ်တည်ခဲ့သည်[ပြင်ဆင်ရန်]

၂၀၁၆ ခုနှစ်မတ်လ ၂၉ ရက်နေ့တွင် စစ်အစိုးရအကြီးအကဲ ပရာယွတ်ချန်အိုချာ လက်မှတ်ရေးထိုးခဲ့သည့်ပုဒ်မ ၄၄ အမိန့် (NCPO အမိန့် ၁၃/၂၅၅၉) ကို ဘန်ကောက်ပို့စ်သတင်းစာမှ သုံးသပ်သည်မှာ NCPO သည်“ ... နှစ်ရှည်လများကြီးလေးသောပျက်စီးမှုများကိုဖြစ်ပေါ်စေလိမ့်မည်ဟု "ပြောကြားခဲ့သည်။ ထိုင်းရဲတပ်ဖွဲ့မှတာဝန်ရှိသူများအား ရာဇဝတ်မှုကျူးလွန်သည်ဟုသံသယရှိသူအား ဖိနှိပ်ရန်နှင့် ရာဇဝတ်မှု ကျူးလွန်သည်ဟု သံသယရှိသူမည်သူ့ကိုမဆို ဖမ်းဝရမ်းမပါပဲ မည်သည့်နေရာတွင် မဆို တိတ်တဆိတ် ဖမ်းဆီးပြီး ၇ ရက်ကြာထိမ်းသိမ်းထားနိုင်သည် ဟူသော အမိန့်စာပါသည့် အက်ဥပဒေအား လက်မှတ်ရေးထိုးအတည်ပြုခဲ့သည်။ ဘဏ်အကောင့်များအား ရပ်တန့်ထားနိုင်ပြီး စာရွက်စာတမ်းများနှင့် ပိုင်ဆိုင်မှုများအား သိမ်းဆည်းနိုင်သည်။ ခရီးသွားခြင်းကိုလည်း ပိတ်ပင်တားဆီးိုင်သည်။ စစ်သားများအတွက် အလိုအလျောက် ကာကွယ်ခွင့်အား အမိန့်စာတွင် ထည့်သွင်းထားပြီးလျင် အလွဲသုံးစားလှုပ်မှုပြုလုပ်ခဲ့လျှင် လွတ်လပ်သော ကြီးကြပ်ကွပ်ကဲခြင်း သို့မဟုတ် အကူအညီတောင်းခံနိုင်ခြင်းများမရှိချေ။ အမိန့်သည် ချက်ချင်း သက်ရောက်ခဲ့သည်။ အကျိုးရလာဒ်အနေဖြင့် စစ်တပ်သည် ရဲများထက် ပိုမိုအာဏာရှိပြီး ကြီးကြပ်မှုနည်းပါးခြင်းဖြစ်စေသည်။

အစိုးရမှ ကြေညာသည်မှာ ဤအမိန့်စာ၏ ရည်ရွယ်ချက်သည် "စစ်တပ်အရာရှိများအား ငွေညှစ်ခြင်း၊ လူကုန်ကူးခြင်း၊ ကလေးနှင့်အလုပ်သမားအလွဲသုံးစားမှု၊ လောင်းကစားခြင်း၊ ပြည့်တန်ဆာလုပ်ငန်း၊ တရားမဝင် ဧည့်လမ်းညွှန်ဝန်ဆောင်မှုများ စျေးနှုန်းညှိနှိုင်းမှုနှင့် လက်နက်များ ရောင်းဝယ်ဖောက်ကားခြင်းများအား ဖိနှိပ်ရာတွင် လုပ်ငန်းစဥ်များအား အားဖြည့်ကူညီရန်အတွက်ဖြစ်သည် ဟူ၏။ အစိုးရ၏သဘောထားကွဲလွဲမှုများကို ထိန်းချုပ်ရန်နှင့်ခြိမ်းခြောက်ရန်ရည်ရွယ်ခြင်းမဟုတ်ပါ။ တရားခံများသည် ဤကဲ့သို့သောအမှုမျိုးတွင် ပုံမှန်တရားစီရင်ရေးလုပ်ငန်းစဉ်များအတိုင်းသွားရမည်ဖြစ်ပြီး ရဲသည် အဓိက စုံစမ်းထောက်လှမ်းစူအဖြစ်ရှိမည်၊ အမှုများသည် ပြည်သူ့တရားရုံးများတွင် စီရင်မည်ဖြစ်ပြီး စစ်တပ်နှင့်သက်ဆိုင်သည့် တရားရုံးများတွင်မဟုတ်ချေ။ ထို့အပြင် ဤအမိန့်စာသည် အာဏာအား အလွဲသုံးစားပြုလုပ်သည့် စစ်တပ်အရာရှိများအား တိုင်တန်းမှုများ ပြုလုပ်နိုင်သည့် တရာခံများ၏ ရပိုင်ခွင့်အား လုယူမည်မဟုတ်"

