ဂျိမ်းစ် မဒီဆင်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ဂျိမ်းစ် မဒီဆင် (၁၇၄၃-၁၈၂၆)
James Madison
James Madison cropped.jpg
မွေးနေ့ ၁၆၊ မတ်၊ ၁၇၅၁
မွေးရပ် ပို့တ် ကွနေ်၀း ဗာဂျီးနီးယားပြည်နယ်
ကွယ်လွန်နေ့ ၂၈၊ ဂၽွန်၊ ၁၈၃၆
ကွယ်လွန်ရပ် မောင့်ပလဲယား ဗာဂျီးနီးယားပြည်နယ်
အခြားအမည်
လူသိများရခြင်း အမေရိကန်ပြည်ထောင်စု၏ စတုတ္ထမြောက် သမ္မတ
အလုပ်အကိုင် ဥပဒေပညာရှင်၊ အမေရိကန် သမ္မတ
ရာထူးသက်တမ်းကာလ ၄၊ မတ်၊ ၁၈၀၉- ၄၊ မတ်၊ ၁၈၁၇
ဒုတိယ သမ္မတ ဂျော့ချ် ကလင်တန် (၁၈၀၉-၁၈၁၂)
အဲဘရစ်ချ် ဂရေး (၁၈၁၃-၁၈၁၄)
(၁၈၁၂-၁၈၁၃ကြား၊ ၁၈၁၄-၁၈၁၇ကြားတို့တွင် ဒုသမ္မတခန့်ထားခြင်းမရှိ)
လွှဲအပ်သူ ထောမတ်စ် ဂျက်ဖာဆင်
ဆက်ခံသူ ဂျိမ်းစ် မွန်ရိုး
နိုင်ငံသား အမေရိကန် နိုင်ငံ

ဂျိမ်းစ် မဒီဆင် (James Madison; တခြား အသံထွက် တစ်မျိုး။ ဂျိမ်းဇ် မားဒဆင်) သည် အမေရိကန်ပြည်ထောင်စု၏ စတုတ္ထမြောက် သမ္မတ ဖြစ်သည်။ လူလုံးလူဖန် သေးသေး၊ အရပ်ငါးပေခွဲသာရှိသူဖြစ်သည်။ လွတ်လပ်ရေးစစ်ပွဲများတွင် ပြည်သူ့စစ်ခေါင်းဆောင်အဖြစ်လည်းကောင်း၊ နောင်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေးတွင်လည်းကောင်း၊ သူတင်သွင်းခဲ့သည် နိုင်ငံသားများ အခွင့်အရေးဆိုင်ရာ ဥပဒေ (bill of rights) ကြောင့်လည်းကောင်း အများကလေးစားရသူဖြစ်သည်။ ငယ်စဉျကပင် စာဖတ်ဝါသနာကြီးသူဖြစ်ပြီး စာအုပ်စာတမ်းများ၏ ဩဇာကိုကောင်းစွာ နားလည်သဘောပေါက်သူလည်း ဖြစ်သည်။

ဘဝအစ[ပြင်​ဆင်​ရန်​]

ပရင်းစတင် ကောလိပ်တွင် ပညာသင်ကြားသောအခါ သူအလွန်စိတ်ဝင်စားသော စာအုပ်စာတမ်းများစွာကို လေ့လာခွင့်ရသည်။ နာမည်ကျော် ပုဂ်ဂိုလ်များနှင့်လည်း တွေ့ဆုံဆွေးနွေးခွင့်၊ နာကြားခွင့်များလည်း ရခဲ့သည်။ တက်ကသိုလ်တွင် အများနှင့်မတူပဲ စာကို နှစ်ဆကြိုးစားခဲ့သည်။ ထို့ကြောင့် နှစ်နှစ်နှင့်ဘွဲ့ရသည်။ ဘွဲ့ရပြီးသည့်တိုင် စာကြည့်တိုက်ကို မခွဲနိုင်သဖြင့် ပေကပ်ကာ ခြောက်လခန့်နေလိုက်သေးသည်။ နောက်ဆုံး တက်ကသိုလ်မှ လက်မခံတော့သည့်အတွက် အသက် ၂၁နှစ်အရွယ်တွင် မွေးရပ်မြေသို့ ပြန်လာရသည်။

