သက်ဆင် ရှင်နာဝပ်
သက်ဆင် ရှင်နာဝပ် | |
|---|---|
Thaksin Shinawatra | |
Thaksin in 2005 | |
| ၂၃ ဦးမြောက် ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ် | |
| တာဝန်သက်တမ်း ၉ ဖေဖော်ဝါရီ ၂၀၀၁ – 19 September 2006 ၁၉ စက်တင်ဘာ ၂၀၀၆[မှတ်စု ၁] | |
| ဧကရာဇ် | ဘူမိဗလအတုလျတေဇ |
| ယခင်လူ | Chuan Leekpai |
| ဆက်ခံသူ | Sonthi Boonyaratglin |
| ကိုယ်ရေး အချက်အလက်များ | |
| မွေးဖွား | ၂၆ ဇူလိုင်၊ ၁၉၄၉ San Kamphaeng မြို့နယ်၊ ချင်းမိုင်ခရိုင်၊ထိုင်းနိုင်ငံ |
| နိုင်ငံရေးပါတီ | Palang Dharma Party (1994-1998) Thai Rak Thai Party (1998-2007) |
| သားသမီး |
|
| ဆွေမျိုးသားချင်း | ယင်လပ် ရှင်နာဝပ် |
| ပညာရေး |
|
| လက်မှတ် | |
သက်ဆင် ရှင်နာဝပ် (အင်္ဂလိပ်: Thaksin Shinawatra; ထိုင်း: ทักษิณ ชินวัตร) (၁၉၄၉ ဇူလိုင် ၂၆ ဖွား) သည် ထိုင်းနိုင်ငံမှ စီးပွားရေးသမားနှင့် နိုင်ငံရေးသမား တစ်ဦးဖြစ်ပြီး ထိုင်းဝန်ကြီးချုပ် အဖြစ် ၂၀၀၁ ခုနှစ်မှ ၂၀၀၆ ခုနှစ် အထိ တာဝန်ယူခဲ့ပြီးနောက် ၂၀၀၆ ခုနှစ် စစ်တပ် အာဏာသိမ်းမှုတွင် ဖယ်ရှားခြင်း ခံခဲ့ရသည်။ ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လပ် ရှင်နာဝပ် ၏ အစ်ကို ဖြစ်သည်။
သက်ဆင်သည် ထိုင်းနိုင်ငံမှ အအောင်မြင်ဆုံး မိုဘိုင်းဖုန်း ဆက်သွယ်ရေး ကုမ္ပဏီ အက်ဒ်ဗန့်စ် အင်ဖို ဆားဗစ် (Advanced Info Service) ကို တည်ထောင်ပြီးနောက်တွင် ဘီလီယံနာ သူဌေးတစ်ဦး ဖြစ်လာခဲ့သည်။ သက်ဆင်သည် ၁၉၉၄တွင် ဖာလန် ဒါမ ပါတီ (Phalang Dharma Party) မှတဆင့် နိုင်ငံရေး လောကသို့ ဝင်ရောက်လာခဲ့ပြီးနောက် ၁၉၉၆ ခုနှစ်တွင် အခြား အမတ်များနှင့် အတူ ပါတီမှာ ထွက်ခဲ့သည်။ ထို့နောက် ၁၉၉၈ ခုနှစ်တွင် ထိုင်းရတ်ထိုင်း ပါတီကို တည်ထောင်ခဲ့သည်။ ၂၀၀၁ ခုနှစ် သမိုင်းဝင် ရွေးကောက်ပွဲတွင် အောင်ပွဲရပြီးနောက် သူသည် ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။ ထိုင်းနိုင်ငံတွင် သက်တမ်းပြည့် တာဝန်ထမ်းဆောင် ခဲ့ရသော ပထမဆုံး ဝန်ကြီးချုပ် ဖြစ်သည်။ သက်ဆင်သည် ကျေးလက်ဒေသ ဆင်းရဲမွဲတေမှုများကို လျော့ချရန် ပေါ်လစီများစွာကို ထုတ်ဖော်ခဲ့ပြီး ၄ နှစ်အတွင်း ဆင်းရဲမွဲတေမှုကို တစ်ဝက်မျှ လျှော့ချနိုင်ခဲ့သဖြင့် အလွန် လူကြိုက်များခဲ့သည်။ သူသည် ဘတ် ၃၀ အစီအစဉ်ဟု လူသိများသော နိုင်ငံအတွင်း ပထမဆုံး အားလုံးနှင့် သက်ဆိုင်သော ကျန်းမာရေး စောင့်ရှောက်မှု အစီအစဉ်ကို စတင်ခဲ့ပြီး လူကြိုက်များသော မူးယစ်ဆေးဝါး နှိမ်နင်းမှုများကိုလည်း ပြုလုပ်ခဲ့သည်။ သက်ဆင်သည် အခြေခံ အဆောက်အအုံ အများအပြားတွင် ရင်းနီးမြှုပ်နှံမှု ပြုခဲ့ပြီး လမ်းများ ဖောက်လုပ်ခြင်း၊ မြို့တွင်း ရထားများ ပြေးဆွဲခြင်း နှင့် သုဝဏ္ဏဘုမ္မိ လေယာဉ်ကွင်း တည်ဆောက်ခြင်း တို့ ပါဝင်သည်။ ထိုသို့ ရင်းနှီးမြှုပ်နှံမှုများ ပြုခဲ့သော်လည်း အများပြည်သူဆိုင်ရာ ချေးငွေမှာ ၂၀၀၁ ခုနှစ်တွင် ဂျီဒီပီ၏ ၅၇ ရာခိုင်နှုန်းမှာ ၂၀၀၆ စက်တင်ဘာတွင် ၄၁ ရာခိုင်နှုန်း အထိ လျော့ကျလာခဲ့သည်။ ခြစားမှုများလည်း လျော့ကျလာခဲ့ပြီး နိုင်ငံတကာ ပွင့်လင်းမြင်သာမှု အဖွဲ့၏ ခြစားမှု လျော့ကျခြင်း ညွှန်းကိန်းတွင် ၂၀၀၁ မှ ၂၀၀၅ ခုနှစ်အတွင်း ၃.၂ မှ ၃.၈ အထိ မြင့်တက်လာခဲ့သည်။ ၂၀၀၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ထိုင်းရတ်ထိုင်း ပါတီမှ သမိုင်းတွင် မဲအများအဖြစ် မကြုံစဖူး ထူးခြားစွာ တပြည်လုံး အတိုင်းအတာဖြင့် အနိုင်ရခဲ့သည်။
သက်ဆင်း သည် ၂၀၀၆ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့တွင် စစ်အာဏာသိမ်းမှုတစ်ခုဖြင့် ရာထူးမှ ဖြုတ်ချခံခဲ့ရသည်။ သူ၏ပါတီကို တရားမဝင်ကြောင်း ကြေညာခဲ့ပြီး ၎င်းအား နိုင်ငံရေးလှုပ်ရှားမှုများမှ ပိတ်ပင်ခံခဲ့ရသည်။[၁] သက်ဆင်းသည် ၂၀၀၈ ခုနှစ်က ထိုင်းနိုင်ငံသို့ အချိန်တိုလာရောက်မှုမှအပ နှစ် ၁၅ နှစ်ကြာ ပြည်ပမှာ မိမိဆန္ဒအလျောက် ပြည်နှင်ဒဏ်ခံယူနေထိုင်ခဲ့ပြီးနောက် ၂၀၂၃ ခုနှစ် ဩဂုတ်လတွင် ထိုင်းနိုင်ငံသို့ ပြန်လာခဲ့သည်။ ပြည်နှင်ဒဏ်ခံနေရစဉ်အတွင်း အာဏာအလွဲသုံးစားမှုဖြင့် ၎င်းအား ကြိုတင်စီရင်ချက်အရ ထောင်ဒဏ် နှစ်နှစ် ချမှတ်ခံခဲ့ရပြီး[၅] ရဲဒုဗိုလ်မှူးကြီးအဆင့်ကိုလည်း ရုပ်သိမ်းခံခဲ့ရသည်။[၂]