NCPO ကပြောကြားသည်မှာ ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ဝင်အင်အားသည် ၂၃၀,၀၀၀ ခန့်သာရှိသည့် ဖြစ်ရပ်အား မရည်ရွယ်ပဲ ၎င်းတို့၏ နောက်ဆုံးအမိန့်ကြေညာစာသည် လုံလောက်သည့် ရဲအရေအတွက် မရှိခြင်း သက်သက်ကြောင့်သာဖြစ်သည်ဟူ၏။ စစ်တပ်တို့သည် စစ်မှုထမ်းမဟုတ်သူ အစိုးရဝန်ထမ်းအားလုံးအား ၁၇ ရာခိုင်နှုန်းဖြစ်အောင် ပြုလုပ်ထားသည်။ ဤပမာဏသည် ထိုင်းနိုင်ငံရှိ လူပေါင်း ၁၀၀,၀၀၀ တိုင်းတွင် ရဲဝန်ထမ်းအင်အား ၃၄၄ ‌ေယာက်နှင့် ညီမျှပြီး မြန်မာ၊ ဖိလစ်ပိုင်နိုင်ငံရှိ ရဲအရည်အတွက် အချိုးထက် ၂ဆ ခန့်ပိုမိုများသည်။ ဂျပန်နှင့် အင်ဒိုနီရှားတို့၏ ပမာဏထက် ၁ဆခွဲခန့်ရှိပြီး အကြမ်းဖျဉ်းအားဖြင့် အမေရိကန်ပြည်ထောင်စုနှင့် အချိုးအစားတူဖြစ်သည်။

၂၀၁၆ ခုနှစ်၊ ဧပြီ ၅ ရက်တွင်ထုတ်ပြန်ခဲ့သောပူးတွဲကြေငြာချက်တွင် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW)၊ အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့နှင့် အပြည်ပြည်ဆိုင်ရာဥပဒေပညာရှင်ကော်မရှင်တို့အပါအဝင်အဖွဲ့ (၆) ခုက ထိုလုပ်ရပ်ကိုရှုတ်ချလိုက်သည်။

အဂတိလိုက်စားခြင်း[ပြင်ဆင်ရန်]

