ဧကရာဇ်
ဧကရာဇ် (အင်္ဂလိပ်: emperor) သည် အင်ပါရာအနေအထားရှိသော တိုင်းပြည်ကို အစိုးရအုပ်ချုပ်သူဖြစ်သည်။ ဧကရာဇ (တစ်ပါးတည်းသောမင်း) ဟုအဓိပ္ပာယ်ရသည်။ ယေဘုယျအားဖြင့် သာမာန်ဘုရင်များ အထက်တွင် အုပ်စိုးနိုင်သူများကို ညွှန်းလေ့ရှိသည်။ သည်။ "Emperor" စကားလုံးသည် လက်တင်ဘာသာစကား imperator (စစ်ရေး အမိန့်ပေးသူ) ၊ ပြင်သစ်စကားလုံး emperere မှ ဆင်းသက်လာသည်။[၂] "Empress" ကို မြန်မာဘာသာဖြင့် "ဧကရီ" ဟူ၍ ဘာသာပြန်ပြီး အနက်မှာ ဘုရင်မဟူ၍ ဖြစ်သည်။[၃] "Empress" ကို သုံးရာတွင် အနက်သုံးခုဖြစ်နိုင်သည်။ ပထမမှာ ဧကရာဇ်ဘုရင်၏ မိဖုရား (empress consort)၊ ဒုတိယအနက်မှာ ကွယ်လွန်သူဧကရာဇ်ဘုရင်၏ မိဖုရားကြီး (empress dowager, မယ်တော်မိဖုရားကြီး)၊ တတိယအဓိပ္ပာယ်မှာ ကိုယ်တိုင်အုပ်ချုပ်သော ဧကရီဘုရင်မ (empress regnant) ဖြစ်သည်။ မြန်မာ့ထုံးတမ်းတွင် လက်နက်နိုင်ငံထူထောင်ခဲ့သော မြန်မာဘုရင်များကို ဘွဲ့မည်များတွင် ရာဇာဓိရာဇာ (မင်းများ၏မင်း)၊ မဟာဓမ္မရာဇာ (မင်းတရားကြီး) ဟု သုံးနှုန်းကြသည်။ ဧကရာဇ်ဟူသော အသုံးနှင့် တိုက်ရိုက်ထပ်တူမကျသော်လည်း မင်းတရားကြီးဟူသော အသုံးကို စော်ဘွားများ၊ လက်အောက်ခံမင်းများကို ရည်ရွယ်၍ သုံးလေ့မရှိပါ။
သရုပ်ဖော်ပုံပြခန်း
[ပြင်ဆင်ရန်]-
အာဏာရှင် ဂျူးလိယက်စ်ဆီဇာ၏ရုပ်တု။
-
ရောမအင်ပါယာ၏ ပထမဆုံးဧကရာဇ် ဩဂတ်စတက် ။
-
ဂျူစတန်းနီးယန်း ၁လက်ထက်အေဒီ၆ရာစု၊ ဆယ်စုနှစ်အနည်းငယ်စိုးစံခဲ့သူ။
-
အော်ဂိုစတီနို ဗင်နီဇီယာနိုအော်တိုမန်ဧကရာဇ်
-
အကျော်ကြားဆုံးအခမ်းအနားတစ်ခုဖြစ်သည့် ပဲရစ်ရှိနောဒီနာမီ ဘုရားရှိခိုးကျောင်းတွင် နပိုလီယန်၏နန်းတက်ပွဲ။ ပုပ်ရဟန်းမင်း Pius VII လက်ထက်
-
John VI, ပေါ်တူဂီဘုရင်နှင့် Algarves, ဘရာဇီး ဧကရာဇ် ။
-
ဂျော့ခ်ျ V၊ ယူနိုက်တက်ကင်းဒမ်းဘုရင် နှင့် ဗြိတိသျှဒိုမီနီယံ ၊ အိန္ဒိယ Emကရာဇ် ။
-
Wilhelm II ၊ ဂျာမန်ဧကရာဇ် နှင့် ပရက်ရှားဘုရင် ။
-
ရုရှားဘုရင်မ ကက်သရင်း
-
ဧကရာဇ် ဟီရိုဟီတို
ကိုးကား
[ပြင်ဆင်ရန်]- ↑ Weatherford၊ Jack (2016-10-25)။ Genghis Khan and the Quest for God: How the World's Greatest Conqueror Gave Us Religious Freedom (အင်္ဂလိပ်ဘာသာစကားဖြင့်)။ Penguin။ ISBN 978-0-7352-2116-1။
- ↑ Oxford English Dictionary
- ↑ Myanmar–English Dictionary (Myanmar Language Commission 1993)