အမေရိကန်ဒေါ်လာ
အမေရိကန်ဒေါ်လာ သည် အမေရိကန်ပြည်ထောင်စု ၏ တရားဝင် ငွေကြေးဖြစ်သည်။ ဒေါ်လာပုံ သင်္ကေတ ($) ဖြင့် ကိုယ်စား ပြုသည်။ ဒေါ်လာ သို့ ယူအက်စ်ဒေါ်လာ ဟု ခေါ်ကြသည်။
အမေရိကန်ဒေါ်လာ တစ်ဒေါ်လာ တန် ငွေစက္ကူတွင် ဂျော့ချ် ဝါရှင်တန်၏ ရုပ်ပုံပါရှိသည်။ ငွေစက္ကူများမှာ ၁ ဒေါ်လာတန်၊ ၂ ဒေါ်လာတန်၊ ၅ ဒေါ်လာတန်၊ ၁၀ ဒေါ်လာတန်၊ ၂၀ ဒေါ်လာတန်၊ ၅၀ ဒေါ်လာတန်၊ ၁၀၀ ဒေါ်လာတန် ဟူ၍ အသီးသီးရှိကြသည်။
ဒေါ်လာတွင် ငွေရောင်နှင့် ရွှေရောင် အကြွေစေ့ ဟူ၍ရှိသည်။ ဈေးရောင်းစက် များသည် သဘောသဘာဝအရ များသောအားဖြင့် အကြွေစေ့များသာပြန်အမ်း လေ့ရှိကြသည်။ သို့သော် လူအများက ငွေစက္ကူသာ အသုံးများ ကြသည်။
တစ်ဒေါ်လာ တွင် ဆင့် ၁၀၀ ပါရှိသည်။ ဆင့် ခေါ် ပဲနိ သည် အမေရိကန်ပြည်ထောင်စု တွင် တန်ဖိုးအနည်းဆုံး သတ်မှတ်ချက် ဖြစ်သည်။ ဆင့် ၅၀ အကြွေစေ့၊ ၂၅ ဆင့် အကြွေစေ့၊ ၁၀ ဆင့်၊ ၅ ဆင့် နှင့် ၁ ဆင့် အကြွေစေ့ဟူ၍ ရှိသည်။ ငွေစက္ကူများနှင့် အကြွေစေ့ တို့၏ အရှေ့ဘက်ခြမ်း တွင် ကျော်ကြားသော အမေရိကန် များ၏ ပုံကို ရိုက်နှိပ်ထုတ်ဝေသည်။
ဒေါ်လာငွေစက္ကူ၏ တရားဝင် အခေါ်မှာ ပြည်ထောင်စုငွေစက္ကူ ဟူ၍ဖြစ်သည်။ ပြည်ထောင်စုဆိုသည်မှာ အမေရိကန် အစိုးရကို ညွန်းခြင်းမဟုတ်ဘဲ ပြည်ထောင်စုဘဏ်ကို ညွန်းခြင်းဖြစ်သည်။ အမေရိကန် ပြည်ထောင်စု အခြေခံဥပဒေ က အစိုးရသည် ရိုက်နှိပ်သော ငွေစက္ကူ တန်ဖိုးနှင့် ညီမျှသော ရွှေများကို ပြန်လည်လဲလှယ်နိုင်ရန် စုဆောင်းထားရှိရမည်ဟု ပါရှိသည်။ အမေရိကန်ပြည်ထောင်စု အစိုးရ သည် ထိုစည်းမျဉ်းအသုံးပြုခြင်းကို ၁၉၇၁ တွင် ရပ်ဆိုင်းခဲ့သည်။ ထို့ကြောင့် ငွေစက္ကူရိုက်နိုပ်ရန် ညီမျှသော ရွှေများ စုဆောင်းထားရှိရန် မလိုအပ်တော့ပါ။
များစွာသောဒေါ်လာများသည် လှည့်လည်သုံးစွဲရာတွင် မပါဝင်ပေ။ များသောအားဖြင့် စာရင်းအနေနှင့်သာ တည်ရှိသည်။ ပုံနိုပ်ခြင်းဗျူရိုမှ ရိုက်နိပ်သောအခါ ငွေစက္ကူအစစ်တစ်ရွက်၏ တန်ဖိုးသည် ရိုက်နှိပ်သော မင်နှင့်စက္ကူ တို့၏ တန်ဖိုးထက် ပိုမိုကုန်ကျတတ်သောကြောင့် ဖြစ်သည်။
အကြွေစေ့ပုံစံများ[ပြင်ဆင်ရန်]
- '
- '
1873
ဒေါ်လာငွေစက္ကူပုံစံများ[ပြင်ဆင်ရန်]
George Washington is on the front of the $1 bill
The Great Seal of the United States is on the back of the $1 Bill
Thomas Jefferson is on the front of the $2 bill
The Signing of the Declaration of Independence is on the back of the $2 bill
Abraham Lincoln is on the front of the $5 bill
The Lincoln Memorial is on the back of the $5 bill
Alexander Hamilton is on the front of the $10 bill
The U.S. Treasury Building is on the back of the $10 bill
Andrew Jackson is on the front of the $20 bill
The White House is on the back of the $20 bill
Ulysses S. Grant is on the front of the $50 bill
The U.S. Capitol is on the back of the $50 bill
Benjamin Franklin is on the front of the $100 bill
Independence Hall is on the back of the $100 bill
ကိုးကား[ပြင်ဆင်ရန်]
ဆက်စပ်ကြည့်ရန်ဆိုဒ်[ပြင်ဆင်ရန်]
![]() |
ဝီကီမီဒီယာ ကွန်မွန်းစ်တွင် အမေရိကန်ဒေါ်လာ နှင့် ပတ်သက်သော မီဒီယာ ရှိသည်။ |