  • Asia Sentinel ၏ ၂၀၁၄ခုနှစ် ဖော်ပြချက်မှာ ထိုင်းစစ်တပ်သည် အာရှတိုက်ရှိ အဂတိအလိုက်စားဆုံးစစ်တပ်တွင်တစ်ခုအပါဝင်ဖြစ်သည်ဟူ၏။ ထိုင်းလက်နက်ကိုင်တပ်များသည် ၁၉၈၀ ပြည့်လွန်နှစ်များ မှစတင်၍ ဝယ်ယူမှုအရှုပ်တော်ပုံနှင့်ရှုပ်ထွေးသောအပြုအမူများတွင် သမိုင်းကြောင်းရှိသည်။
  • ၁၉၈၀ ပြည့်လွန်နှစ်များတွင် ထိုင်းတပ်မတော်သည် တရုတ်နိုင်ငံမှအရည်အသွေးမပြည့်သော သံချပ်ကာစစ်သည်တင်ယာဉ် ရာပေါင်းများစွာကိုဝယ်ယူခဲ့သည်၊ ယင်းတို့သည် အရည်အသွေးအလွန်ညံ့ဖျင်းပြီး သံချပ်ကာပြားကိုဂ‌ဟေဆော်ထားသည့်အပြားမှ အလင်းမြင်နေရသည်။
  • ထိုင်းလေတပ်သည် တရုတ်ဂျက်တိုက်လေယာဉ်များအား ဝယ်ယူခဲ့ပြီး ယင်းတို့သည်သက်တမ်းတို အင်ဂျင်များ တပ်ဆင်ထားသည်ကိုတွေ့ရသည်။ လေယာဉ်အဆင်းနှင့်အတတ်တို့တွင် ကြိုးဖြင့်ဆွဲစေခြင်းဖြင့် ထိုအင်ဂျင်များ၏ အင်ဂျင်နာရီလျော့ကျစေသည်။
  • ၁၉၇၇ခုနှစ်တွင် HTMS Chakri Naruebet လေယာဉ်တင်သင်္ဘောတစ်စင်းအား ဝယ်ယူတပ်ဆင်ခဲ့သည်။ စစ်ဆင်ရေးသမိုင်းတွင် တောက်ပြောင်စွာမစွမ်းဆောင်နိုင်သောကြောင့် ထိုယာဉ်အား ထိုင်းမီဒီယာများက ထိုင်း-တိုင်တန်းနစ်ဟူ၍ အမည်ပြောင်ပေးခဲ့ကြပြီး ဆင်ဖြူတော်အဖြစ် တင်စားကြလေသည်။
  • Sky Dragon ဟုအမည်ပေးထားသည့် Aeros 40D S / N 21 လေသင်္ဘောကို ၂၀၀၉ ခုနှစ်တွင်ဘတ်သန်း ၃၅၀ ဖြင့်ဝယ်ယူခဲ့သည်။ တကြိမ်လေထိုးလျှင် ဘတ် ၂.၈ သန်းကုန်ကျပြီး တစ်လဘတ် ၂၈၀၀၀၀ နှုန်းဖြင့် လေထိုးနေရသည်။ ၎င်းသည်ရှစ်နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး အများအားဖြင့် သိုလှောင်ရုံတွင် ဖြစ်ပြီး နှင့် တကြိမ် ပျက်ကြဖူးသည်။ လက်ရှိ NCPO ခေါင်းဆောင်သည် ၎င်းဝယ်ယူမှုအားအတည်ပြုရာတွင် အခရာကျသောသူဖြစ်သည်။
  • ၂၀၁၀ ခုနှစ်တွင် စစ်တပ်သည် ယူ‌ကေကုမ္ပဏီတစ်ခုမှ ပြုလုပ်သည် GT200 “ဗုံးရှာဖွေရေးစက်” (၁၅၇၆)ကို အမေရိကန်ဒေါ်လာ သန်း ၃၀ ပေး၍ ဝယ်ယူခဲ့သည်။ ကွင်းဆင်းစမ်းသပ်မှုများအရ ယင်းတို့၏ ဗုံးထောက်လှမ်းနှုန်းသည် ပုံမှန်ထက်နိမ့်ကျကြောင်း သက်သေပြပြီးသည့်တိုင် ထိုစက်ကိုနှစ်ပေါင်းများစွာဆက်လက်အသုံးပြုခဲ့သည်။
  • စစ်တပ်၏ စီမံခံ့ခွဲမှုဖြင့်ပြုလုပ်သော ရာဇဘတီ ဥယျဉ် ဖန်တီးရေးတွင် လေလံနှင့်ဝယ်ယူရေးလုပ်ငန်းစဉ်များသည် ၎င်းတို့၏ ကျွမ်းကျင်တတ်မြောက်မှုနှင့် မှန်ကန်မှုအပေါ် ပြည်သူလူထု၏ စိုးရိမ်စိတ်များအား မြင့်တတ်စေခဲ့သည်။

စစ်လက်နက် ပစ္စည်းများ[ပြင်ဆင်ရန်]

ထိုင်းတော်ဝင်ရေတပ်၏ လေယာဉ်တင်သင်္ဘော HTMS Chakri Naruebet
ထိုင်းတော်ဝင်လေတပ်၏ Saab JAS 39 Gripen