ဇာတိရပ်ရွာတွင် သူမပျော်ပေ။ တက်ကသိုလ်တွင် သင်ကြားခဲ့သည့် သမိုင်းဒဿနိကဗေဒ တို့ကယာခင်းနှင့် သက်ဆိုင်ခြင်းမရှိ။ ထို့အပြင် အာရုံကြောရောဂါတစ်မျိုးကို ခံစားရခြင်းကြောင့် ကျန်းမာရေးမကောင်းလှပေ။ အချို့ကလည်း အလွန်ရင်းနှီးသည့် သူငယ်ချင်းတစ်ဦး သေဆုံးသွားရခြင်းကြောင့် စိတ်ထိခိုက်ခြင်းဖြစ်သည်ဟုလည်း ဆိုကြသည်။ သို့သော် ပေါ်ပေါက်လာသည့် အမေရိကန်လွတ်လပ်ရေးစစ်ပွဲက သူ့အတွက် လက်စွမ်းပြရန် အခွင့်ကြုံလာပြီး တော်လှန်ရေးတွင် စိတ်ရောကိုယ်ပါ နှစ်ဝင်ခဲ့သည်။

လွတ်လပ်ရေးနောက်ပိုင်း[ပြင်​ဆင်​ရန်​]

တိုင်းပြည် လွတ်လပ်ရေးရလျှင် အမြော်အမြင်ကြီးသူများက ပြည်ထောင်စုဖွဲ့စည်းရေးပြဌာန်းချက်များက အစိုးရတစ်ရပ်ဖွဲ့နိုင်လောက်သည့် ခိုင်မာခြင်းမျိုးမရှိကြောင်း သုံးသပ်မိကြသည်။ သို့သော် မဒီဆင်အနေဖြင့် ၁၇၈၃ ကပင် အဆိုပါပြဌာန်းချက်များထက် ပိုမိုကောင်းမွန်သည့် အချက်အလက်များကို ရှာဖွေစုဆောင်းနေခဲ့ပြီး ဖြစ်သည်။ ပြင်သစ်တွင် သံအမတ်ဖြစ်နေသော သူငယ်ချင်း ထောမတ်စ် ဂျက်ဖာဆင် (သတိယမြောက် သမ်မတဖြစ်လာမည့်သူ) အားအကူအညီတောင်းခံပြီး စာအုပ်စာတမ်း၊ကျမ်းအစောင်စောင်တို့ကို ပေးပို့စေသည်။ ဂျက်ဖာဆန်မှလည်း မပျက်မကွက် ပေးပို့ရာ စာအုပ်ပေါင်း နှစ်ရာကျော်ရှိခဲ့သည်။ သို့ဖြင့် မဒီဆင်သည် ဥရောပသမိုင်း၊ နိုင်ငံရေး၊ လူပုဂ်ဂိုလ်များအကြောင်းကို ကောင်းစွာလေ့လာခွင့်ရပြန်သည်။ ထိုလေ့လာချက်များအရ ရှေးဟောင်းနိုင်ငံတို့၏ နိုင်ငံရေးစနစ်များမှာ ကျဉျးမြောင်းကာ ထိရှလွယ်ကြောင်း တွေ့ရှိရပြီး မဒီဆင်အတွက် အတွေးအေခါ်သစ်များကို ပေးနိုင်ခဲ့သည်။

ဥပဒေရေးဆွဲရေး[ပြင်​ဆင်​ရန်​]

အခြေခံဥပဒေ ရေးဆွဲရေး ညီလာခံကို ၁၇၈၇တွင် ကျင်းပသောအခါ မဒီဆင်အနေဖြင့် ပိုမိုကျယ်ပြန့်နက်နဲသော ဖွဲ့စည်းပုံအခြေခံ ဥပဒေကို စိတ်ကူးမိနေပြီးဖြစ်သည်။ ဗာဂျီးနီးယားပြည်နယ်မှ တင်သွင်းသော ဥပဒေကြမ်းအများစုမှ သူ့လက်ယာများပင်ဖြစ်သည်။ ထိုမူကြမ်းကိုအခြေပြုပြီး အမေရိကန်အခြေခံဥပဒေကို တည်ဆောက်ယူကြသည်။ ညီလာခံတွင် မနေမနား အကြိမ်ပေါင်း ၁၆၀ကျော် မိန့်ခွန်းပြော၍ သူ့စိတ်ကူးများကို တင်ပြခဲ့သည်။

