အိမ်ဖြူတော်

ဝီကီပီးဒီးယား မှ
အိမ်ဖြူတော်
The White House
အိမ်ဖြူတော်၏ တောင်ဘက်မျက်နှာစာ
အိမ်ဖြူတော် သည် Central Washington, D.C. တွင် တည်ရှိသည်
အိမ်ဖြူတော်
Location in Washington, D.C.
အထွေထွေ အချက်အလက်များ
မြို့၁၆၀၀ ပန်ဆယ်ဗေးနီးယား ရိပ်သာလမ်းမကြီး၊ ဝါရှင်တန် ဒီစီ၊ ၂၀၅၀၀
နိုင်ငံအမေရိကန် ပြည်ထောင်စု
ကိုဩဒိနိတ်38°53′51.61″N 77°2′11.58″W / 38.8976694°N 77.0365500°W / 38.8976694; -77.0365500
တည်ဆောက်မှု စတင်၁၇၉၂ အောက်တိုဘာ ၁၃
ဒီဇိုင်းနှင့် တည်ဆောက်မှု
ဗိသုကာပညာရှင်ဂျိမ်းစ် ဟိုဘန် (James Hoban)

အိမ်ဖြူတော်သည် အမေရိကန် သမ္မတ၏ တရားဝင်စံအိမ် နှင့် အလုပ်တက်ရာရုံး ဖြစ်ပြီး အမှတ် ၁၆၀၀ ပင်စီဗေးနီးယားရိပ်သာလမ်း၊ ဝါရှင်တန်ဒီစီတွင် တည်ရှိသည်။ အိမ်ဖြူတော်ကို အိုင်ယာလန်တွင်မွေးဖွားသည့် ဗိသုကာပညာရှင် ဂျိမ်းစ် ဟိုဘန်က ဒီဇိုင်းရေးဆွဲခဲ့ပြီး ၁၇၉၂ မှ ၁၈၀၀ ခုနှစ်အတွင်း ဆောက်လုပ်ခဲ့သည်။ အခြေခံအားဖြင့် အမေရိကန် ပြည်ထောင်စု၏ အုပ်ချုပ်ရေး မဏ္ဍိုင်တွင် အာဏာအမြင့်ဆုံးတည်ရှိရာ ရုံးအဆောက်အဦးလည်း ဖြစ်ပေသည်။

ပထမဆုံး သမ္မတဖြစ်သည့် ဂျော့ချ် ဝါရှင်တန် လက်ထက်တွင် စတင်အုပ်မြစ်ချခဲ့ပြီး ရှစ်နှစ်အကြာ ဒုတိယမြောက် သမ္မတ ဂျွန် အဒမ်စ် လက်ထက်တွင်မှာ အကြမ်းထည် ပြီးစီးသည်။ ၁၊ နိုင်ဝင်ဘာ၊ ၁၈၀၀ပြည့်နှစ်တွင်မှ သမ္မတဂျွန် အဒမ်စ်က စတင်ပြောင်းရွှေ့နေထိုင်ရာမှာ အိမ်ဖြူတော်သည် တရားဝင် သမ္မတစံအိမ်၊ အုပ်ချုပ်ရေးရုံးဖြစ်လာသည်။ အဒမ်စ် အနေဖြင့်လည်း ပထမဆုံး အိမ်ဖြူတော်တွင် တာဝန်ထမ်းဆောင်သည့် သမ္မတအဖြစ် မှတ်တမ်းဝင်သည်။ (ပထမမြို့တော်မှာ နယူးယောက်မြို့၊ ထိုနောက် ဖီလာဒဲဖီးယားမြို့သို့ ပြောင်းရွှေ့ခဲ့ပြီး နောက်ဆုံးမှ ဝါရှင်တန်ဒီစီ ရှိ အိမ်ဖြူတော်သို့ ရောက်လာခြင်းဖြစ်သည်။)

အမည်ရင်းမြစ်[ပြင်ဆင်ရန်]

အိမ်ဖြူတော်ဟု ခေါ်တွင်ခြင်းမှာလည်း ဂျော့ချ် ဝါရှင်တန်နှင့် ပက်သက်နေပြန်သည်။ ဗာဂျီးနီးယားပြည်နယ်ရှိ ၎င်းပိုင်ဆိုင်သော စိုက်ပျိုးရေးခြံအမည်မှာ White House Plantation ဖြစ်ပြီး ထိုခြံမှာ ဝါရှင်တန်၏ ဇနီးဖြစ်လာမည့် သူနှင့် ဆုံတွေ့ပြီးချစ်ကျွမ်းဝင်ခဲ့သည့် နေရာဖြစ်သည်။ အိမ်တော်ကို အမည်ပေးရန် စည်းဝေးဆွေးနွေးကြစဉ်တွင်လည်း အဆိုပြုချက်များအနက် အဖြူရောင် ကျောက်တုံးများဖြင့် တည်ဆောက်ထားသည့်အတွက်လည်းကောင်း၊ သမ္မတကြီးအနေဖြင့်လည်း မော်ကွန်းတင်လိုသောကြောင့် လည်းကောင်း အိမ်ဖြူတော်(The White House) ဟု သတ်မှတ်လိုက်ကြသည်။

အိမ်ဖြူတော်သို့ ပထမဆုံးပြောင်းရွှေ့လာပြီးသည့်နောက် ဂျွန် အဒမ်စ်သည် သူ၏ ဇနီး အဘီဂေးလ် ထံစာပို့ရာတွင် အိမ်ဖြူတော်နှင့်ပက်သက်၍ အောက်ပါ ဆုတောင်းစာကို ထည့်သွင်းရေးသားခဲ့သည်။

"ဒီအိမ်တော်အပေါ်ကို ကောင်းကင်ဘုံက အမြင့်မြတ်ဆုံးသော ကောင်းချီးပေးခြင်း ခံရစေကြောင်း ငါဆုတောင်းတယ်။ အဲ့ဒီအခြင်းအရာ(ကောင်းချီး)အားလုံးဟာ ထာဝရ ကိန်းအောင်းတည်ရှိနေပါစေ။ တိုင်းပြည်အပေါ်မှာ ရိုးသားဖြောင့်မတ်စွာ သစ္စာရှိပြီး ပညာရည်ပြည့်ဝသော ပုဂ္ဂိုလ်များမှတစ်ပါး အခြားသူများ ဒီအမိုးအောက်မှာ တိုင်းပြည်အာဏာကို စွဲကိုင်အုပ်ချုပ်တာမျိုး မရှိပါစေနဲ့။" ("I pray Heaven to bestow the best of the blessings on this House, and all that shall hereafter inhabit it. May none but honest and wise men ever rule under this roof") ဟူ၍ ဖြစ်သည်။ အဆိုပါစာသားမှာ ၃၂ဦးမြောက် သမ္မတ ဖလန်ကလင် ဒီလာနို ရုစဗဲ့ လက်ထက်တွင် အိမ်ဖြူတော်အတွင်းရှိ နိုင်ငံတော်ညစာစားခန်းမ၏ နံရံပေါ်တွင် ရေးထွင်း၍ မော်ကွန်းတင်ခဲ့သည်။