ထိုင်းနိုင်ငံ၏ကာကွယ်ရေးအသုံးစရိတ်သည် ၂၀၀၆ ခုနှစ်မှစ၍ မြင့်တက်လာခဲ့သည်။ ထိုအချိန်မှစ၍ စစ်တပ်သည်အရပ်သားအစိုးရများထံမှအကြိမ်ကြိမ်ထိန်းချုပ်ခဲ့သည်။ ၂၀၁၄ ခုနှစ်အာဏာသိမ်းမှုနောက်ပိုင်းကာကွယ်ရေးအသုံးစရိတ်သည်အမေရိကန်ဒေါ်လာ ၁ ဘီလီယံအထိတိုးတက်ခဲ့သည်။[၁၆]

Equipment[၁၇] Quantity In Service On Order
ပင်မတိုက်ပွဲဝင်တင့် နှင့် အပေါ့စားတင့် 788 788 200
APCsIFVs, ARVs, LCVs 2620 2620 300
ရွေ့လျားအမြောက် 1072 1072 60
တိုက်ပွဲဝင်လေယာဉ်များ 183 179 0
ပို့ဆောင်ရေးလေယာဉ်များ 114 114 0
လေ့ကျင့်ရေးလေယာဉ်များ 56 55 12
စစ်တပ်သုံး ရဟတ်ယာဉ်များ 282 282 25
လေယာဉ်တင်သင်္ဘောများ 1 1 0
တိုက်ရေယာဉ်များ 17 17 2 LPD
Fast Attack Craft-Missile (FAC-M)s 6 6 6
ရေငုပ်သင်္ဘောများ 0 0 3
ကင်းလှည့်ရေယာဉ်များ 127 127 2

ယူနီဖောင်း၊ ရာထူးနှင့် အဆောင်အယောင်[ပြင်ဆင်ရန်]

​အဖွဲ့အစည်းဆိုင်ရာကြံခိုင်မှုနှင့် ရဲဘော်ရဲဘက်စိတ်ရှိစေရန်အတွက် တည်ဆောက်ရာ၌ ထိုင်းဝန်ဆောင်မှုတစ်ခုစီတိုင်းသည် ယင်းတို့၏ ဝတ်စုံယူနီဖောင်းများ၊ ရာထူး အဆင့်သတ်မှတ်ခြင်းစနစ် နှင့် ရာထူးတံဆိပ်အဆောင်အယောင်တံဆိပ်များအား မတူကွဲပြားစေရန်အတွက် ဖန်တီးယူကြရသည်။[၁၈] ထိုင်းစစ်တပ်၏ ယူနီဖောင်းများသည် သမိုင်းကြောင်းအရ နိုင်ငံခြား ဩဇာလွှမ်းမိုးမှုများကို မြင်တွေ့နေရသည်။ ဥပမာအားဖြင့် ကွဲပြားသော ဝန်ဆောင်မှု ယူနီဖောင်းများသည် အမေရိကန်တို့၏ ပုံသဏ္ဍာန်ကိုအတုယူထားသော်လည်း အဆင့်နိမ့် ရေတပ်ဝန်ထမ်းများ၏ ယူနီဖောင်းများသည် ယင်းတို့၏ ပြင်သစ်တို့ ယူနီဖောင်းများနှင့် သဏ္ဍာန်တူနေသည်ကို တွေ့ကြရသည်။ ထိုင်းတော်ဝင်တရားရုံးတော်နှင့် ကြီးကျယ်ခမ်းနားသော တော်ဝင်အခမ်းအနားတွင် ပါဝင်သည့် စစ်တပ်၏ သမိုင်းဝင် အခန်းကဏ္ဍများအပေါ်တွင် ဗြိတိသျှအကြံပေးတို့၏ အစောပိုင်း ဩဇာလွှမ်းမိုးမှုသည် ရာထူးကြီးမားသည့် အရာရှိကြီးများနှင့် အခမ်းအနားတွင် ပါဝင်ခွင့်ရသည့် ဂုဏ်ထူးဆောင်အစောင့်တပ်များ၏ယူနီဖောင်းဝတ်ဆင်ခြင်းကို တင့်တယ်လှပစေရန် ပံ့ပိုးကူညီပေးခဲ့သည်။

