အချုပ်အခြာအာဏာ

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

အချုပ်အခြာအာဏာဆိုသည်မှာ တိုင်းပြည်တစ်ခုကို စည်းကမ်းနည်းလမ်းကျနစွာဖြင့် မောင်းနှင် ထိန်းသိမ်းနိုင်ရန် အတွက်၎င်း၊ ပြည်သူတို့၏ အကျိုးစီးပွားတိုးတက်မှုကို ကာကွယ်ရန်အတွက်၎င်း လိုအပ်သည့်အာဏာမျိုးဖြစ်သည်။ အချုပ်အခြာပိုင်ဆိုင်မှုရှိမှသာလျှင် မိမိတို့တိုင်းပြည်နှင့်လူမျိုး အကျိုးကိုဖော်ဆောင်နိုင်မည်ဖြစ်သည်။ အချုပ်အခြာ အာဏာပိုင်ခြင်းသည် လွတ်လပ်သော တိုင်းပြည်တစ်ပြည်၏ အဓိက ဝိသေသလက္ခဏာ တစ်ရပ်ပင် ဖြစ်သည်။ အချုပ်အခြာ အာဏာကို အပိုင်းသုံးပိုင်းဖြင့် ခွဲခြားသတ်မှတ်သည်။

အုပ်ချုပ်ရေးအာဏာ[ပြင်ဆင်ရန်]

အုပ်ချုပ်ရေးအာဏာကို ပြည်သူတို့ရွေးကောက်ထားသည့် သက်ဆိုင်ရာ နိုင်ငံ့အကြီးအကဲက ကိုင်တွယ် အုပ်ချုပ်သည်။ ပါလီမန် ဒီမိုကရေစီ စနစ် ကျင့်သုံးသည့်နိုင်ငံများတွင် ဝန်ကြီးချုပ်၊ သမ္မတစနစ်ကျင့်သုံးသည့် နိုင်ငံများတွင် သမ္မတ များက အုပ်ချုပ်ရေး အကြီးအကဲအဖြစ်နှင့် ၎င်းအုပ်ချုပ်ရေးအာဏာကို စွဲကိုင်ကျင့်သုံးသည်။

ဥပဒေပြုရေးအာဏာ[ပြင်ဆင်ရန်]

ဥပဒေပြုရေးအာဏာ ကိုမူ လူတစ်ဦးတစ်ယောက်၏ ဦးစီးမှုအောက်တွင် ထားလေ့မရှိပဲ ပြည်သူတို့ ရွေးကောက်တင်မြှောက်ထားသည့် ကိုယ်စားလှယ်များ ဖြင့်ဖွဲ့စည်းထားသော လွှတ်တော်သို့ အပ်နှင်းထားသည်။ထို လွှတ်တော်၏ တာဝန်မှာ နိုင်ငံတွင် လိုအပ်သည့် ဥပဒေများကို အချိန်အခါ နှင့် အခြေအနေအရ သတ်မှတ်ပေးရန်ဖြစ်သည်။ ထိုသို့ဆုံးဖြတ်ရာတွင် ဥပဒေတစ်ရပ်ကို အတည်ပြု၊ မပြုမဲပေးခြင်းစနစ် ကို ကျင့်သုံးသည်။

တရားစီရင်ရေးအာဏာ[ပြင်ဆင်ရန်]

တရားစီရင်ရေးအာဏာကို တရားသူကြီးချုပ်နှင့် ဗဟိုတရားရုံးချုပ် အဖွဲ့ဝင် တရားသူကြီးများထံ အပ်နှင်းသည်။ ပြစ်မှုဆိုင်ရာ ကိစ္စတစ်ခုကို အဆုံးအဖြတ်ပေးခြင်းသည် အတွေ့အကြုံရင့်ကျက်မှု နှင့် သက်ဆိုင်ရာ ဥပဒေသ များကိုကျေညက်စွာ နားလည်မှု တို့ပေါ်တွင် မူတည်သဖြင့် တရားသူကြီးချုပ်ရာထူးကို ပြည်သူတို့ရွေးကောက်ခြင်းဖြင့် ခန့်အပ်မရနိုင်ပေ။ တရားသူကြီးချုပ်နှင့် အဖွဲ့ဝင်များကို နိုင်ငံ့အကြီးအကဲ (သမ္မတ၊ ဝန်ကြီးချုပ်) ကရွေးချယ်ပေးပြီး လွှတ်တော်က အတည်ပြုပေးခြင်းဖြင့် ခန့်အပ်လေ့ရှိကြသည်။