ပြည်ပမှနေ၍ ၎င်းသည် ၂၀၀၈ ခုနှစ်တွင် အုပ်ချုပ်ခဲ့သော ပြည်သူ့အာဏာပါတီ (People's Power Party) နှင့် ၎င်း၏ ဆက်ခံသည့် ဖြည့်တိုင်းပါတီ (Pheu Thai Party)၊ အပါအဝင် အာဏာရှင်ဆန့်ကျင်ရေး ဒီမိုကရေစီ ပြည်သူ့ညီညွတ်တပ်ဦး (United Front for Democracy Against Dictatorship) သို့မဟုတ် "လက်နီအင်္ကျီနီ" လှုပ်ရှားမှုမှတစ်ဆင့် ထိုင်းနိုင်ငံရေးကို ဆက်လက်လွှမ်းမိုးခဲ့သည်။ ၎င်း၏ညီမ ယင်လပ် ရှီနာဝပ်ထရာ (Yingluck Shinawatra) သည် ၂၀၁၁ မှ ၂၀၁၄ ခုနှစ်အထိ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၎င်း၏အငယ်ဆုံးသမီး ပေထုံတန် ရှင်နာဝပ် (Paetongtarn Shinawatra) သည် ၂၀၂၄ ခုနှစ်မှ ၂၀၂၅ ခုနှစ် ဇူလိုင်လတွင် ရာထူးဆိုင်းငံ့ခံရပြီး နောက်ပိုင်း ရာထူးမှ ဖယ်ရှားခံရသည်အထိ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
နောက်ဆုံးတွင် သက်ဆင်းသည် ၂၀၂၃ ခုနှစ် ဩဂုတ်လ ၂၂ ရက်နေ့တွင် ထိုင်းနိုင်ငံသို့ ပြန်လာခဲ့ပြီး ချက်ချင်းပင် ထိန်းသိမ်းခြင်းခံခဲ့ရသည်။[၃] ၂၀၂၄ ခုနှစ်တွင် သူသည် ခြွင်းချက်လွှတ်ပေးခြင်းနှင့် လွတ်ငြိမ်းချမ်းသာခွင့် ရရှိခဲ့သော်လည်း နောက်ပိုင်း ၂၀၂၅ ခုနှစ်တွင်တရားရုံးချုပ်က ထောင်ဒဏ် တစ်နှစ် ချမှတ်ကာ ပြန်လည် ကျခံခဲ့ရသည်။ ၂၀၂၆ ခုနှစ် မေလ ၁၁ ရက်နေ့တွင် သက်ကြီးအကျဉ်းသားများအတွက် စောစီးစွာ လွှတ်ပေးရေး အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ၎င်းအား အကျဉ်းကျခံနေရခြင်းမှ လွှတ်ပေးခဲ့သည်။[၄]

ကိုးကား
[ပြင်ဆင်ရန်]- ↑ "Thaksin Shinawat: from billionaire to fugitive ex-prime minister"၊ The Guardian၊ 26 February 2010။
- ↑ คำสั่งหัวหน้าคณะรักษาความสงบแห่งชาติ ที่ ๒๖/๒๕๕๘ เรื่อง การดำเนินการเพื่อถอด พันตำรวจโท ทักษิณ ชินวัตร ออกจากยศตำรวจ (in th)။ 2023-08-24 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
- ↑ "Thaksin Shinawatra jailed on return to Thailand as his party regains power"၊ The Guardian၊ 22 August 2023။
- ↑ Thailand's ex-PM Thaksin to be released from prison (in en)။ 2026-05-11 တွင် ပြန်စစ်ပြီး။
မှတ်စု
[ပြင်ဆင်ရန်]- ↑ On leave from 5 April 2006 to 23 May 2006, Chitchai Wannasathit served as acting Prime Minister during the on leave.