ဥပဒေရေးဆွဲပြီးသောအခါတွင်လည်း ပြည်နယ်အသီးသီးသို့ပေးပို့၍ ဆန်ဒခံယူရာတွင်လည်း အလက်ဇန်ဒား ဟယ်မီလ်တန် ၊ ဂၽွန်ဂျေး တို့နှင့်အတူ မနားတမ်းရေးသားခဲ့သည့် အခြေခံဥပဒေနှင့် ပက်သက်သော ဖွင့်ဆိုရှင်းပြချက် ၂၄ပုဒ်ကို ဖယ်ဒရယ်လစ်စာစောင်တွင် ထည့်သွင်းခဲ့သည်။ ထိုအက်ဆေးများမှာ သမိုင်းတစ်လှျောက် အကောင်းဆုံးနိုင်ငံရေး စာစုများအဖြစ် ပညာရှင်တို့က သတ်မှတ်ခဲ့ကြသည်။ ထို့နောက် အစိုးရမှ ဝင်ရောက်စွပ်ဖက်ခြင်းမပြုနိုင်ရန် အခြေခံလူ့အခွင့်အရေးဆိုင်ရာများနှင့် ပက်သက်၍ အသေးစိတ်ပြဌာန်းနိုင်ရန် ဥပဒေအချက်အလက်များ ရေးသားရာမှ နိုင်ငံသားအခွင့်အရေး ဥပဒေ (Bill of ြှights) ထွက်ပေါ်လာခဲ့သည်။

ထိုဥပဒေများကြောင့် မဒီဆင်၏ ဩဇာကြီးလှသည်။ အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေသာဆိုသော်လည်း အမေရိကန်အတွက်သာမကဘဲ နောင်ပေါ်ထွက်လာမည့် နိုင်ငံများအတွက် အတုယူလေ့လာဖွယ် ဖြစ်ခဲ့သည်။ ဤဥပေဒကို အတုယူကြသည်။ ဤဥပဒေပါ ပြဌာန်းချက်များအရ လွတ်လပ်ခွင့်များကို အားကျပြီး လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ကြသည်။

သမ္မတဘဝ[ပြင်​ဆင်​ရန်​]

ပညာကြီးမြင့်ပြီး၊ ကလောင်စွမ်းထက်လွန်းသော မဒီဆင်၏ သမ္မတဘဝမှာမူ သာမာန်မျှသာဖြစ်သည်ဟု ဆိုနိုင်သည်။ တွန်းတွန်းတိုက်တိုက် အာဏာပြတတ်သူမဟုတ်ပေ။ ကိစ်စရပ်တစ်ခု၊ ပြဿနာတစ်ခုကို ဖြေရှင်းရာတွင်လည်း ဘက်စုံဒေါင့်စံ လေ့လာပြီးမှ တိတိကျကျဖြေရှင်းတတ်သည်။ ထို့ကြောင့် လှှတ်တော်တွင်းမှ စစ်လိုလားသော ဟင်နရီ ကလေး ဦးဆောင်သည့် အုပ်စုက ၁၈၁၂တွင် ကုန်သွယ်ရေးရေးကြောင်းပိတ်ဆို့သည်ကို မကျေနပ်၍ သမ္မတအာဏာကို လွန်ဆန်ပြီး အဂငျ်လန်နှင့် စစ်ခင်းခဲ့သည်။ ထိုစစ်ကြောင့် အမေရိကန် လွှတ်တော် အဆောက်အဦး (ကယ်ပီတယ်လ်) နှင့် အိမ်ဖြူတော်တို့ မီးလောင်တိုက်သွင်းခံရလိုက်သည်သာ အဖတ်တင်ခဲ့သည်။

[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. အိမ်ဖြူတော်ကို တန်းစီခြင်း- ကြည်မင်း