ဂျွန် ကွင်စီ အဒမ်စ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ဂျွန် ကွင်စီ အဒမ်စ်
John Quincy Adams
၁၇၅၈-၁၈၂၆
John quincy adams.jpg
မွေးနေ့ ၁၁၊ ဂျူလိုင်၊ ၁၇၈၆
မွေးရပ် ကွင်စီ မက်ဆာချူးဆက်ပြည်နယ်
ကွယ်လွန်နေ့ ၂၃၊ ဖေဖော်ဝါရီ၊ ၁၈၄၈
ကွယ်လွန်ရပ် ကွင်စီ မက်ဆာချူးဆက်ပြည်နယ်
အခြားအမည်
လူသိများရခြင်း အမေရိကန်ပြည်ထောင်စု၏ ဆဌမမြောက်သမ်မတ၊ မွန်ရိုးဝါဒကို တင်သွင်းသူ၊ လှှတ်တော်အမတ်
အလုပ်အကိုင် သံအမတ်၊နိုင်ငံခြားရေးဝန်ကြီး၊ အမေရိကန်သမ်မတ၊ လှှတ်တော်အမတ်
ရာထူးသက်တမ်းကာလ ၄၊ မတ်၊ ၁၈၂၅-၄၊မတ်၊ ၁၈၂၉
ဒုတိယ သမ်မတ ဂျွန် ကဒ်ဝဲလ် ကာဟွန်
လွှဲအပ်သူ ဂျိမ်းစ် မွန်ရိုး
ဆက်ခံသူ အင်ဒရူး ဂျက်ဆန်
နိုင်ငံသား အမေရိကန် နိုင်ငံ

ဂျွန်ကွင်စီ အဒမ်စ်သည် အချို့သော အမေရိကန် သမ်မတများနည်းတူ အိမ်ဖြူတော်တွင် မပျော်မရွှင်ဖြင့် တာဝန်များကို ထမ်းဆောင်ခဲ့သူဖြစ်သည်။ ဖခင် ဂျွန် အဒမ်စ် (ဒုတိယမြောက် သမ်မတ) ပျိုးထောင်ခဲ့သည့် တိုင်းပြည်သစ်နှင့်အတူ လူလားမြောက်ခဲ့သည့် ကွင်စီသည် မိခင် အဘီဂေးလ်နှင့်အတူ ဘန်ကာတောင်ကုန်းတိုက်ပွဲဖြင့် ပွဲထွက်ခဲ့သူလည်း ဖြစ်သည်။ ဆယ်ကျော်သက်ဘဝက သံအမတ်အဖြစ်တာဝန်ထမ်းဆောင်သော ဖခင်နှင့်အတူ ဗြိတိန်သို့ လိုက်ပါသွားခဲ့ဖူးပြီး ငယ်ငယ်ရွယ်ရွယ်ဖြင့် နိုင်ငံရေး၊ သံတမန်ရေးတို့တွင် ကၽွမ်းကျင်မှုရခဲ့သည်။ ၁၄နှစ်သားဖြင့် သံတမန်လောကတွင် ဝင်ဆန့်ခဲ့သည်။ ပြင်သစ်နယ်သာလန်ဗြိတိန် နှင့် ပရပ်ရှားနိုင်ငံများတွင် အငယ်တန်း သံတမန်တစ်ဦးအဖြစ် ကျင်လည်ခဲ့ဖူးသည်။ နောက်ဆုံး ရုရှားနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဖြစ်လာသည်။ နောက်ပိုင်းတွင် ဟားဗတ်တက်ကသိုလ်တွင် ပါမောက်ခ၊ ဥပဒေပြုအဖွဲ့ဝင်၊ ၁၈၁၂ခုနှစ်တွင် ဗြိတိန်နှင့်ဖြစ်ပွားသော စစ်ပွဲအတွက် စစ်ပြေငြိမ်းရေးအတွက် အမေရိကန်ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် စသည်ဖြင့် တိုင်းပြည်တာဝန်များကို ထမ်းဆောင်ခဲ့သည်။

လူပုံ ပုပြက်ပြက်နှင့် အထင်ကြီးဖွယ်မရှိသော ကွင်စီသည် အရေးမရှိလျှင် စကားပြောလည်း မပြောတတ်ပေ။ သို့သော် ဉာဏ်ပညာအရာတွင် ထူးခြားလှသူဖြစ်သည်။ ညာလက်ဖြင့် အင်္ဂလိပ်စာရေးနေချိန်တစ်ပြိုင်နက် ဘယ်လက်ဖြင့် ထိုစာသားများကို ဂရိဘာသာဖြင့် ပြန်ဆိုရေးသားနိုင်သည်ဟု ဆိုသည်။ ဦးနှောက်ကို အနားမပေးသကဲ့သို့ ခန်ဓာကိုယ်ကိုလည်း အခိုင်းကြမ်းသူဖြစ်သည်။ နေ့စဉျနံနက်ခင်းတိုင်း ပိုတိုမက်မြစ်တွင်းသို့ မိနစ်၉၀ကြာ ရေဆင်းကူးတတ်သည်။ “ငါ လူတွေနဲ့ ရောနှောမနေတတ်” ဟုဘုကျကျပြေတတ်သည်။

