လေသင်္ဘော

ဝီကီပီးဒီးယား မှ
ခေတ်သစ် လေသင်္ဘော

လေသင်္ဘောဆိုသည်မှာ ဓာတ်ငွေ့ဖြင့် ပျံသန်းရသော သို့မဟုတ် လေထက်ပေါ့သော ယာဉ်တစ်မျိုး ဖြစ်ပြီး ပဲ့နှင့် ပန်ကာများကို အသုံးပြု၍ သို့မဟုတ် အခြား တွန်းထုတ်သော နည်းလမ်းများကို အသုံးပြု၍ ထိန်းချုပ်မောင်းနှင်ရသော လေယာဉ်တစ်မျိုးလည်း ဖြစ်သည်။ တောင်ပံပါသော လေယာဉ်ပျံများ နှင့် ရဟတ်ယာဉ်များကဲ့သို့ အတောင်ပံကို လေထဲတွင် ရွေ့လျားခြင်းကြောင့် ပျံသန်းသည့် ယာဉ်မျိုးမဟုတ်ဘဲ လေသင်္ဘောများနှင့် မီးပုံးပျံများမှာ ကျယ်ပြန့်သော ကိုယ်ထည် အတွင်းတွင် လေထက်သိပ်သည်းဆ နည်းသော ဓာတ်ငွေ့များကို ဖြည့်သွင်းခြင်းဖြင့် လေပေါ်တွင် ပျံသန်းခြင်း ဖြစ်သည်။

အဓိက အမျိုးအစားများမှာ ကိုယ်ထည်အပျော့၊ ကိုယ်ထည် တစ်စိတ်တစ်ပိုင်း အမာ နှင့် ကိုယ်ထည် အမာတို့ ဖြစ်ကြသည်။ ကိုယ်ထည်အပျော့စား လေသင်္ဘောများမှာ အတွင်းတွင် အထောက်အကန် မပါရှိသော အသေးစား လေသင်္ဘောများ ဖြစ်ကြသည်။