ကယ်လ်ဗင် ကူးလစ်ဂျ်

ဝီကီပီးဒီးယား မှ
ကယ်လ်ဗင် ကူးလစ်ဂျ်
၁၉၁၀ ခုနှစ်နှောင်းပိုင်းတွင် တွေ့ရသော ကူးလစ်ဂျ်
အမေရိကန်ပြည်ထောင်စု၏ ၃၀ ဦးမြောက် သမ္မတ
တာဝန်သက်တမ်း
၂ ဩဂုတ် ၁၉၂၃ – ၄ မတ် ၁၉၂၉
ဒုတိယ သမ္မတမရှိ (၁၉၂၃–၁၉၂၅)
Charles G. Dawes (၁၉၂၅–၁၉၂၉)
ယခင်လူဝေါရင် ဂမားလီယယ်လ် ဟားဒင်
ဆက်ခံသူဟားဘတ် ဟူးဗား
အမေရိကန်ပြည်ထောင်စု၏ ၂၉ ဦးမြောက် ဒုတိယသမ္မတ
တာဝန်သက်တမ်း
၄ မတ် ၁၉၂၁ – ၂ ဩဂုတ် ၁၉၂၃
သမ္မတဝေါရင် ဂမားလီယယ်လ် ဟားဒင်
ယခင်လူThomas R. Marshall
ဆက်ခံသူCharles G. Dawes
မက်ဆာချူးဆက်ပြည်နယ်၏ ၄၈ ဦးမြောက် အုပ်ချုပ်ရေးမှူး
တာဝန်သက်တမ်း
၂ ဇန်နဝါရီ ၁၉၁၉ – ၆ ဇန်နဝါရီ ၁၉၂၁
LieutenantChanning H. Cox
ယခင်လူSamuel W. McCall
ဆက်ခံသူChanning H. Cox
မက်ဆာချူးဆက်ပြည်နယ်၏ ၄၆ ဦးမြောက် ဒုအုပ်ချုပ်ရေးမှူး
တာဝန်သက်တမ်း
၆ ဇန်နဝါရီ ၁၉၁၆ – ၂ ဇန်နဝါရီ ၁၉၁၉
အုပ်ချုပ်ရေးမှူးSamuel W. McCall
ယခင်လူGrafton D. Cushing
ဆက်ခံသူChanning H. Cox
မက်ဆာချူးဆက် ဆီးနိတ်ဥက္ကဋ္ဌ
တာဝန်သက်တမ်း
၁၉၁၄ – ၁၉၁၅
ယခင်လူLevi H. Greenwood
ဆက်ခံသူHenry Gordon Wells
မက်ဆာချူးဆက် ဆီးနိတ်အမတ်
တာဝန်သက်တမ်း
၁၉၁၂ – ၁၉၁၅
နော့သင်တန်မြို့ မြို့တော်ဝန်
တာဝန်သက်တမ်း
၁၉၁၀ – ၁၉၁၁
ယခင်လူJames W. O'Brien
ဆက်ခံသူWilliam Feiker
မက်ဆာချူးဆက် အောက်လွှတ်တော်အမတ်
တာဝန်သက်တမ်း
၁၉၀၇ – ၁၉၀၈
ကိုယ်ရေး အချက်အလက်များ
မွေးဖွားဂျွန် ကယ်လ်ဗင် ကူးလစ်ဂျ် ဂျူနီယာ
(1872-07-04)ဇူလိုင် ၄၊ ၁၈၇၂
ပလိုင်းမောက်မြို့၊ ဗားမောင့်ပြည်နယ် အမေရိကန်
ကွယ်လွန်ဇန်နဝါရီ ၅၊ ၁၉၃၃(1933-01-05) (အသက် ၆၀)
နော့သင်တန်မြို့၊ မက်ဆာချူးဆက်ပြည်နယ် အမေရိကန်
သင်္ဂြိုဟ်ရာနေရာပလိုင်းမောက်မြို့
နိုင်ငံရေးပါတီရီပါပလီကန်
ကြင်ဖော်(များ)Grace Goodhue
သားသမီး၂ ဦး
မိခင်ကျောင်းAmherst College
ကျွမ်းကျင်မှုရှေ့နေ
ကိုးကွယ်သည့်ဘာသာCongregationalism
လက်မှတ်