နိုင်ငံ့ခေါင်းဆောင်ဖြစ်သော်လည်း နိုင်ငံရေးသမားစရိုက်မျိုးမရှိသူဖြစ်သည်။ မိဘမျိုးရိုးနှင့် ကျင်လည်ရာလောကကြောင့် နိုင်ငံရေးသမားဖြစ်လာသည့်တိုင် သူ့ဗီဇမှာ ပညာရှင်ဆန်သည်။ နိုင်ငံရေးပြိုင်ဖက်များကို အနိုင်ယူပုံကလည်း ဆန်းသည်ဟုဆိုရမည်။ ပြိုင်ဖက်များကို သံတမန်ရာထူးမျိုးစုံဖြင့် ပြည်ပသို့ပို့ခြင်းဖြစ်သည်။ သို့ဖြင့် ဂၽွန် တဲလ်ဟွန်း၊ ဟင်နရီ ကလေး တို့တစ်သိုက် သံအမတ်ကြီးများဖြစ်သွားကြရှာသည်။ နောင်တက်မည့် အင်ဒရူး ဂျက်ဆန်ကိုပင် သံတမန်အဖြစ်ခန့်အပ်ရန် သမ်မတ ဂျိမ်းစ် မွန်ရိုးကို အကြံပေးခဲ့ဖူးသည်။ မွန်ရိုးက လက်မခံခဲ့ပေ။

သို့သော် ထိုလူထူးဆန်းကြီးသည် အမေရိကန်သမိုင်းတွင် အကြီးကျယ်ဆုံးသော သံတမန်ကြီးလည်းဖြစ်ပြန်သည်။ နိုင်ငံခြားရေးဝန်ကြီးဘဝက စပိန်ပိုင် ဖလော်ရီဒါပြည်နယ်ကို အမေရိကန်ပြည်ထောင်စုသို့ သွပ်သွင်းပေးနိုင်ခဲ့ပြီး မွန်ရိုးဝါဒ ဟုကမ်ဘာကျော်မည့် နိုင်ငံခြားရေးမူဝါဒကို ရေးသားခဲ့သူဖြစ်သည်။ ဂျိမ်းစ် မွန်ရိုး သက်တမ်းပြည့်သည့်နောက် ၁၈၂၄တွင် သမ်မအဖြစ် ဝင်အရွေးခံပြီး အနိုင်ရသည်။ ပြိုင်ဖက် အင်ဒရူး ဂျက်ဆန်က လူထုမဲတွင် အသာရသော်လည်း ပြည်နယ်ကိုယ်စားလှယ်မဲတွင် ကွင်စီသာသဖြင့် လွှတ်တော်က အခြေခံဥပဒေပါ အချက်များအတိုင်း ကွင်စီကို သမ်မတရာထူးအပ်ခဲ့သည်။

သို့သော် ဂျက်ဆန်တို့က လက်တစ်လုံးခြား အလုပ်ခံရသည်ဟု ယူဆပြီး အခွင့်ကောင်းကို ပြန်စောင့်ကြသည်။ ဟင်နရီ ကလေးကို နိုင်ငံခြားရေးဝန်ကြီးနေရာအတွက် ရည်ရွယ်ကြောင်း ကြေညာသောအခါ ဂျက်ဆန်တို့က လာဘ်ထိုးခြင်းဟု စွပ်စွဲကြသေးသည်။ မဲအသာမရဘဲ သမ်မတဖြစ်လာသူအနေဖြင့် မျက်နှာငယ်ရပြန်သည်။ သူ့အဆုံးအဖြတ်များကိုလည်း တရားဝင်ဖြစ်တည်ရန်အတွက် ပိုရုန်းကန်ရသည်။ ယခင်ဝန်ကြီးများကိုသာ ဆက်ခန့်သဖြင့် ပြဿနာကြီးလာသည်။ အချို့ဝန်ကြီးများမှာ ကွင်စီကို ပြောင်ပြောင်တင်းတင်း ဆန့်ကျင်ကြသူများ ဖြစ်သဖြင့် အခက်အခဲများကြုံတွေ့ရသည်။ ပနားမားတောင်မြောက်အရေးသို့ အမေရိကန်ကိုယ်စားလှယ်အဖွဲ့စေလွှတ်ရန် ကြိုးပမ်းသော်လည်း ဆန့်ကျင်ခံရသည်။ ဟေတီတွင် တိုင်းရင်းသား အစိုးရတည်ထောင်ခြင်းနှင့် ပက်သက်၍ ဂျက်ဆန်နှင့် အခြေတင်ဖြစ်ခဲ့ရသည်။ မူထက် လူကို မဲ၍ပြဿနာလုပ်နေကြခြင်းဖြစ်သည်။