ထိုင်းတော်ဝင်တပ်မတော် တီးဝိုင်းမှ တော်ဝင်အစောင့်တပ်ဖွဲ့အား အမျိုးမျိုးသော ယူနီဖောင်းဖြင့်တွေ့ရပုံ၊ ထိုင်းနိုင်ငံတော်အလံသဏ္ဍာန် အနီ၊ အဖြူ၊ အပြာ၊ အဖြူ၊ အနီ အစဉ်လိုက် တန်းစီထားကြသည်။

လက်နက်ကိုင်တပ်ဖွဲ့သုံးခု၏ရာထူးဖွဲ့စည်းပုံများသည်ယူအက်စ်တပ်မတော်ဌာနခွဲများနှင့်ဆင်တူသည်၊ သို့သော်လည်း ထိုင်းစနစ်တွင် ပြန်တမ်းဝင်မဟုတ်သူအရာရှိ (NCO) နှင့် အရာခံဗိုလ် ရာထူးနည်းပါးသည်။ ဘုရင်သည် ပြန်တမ်းဝင်အရာရှိအားလုံး၊ ပြည်နယ်၏အကြီးအကဲနှင့်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာအကြီးအကဲအနေဖြင့် အရာရှိအားလုံးကိုတာဝန်ပေးသည်။ပြန်တမ်းဝင်မဟုတ်သောအရာရှိများ၏ ရာထူးများကို ကာကွယ်ရေးဝန်ကြီးဌာနက ခန့်အပ်လေ့ရှိသည်။ သီအိုရီအရအမျိုးမျိုးသောရာထူးရှိသည့် အရာရှိများ၏ လုပ်ပိုင်ခွင့်နှင့်တာဝန်များသည် သူတို့၏အမေရိကန်လုပ်ဖော်ကိုင်ဖက်များနှင့်တူညီသည်။ မည်သို့ပင်ဆိုစေ အကြီးတန်းအရာရှိများ နှစ်ရှည်ပိုလျှံနေမှုကြောင့် - ၁၉၈၇ ခုနှစ်တွင် တပ်အင်အား အားလုံးပေါင်း ၂၇၃ ၀၀၀ တွင် ဗိုလ်ချုပ်နှင့် ရေတပ်ဗိုလ်ချုပ် ၆၀၀ ခန့်ရှိခဲ့- ထိုင်းဝန်ထမ်းရာထူးနေရာများကို အဆင့်မြင့်အရာရှိများက မကြာခဏခန့်ထားလေ့ရှိသည်။

ထိုင်းစစ်တပ်၏ တပ်ဖွဲ့ဝင်များသည် ယင်းတို့လိုအပ်သည့် ရာထူးဂုဏ်မြင့်မားခြင်း နှင့် လုပ်ငန်းတာဝန်များ၊ ဝတ္တရားနှင့် အကျိုးအမြတ်များ ကိုအထူး သတိပြုမိကြသည်။ ပြန်တမ်းဝင်မဟုတ်သော အရာရှိများ၊ အရာထမ်းများ၊ အခြား အရာရှိများကြားနှင့် အမျိုးမျိုးသော အဆင့်ရှိသည့် အရာရှိများအကြားရှိ ဆက်ဆံရေးများသည် အဆင့်အတန်းကွဲပြားခြားနားမှုများကို အထူးပုံစံပြုလုပ်ထားသော လူ့အဖွဲ့အစည်းတခုတွင် စစ်ရေးထုံးတမ်းစဉ်လာများဖြင့် အုပ်ချုပ်သည်။ ပြန်တမ်းဝင်မဟုတ်သော အရာရှိများနှင့် ပြန်တမ်းဝင်အရာရှိတို့အကြား ခြားနားချက်မှာ ပြန်တမ်းဝင်အရာရှိများသည် ကောလိပ် သို့မဟုတ် စစ်တက္ကသိုလ်တစ်ခုခု၌ ပညာသင်ကြားလာသူများဖြစ်ပြီး ပြန်တမ်းဝင်မဟုတ်သောအရာရှိများမှာ အလယ်တန်းကျောင်းတတ်ရောက်ထားခြင်းထပ်မပိုသည့် ပညာရေးသာရှိခြင်း ဖြစ်သည်။ အရာရှိများနှင့် စစ်မှုမထမ်းမနေရသူများကြားတွင်လည်း ကြီးမားသည့် ကွာဟချက်တစ်ခုရှိပြီး ၎င်းမှာ အများစုတွင် အခြေခံပညာရေး၊ ဝန်ထမ်းအတွေ့အကြုံနှင့် အထူးသင်တန်းတတ်ရောက်ထားမှု စသည့် ပညာအရည်အချင်းနည်းပါခြင်းဖြစ်သည်။