ကယ်လ်ဗင် ကူးလစ်ဂျ် (အင်္ဂလိပ်: John Calvin Coolidge Jr.; /ˈklɪ/; ၄ ဇူလိုင် ၁၈၇၂ – ၅ ဇန်နဝါရီ ၁၉၃၃) သည် အမေရိကန်ပြည်ထောင်စု၏ ၃၀ ဦးမြောက် သမ္မတ ဖြစ်သည်။ ဂျွန်ကယ်လ်ဗင် ကူးလစ်ချ်အား ၁၈၇၂ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့တွင် ဂျွန်ကယ်လ်ဗင်နှင့် ဗစ်တိုးရီးယား ဂျေမိုကူးလစ်ချ်တို့မှ ဖွားမြင်သည်။ မွေးရပ်မှာ ဗားမောင့်ပြည်နယ်၊ ပလိုင်းမောက်မြို့ဖြစ်သည်။ ၁၈၉၅ ခုနှစ်တွင် အမ်းဟတ်စ်ကောလိပ်မှ ဘွဲ့ရပြီးနောင် ရီပါပလီကန်ပါတီဝင်ဖြစ်လာသည်။ မက်ဆာချူးဆက်ပြည်နယ်၊ နော့သင်တန်မြို့တွင် မြို့တော်ဝန်၊ ထိုမှ ပြည်နယ်အထက်လွှတ်တော်အမတ်၊ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး အဆင့်ဆင့်တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ၁၉၁၉ခုနှစ်တွင် ပြည်နယ်အုပ်ချုပ်ရေးမှူးအဖြစ်ရွေးချယ်ခံရသည်။

ဘော်စတွန်ရဲတပ်ဖွဲ့၏ သပိတ်မှောက်မှုကြောင့် ပြည်နယ်စစ်ဘက်လုံခြုံရေးတပ်ဖွဲ့အား ခေါ်ယူခဲ့ပြီး ပြည်သူလူထု၏ အိုးအိမ်စည်းစိမ်အား ဘေးဖြစ်စေမည့် ဆန္ဒပြမှုများကို ခွင့်မပြုနိုင်ကြောင်း ဆုံးဖြတ်ပြခဲ့သည်။ ထိုသို့ပြတ်သားသည့်ဆောင်ရွက်ချက်ကြောင့် လူသိများလာပြီး ၁၉၂၀ ခုနှစ် ရိပါပလီကန်ညီလာခံတွင် သမ္မတလောင်း ဝါရင်း ဂမ်မယ်လီယဲ ဟာဒင်း‎၏ ဒုသမ္မတလောင်းအဖြစ် သတ်မှတ်ရွေးချယ်ခံရသည်။

သမ္မတ ဟာဒင်းကွယ်လွန်သော ၁၉၂၃ ခုနှစ်တွင် သမ္မတရာထူးတာဝန်ကို ထမ်းဆောင်သည်။ နိုင်ငံပေါင်းချုပ် အသင်းကြီးအား ဆက်လက်ဆန့်ကျင်ခဲ့ကာ နောက်တစ်ကြိမ် ၁၉၂၄ခုနှစ်သမ္မတ ရွေးကောက်ပွဲတွင် အပြတ်အသတ်အနိုင်ရကာ သမ္မတအဖြစ်ဆက်လက် တာဝန်ယူခဲ့သည်။ ၎င်းလက်ထက်တွင် အမေရိကန်အနေဖြင့် တင်ရှိနေသော ကြွေးမြှီအမြောက်အမြားကို လျော့ချနိုင်ခဲ့သည်။ ငွေကြေးမလုံလောက်သည့် လယ်သမားများအား ထောက်ပံ့ကူညီပေးမည့် ဥပဒေကို နှစ်ကြိမ်တိုင် ဗီတိုအာဏာဖြင့်ပယ်ချခဲ့သည်။ ၁၉၂၈ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် ပါတီအနေဖြင့် ကူးလစ်ချ်အား ဆက်လက်ယှဉ်ပြိုင်စေလိုသော်လည်း ၁၉၂၇၊ ဩဂုတ်လ၊ ၂ ရက်တွင် ကူးလစ်ချ်က တရားဝင် ငြင်းဆန်ကာ ရွေးကောက်ပွဲမဝင်တော့ပေ။

၁၉၃၃ ခုနှစ်၊ ဇန်နဝါရီလ၊ ၅ ရက်နေ့တွင် သမ္မတဟောင်း ကူးလစ်ချ်သည် မက်ဆာချူးဆက်ပြည်နယ်၊ နော့သင်တန်မြို့တွင်ပင် ကွယ်လွန်ခဲ့သည်။