နိုင်င့ရေးကစားကွက်မကျွမ်းကျင်ခြင်းကို တိကျသော စာသားများ၊တင်ပြချက်များဖြင့် အစားထိုးသည်။ လှှတ်တော်သို့ ပထမဆုံးတင်ပြသည်မှာ ဗဟိုအစိုးရ၏ ထောက်ပံ့မှုများဖြင့် လမ်း၊ တံတားတူးမြောင်းများ တည်ဆောက်ရန်၊ သိပ်ပံစူးစမ်းရေးအဖွဲ့များ စေလွှတ်ရန်၊ နက္ခတ္တ မျှော်စင်တစ်ခု ဆောက်လုပ်ရန် စသည့် ကြီးကျယ်သည့် အကြောင်းအရာများ ပါဝင်သည်။ ရေတပ်တက်ကသိုလ်တစ်ခု တည်ထောင်ရန် တင်ပြသော်လည်း အထက်လွှတ်တော်အမတ်တစ်ဦးမှ ဦးဆောင်ကန့်ကွက်ခံရသည်။ တနည်းအားဖြင့်ဆိုရလျှင် ကွင်စီ၏ စီမံကိန်းများမှာ ကောင်းမွန်လှသော်လည်း ခေတ်ကာလအခြေအနေအရ ခေတ်ရှေ့ပြေးလွန်းသဖြင့် ကန့်ကွက်ခံရခြင်းဖြစ်သည်။ ကွင်စီအနေဖြင့်လည်း ထိုလုပ်ငန်းများဖော်ဆောင်ရန် အင်တိုက်အားတိုက် မရှိလှပေ။ လေးနှစ်အတွင်းတွင် မိန့်ခွန်းတစ်ကြိမ်သာပြောခဲ့သည်ကို ကြည့်လျှင် သိနိုင်သည်။

နောက်ပိုင်းတွင် စိတ်ညစ်ဖွယ်များကို ဆက်တိုက်ကြုံလာရသည်။ ဖခင်ကြီး ဂျွန် အဒမ်စ် ကွယ်လွန်သည်။ ထို့နောက် ရွေးကောက်ပွဲတွင် အတိုက်အခံတို့က လွှတ်တော်နှစ်ရပ်လုံးတွင် အနိုင်ရသည်။ သမ်မတတွင် ပါတီမရှိတော့ပေ။ ၁၈၂၈ ရွေးကောက်ပွဲတွင် အတိုက်အခံတို့ကို ရှုံးသည်။ အိမ်ဖြူတော်မှ ထွက်ခွာလာပြီးနောက်တွင် အရက်စွဲနေသော သားကြီး ဂျော့ချ် ဝါရှင်တန် အဒမ်စ် ပင်လယ်ထဲခုန်ချကာ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားခဲ့သည်။

၁၈၃၁တွင် မက်ဆာချူးဆက်ပြည်နယ်မှာ လှှတ်တော်အမတ်အဖြစ် တစ်ကျော့ပြန်နိုင်ငံရေးလောကသို့ ဝင်သည်။ ထိုမှ နောက် ၁၇နှစ်တိုင်တိုင် မြောက်ပိုင်းသား ပြည်ထောင်စုဝါဒီအဖြစ် ရပ်တည်ခဲ့သည်။ ကျေးကၽွန်စနစ်ကိုလည်း ဆန့်ကျင်သည်။ အသက်အရွယ်နှင့် မလိုက်အောင် နိုင်ငံရေးကို တက်ကြွစွာလုပ်သည်။

၁၈၄၈၊ ဖေဖော်ဝါရီ၊ ၂၁ တွင် လွှတ်တော်တွင်းတွင် လဲကျမူးမော့သွားခဲ့သည်။ လှှတ်တော် ဥက္ကဋ္ဌ ရုံးခန်းသို့ပို့ကာ ပြုစုသော်လည်း နှစ်ရက်အကြာတွင် ကွယ်လွန်သွားသည်။

ဆက်စပ်လေ့လာရန်-မွန်ရိုးဝါဒ