တရားဝင် ဂုဏ်ပြုခြင်းနှင့် ဂုဏ်ထူးဆောင်တံဆိပ်ပေးအပ်ခြင်းသည် ထိုင်းစစ်တပ်ထုံးထမ်းစဉ်လာတွင် အရေးကြီးသည့် နေရာတစ်ခု သိမ်းပိုက်ထားသည်။ အစိုးရသည် အမျိုးမျိုးသော ဆုများ ချီးမြှင့်ပေးပြီး ထူးချွန်သော သူရဲကောင်းတံဆိပ်၊ သူရသတ္တိ တံဆိပ် နှင့် ချီးမြှင့်ထိုက်သည့် တာဝန်ထမ်းဆောင်မှုများအပေါ်တွင် အလျင်အမြန် အသိမှတ်ပြုပေးရသည်။

အရာရှိအရာထမ်းများ၏ ရာထူးတံဆိပ်များ[ပြင်ဆင်ရန်]

Equivalent
NATO Code
OF-10 OF-9 OF-8 OF-7 OF-6 OF-5 OF-4 OF-3 OF-2 OF-1 OF(D) & Student officer
 ထိုင်း စစ်တပ်
Field Marshal General Lieutenant General Major General Brigadier Colonel Lieutenant Colonel Major Captain Lieutenant Sub Lieutenant
จอมพล พลเอก พลโท พลตรี พลจัตวา พันเอก พันโท พันตรี ร้อยเอก ร้อยโท ร้อยตรี นักเรียนนายร้อย
Field Marshal General Lieutenant General Major General Brigadier Colonel Lieutenant Colonel Major Captain Lieutenant Sub Lieutenant Cadet Officer


 ထိုင်း စစ်တပ်
Field Marshal General Lieutenant General Major General Brigadier Colonel Lieutenant Colonel Major Captain Lieutenant Sub Lieutenant
จอมพล พลเอก พลโท พลตรี พลจัตวา พันเอก พันโท พันตรี ร้อยเอก ร้อยโท ร้อยตรี นักเรียนนายร้อย
Field Marshal General Lieutenant General Major General Brigadier Colonel Lieutenant Colonel Major Captain Lieutenant Sub Lieutenant Cadet Officer


 ထိုင်း စစ်တပ်
Field Marshal General Lieutenant General Major General Brigadier Colonel Lieutenant Colonel Major Captain Lieutenant Sub Lieutenant
จอมพล พลเอก พลโท พลตรี พลจัตวา พันเอก พันโท พันตรี ร้อยเอก ร้อยโท ร้อยตรี นักเรียนนายร้อย
Field Marshal General Lieutenant General Major General Brigadier Colonel Lieutenant Colonel Major Captain Lieutenant Sub Lieutenant Cadet Officer
Equivalent
NATO code
OR-9 OR-8 OR-7 OR-6 OR-5 OR-4 OR-3 OR-2 OR-1
 ထိုင်း စစ်တပ်
Special Master Sergeant 1st Class Master Sergeant 1st Class Master Sergeant 2nd Class Master Sergeant 3rd Class No equivalent Sergeant Corporal Lance Corporal Private 1st Class No insignia
จ่าสิบเอกพิเศษ จ่าสิบเอก จ่าสิบโท จ่าสิบตรี สิบเอก สิบโท สิบตรี สิบตรีกองประจำการ พลทหาร
Master Sergeant 1st Class
(special rank)
Master Sergeant 1st Class Master Sergeant 2nd Class Master Sergeant 3rd Class Sergeant Corporal Lance Corporal Private 1st Class Private


 Royal Thai Navy
Special Chief Petty Officer 1st Class Chief Petty Officer 1st Class Chief Petty Officer 2nd Class Chief Petty Officer 3rd Class No equivalent Petty Officer 1st Class Petty Officer 2nd Class Petty Officer 3rd Class No equivalent No insignia
พันจ่าเอกพิเศษ พันจ่าเอก พันจ่าโท พันจ่าตรี จ่าเอก จ่าโท จ่าตรี พลทหาร
Fleet Chief Petty Officer
(special rank)
Chief Petty Officer 1st Class Chief Petty Officer 2nd Class Chief Petty Officer 3rd Class Petty Officer 1st Class Petty Officer 2nd Class Petty Officer 3rd Class Seaman


 Royal Thai Air Force
Flight Sergeant 1st Class Flight Sergeant 1st Class Flight Sergeant 2nd Class Flight Sergeant 3rd Class No equivalent Sergeant Corporal No equivalent Leading Aircraftman No insignia
พันจ่าอากาศเอกพิเศษ พันจ่าอากาศเอก พันจ่าอากาศโท พันจ่าอากาศตรี จ่าอากาศเอก จ่าอากาศโท จ่าอากาศตรี พลทหาร
'Special'
Flight Sergeant 1st Class
Flight Sergeant 1st Class Flight Sergeant 2nd Class Flight Sergeant 3rd Class Sergeant Corporal Leading Aircraftman Aircraftman

ဓာတ်ပုံပြခန်း[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. Manpower Reaching Military Age Annually။ Global Firepower။ 5 July 2018 တွင် ပြန်စစ်ပြီး။
  2. ၂.၀ ၂.၁ International Institute for Strategic Studies (2019)။ The Military Balance 2019။ London: Routledge။ p. 310။ ISBN 978-1857439885
  3. Grevatt၊ Jon (8 June 2018)။ Thailand sets USD7 billion defence budget for 2019Jane's။ 5 July 2018 တွင် ပြန်စစ်ပြီး။
  4. Factsheet. korea50.army.mil
  5. Rottman၊ Gordon (2002)။ Korean War Order of Battle: United States, United Nations, and Communist Ground, Naval, and Air Forces, 1950–1953။ Praeger။ pp. 120–121။ ISBN 978-0275978358
  6. Heroism of the Little Tigers (22 June 2010)။
  7. ၇.၀ ၇.၁ "Why Thailand Takes Pride in the Vietnam War" (Editorial)၊ New York Times၊ 7 November 2017။ 8 November 2017 တွင် ပြန်စစ်ပြီး 
  8. ၈.၀ ၈.၁ Forgotten Soldiers in Vietnam (Book review) (December 2011)။ 8 November 2017 တွင် ပြန်စစ်ပြီး။
  9. Thailand Involvement in Vietnam War (29 March 2015)။ 10 December 2017 တွင် ပြန်စစ်ပြီး။
  10. Comptroller General of the United States (1 November 1977)။ WITHDRAWAL OF U.S. FORCES FROM THAILAND: Ways to Improve Future Withdrawal Operations။ November 8, 2017 တွင် ပြန်စစ်ပြီး။
  11. UNTAET Archived 7 August 2009 at the Wayback Machine. Un.org. Retrieved on 18 January 2012.
  12. Thailand to withdraw troops from Iraq if attacked. Asian Tribune (21 April 2004).
  13. Ricks၊ Thomas E (2006)။ Fiasco; The American Military Adventure in Iraq။ London: Penguin။ pp. 346–347ISBN 9780141028507
  14. Karbala attacks kill 12, wound dozens Archived 20 April 2008 at the Wayback Machine.. CNN (27 December 2003). Retrieved on 2012-01-18.
  15. Thailand. centcom.mil
  16. "Planes, tanks, subs: the Thai generals' shopping list"၊ The Economic Times၊ 14 February 2019။ 14 February 2019 တွင် ပြန်စစ်ပြီး 
  17. The Institute for National Security Studies", chapter Israel, 2008, 23 March 2008.
  18. Thailand Archived 10 January 2009 at the Wayback Machine.. Lcweb2.loc.gov. Retrieved on 18 January 2012.