ဂျိမ်းစ် အေဘရမ် ဂါဖီးလ်ဒ်

ဝီကီပီးဒီးယား မှ
ဂျိမ်းစ် အေဘရမ် ဂါဖီးလ်ဒ်
Garfield wears a double breasted suit and has a full beard and receding hairline
Brady-Handy photograph of Garfield, taken between 1870 and 1880
၂၀ ယောက်မြောက် အမေရိကန် သမ္မတ
တာဝန်သက်တမ်း
March 4, 1881 – September 19, 1881
ဒုတိယ သမ္မတချက်စတာ အလန် အာသာ
ယခင်လူရူသာဖို့ဒ် ဘရစ်ချက်ဒ် ဟေးစ်]
ဆက်ခံသူချက်စတာ အလန် အာသာ
Member of the U.S. House of Representatives
from အိုဟိုင်းယိုးပြည်နယ်'s 19th district
တာဝန်သက်တမ်း
March 4, 1863 – November 8, 1880
ယခင်လူAlbert G. Riddle
ဆက်ခံသူEzra B. Taylor
Chairman of the House Committee on Appropriations
တာဝန်သက်တမ်း
March 4, 1871 – March 4, 1875
ယခင်လူHenry L. Dawes
ဆက်ခံသူSamuel J. Randall
Chairman of the House Committee on Financial Services
တာဝန်သက်တမ်း
March 4, 1869 – March 4, 1871
ယခင်လူTheodore M. Pomeroy
ဆက်ခံသူSamuel Hooper
Chairman of the House Committee on Military Affairs
တာဝန်သက်တမ်း
March 4, 1867 – March 4, 1869
ယခင်လူRobert C. Schenck
ဆက်ခံသူJohn A. Logan
ကိုယ်ရေး အချက်အလက်များ
မွေးဖွားJames Abram Garfield
(1831-11-19)နိုဝင်ဘာ ၁၉၊ ၁၈၃၁
Moreland Hills, Ohio, U.S.
ကွယ်လွန်စက်တင်ဘာ ၁၉၊ ၁၈၈၁(1881-09-19) (အသက် ၄၉)
Elberon, New Jersey, U.S.
ကွယ်လွန်ရသည့် အကြောင်းရင်းAssassination
သင်္ဂြိုဟ်ရာနေရာJames A. Garfield Memorial, Cleveland, Ohio
နိုင်ငံရေးပါတီRepublican Party
ကြင်ဖော်(များ)Lucretia Rudolph (လက်ထပ် ၁၈၅၈)
သားသမီး7, including Eliza Arabella ("Trot"), Harry Augustus ("Hal"), James Rudolph, and Abram
မိဘAbram Garfield
Eliza Ballou
ပညာရေး
  • Hiram College
  • Williams College
ကျွမ်းကျင်မှု
လက်မှတ်Cursive signature in ink
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံ အမေရိကန်
တပ်/တပ်ဖွဲ့ခွဲ အမေရိကန် ကြည်းတပ်
အမှုထမ်းကာလ1861–1863
ရာထူး Major General
Commands42nd Ohio Volunteer Infantry
20th Brigade, 6th Division, Army of the Ohio
တိုက်ပွဲ/စစ်ပွဲများအမေရိကန် ပြည်တွင်းစစ်
  • Battle of Middle Creek
  • Battle of Shiloh
  • Siege of Corinth
  • Battle of Chickamauga

မုတ်ဆိတ်မွေး၊ နှုတ်ခမ်းမွေး၊ ပါးသိုင်းမွေး ထူထူများဖြင့် ဥပဓိကောင်းသည့် ဂါဖီးလ်ဒ်အား အမေရိကန်ပြည်ထောင်စု ရွေးကောက်ပွဲများသမိုင်းတွင် မဲပေးသူအများဆုံးဖြစ်သည့် ၁၈၈၀ ရွေးကောက်ပွဲတွင် အနိုင်ရပြီး အမေရိကန်ပြည်ထောင်စု၏ ၂၀ဦးမြောက် သမ္မတဖြစ်လာသည်။

ငယ်ဘဝ[ပြင်ဆင်ရန်]

သစ်လုံးအိမ်လေးထဲတွင် ဆင်းဆင်းရဲရဲကြီးပြင်းလာရသည့် မုဆိုးမသား၊ အလုပ်ကြမ်းသမားဆင်းရဲသားအဖြစ်မှ ကြိုးစားအားထုတ်မှုကြောင့် ပါမောက္ခဘွဲ့ရလာသူ၊ နောင်တွင် တက္ကသိုလ်အုပ်ချုပ်ရေးအဖွဲ့တွင် တာဝန်ထမ်းဆောင်သူ၊ ပြည်တွင်းစစ်အတွင်း စစ်ဗိုလ်ချုပ်အဖြစ် ငယ်ငယ်ဖြင့် ရာထူးတက်သူ(ထိုစဉ်က အသက်အငယ်ဆုံးဗိုလ်ချုပ်) စသည့် ထူးခြားချက်များ ဖြင့်ထူးခြားနေသူဖြစ်သည်။ အောက်လွှတ်တော်အမတ်အဖြစ် ၁၇နှစ်တိုင် တစ်ဆက်တည်း ရွေးကောက်ခံခဲ့ရပြီး အောက်လွှတ်တော်တွင် တာဝန်ထမ်းနေသူအဖြစ်မှ ရှားရှားပါးပါး သမ္မတဖြစ်သူတစ်ဦးလည်း ဖြစ်ပြန်သည်။ ဘဏ္ဍရေးဆိုင်ရာကိစ္စရပ်များနှင့် ပက်သက်၍ ဥပဒေပြုသည့် အပိုင်းများတွင် ကျွမ်းကျင်သည်ဟုလည်း နာမည်ကြီးသည်။

သမ္မတ သက်တမ်းတို[ပြင်ဆင်ရန်]

၄၊ မတ်၊ ၁၈၈၁တွင် ဂါဖီးလ်ဒ် ကျမ်းကျိန်ပြီး သမ္မတဖြစ်လာသည်။ မည်သည့်တာဝန်မျှ ပြောပလောက်အောင် မထမ်းဆောင်ရသေးမီ ၂၊ ဇူလိုင်၊ ၁၈၈၁ တွင် စိတ်မမှန်သူ အစွန်းရောက် ဘာသာရေးသမားတစ်ဦးဖြစ်သည့် ဂီတူး(Guiteou) ဆိုသူက သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခြင်း ခံရသည်။ ထိုဒဏ်ရာဖြင့် ရက်ပေါင်း ၈၀ခန့် ဝေဒနာပြင်းထန်စွာခံစားရပြီး၊ ၁၉၊ စက်တင်ဘာ၊ ၁၈၈၁ တွင် ကွယ်လွန်သည်။ ထိုတိုတောင်းသော ရာထူးသက်တမ်းအတွင်းတွင် ပြုလုပ်ခဲ့သည့် ထင်ရှားသော ကိစ္စအနေဖြင့် နယူးယောက်အခွန်ရုံးအတွက် ရာထူးခန့်ထားခြင်းသာလျှင် ပြောစမှတ်တွင်သည်။ အကြောင်းမှာ ပါတီနှစ်ခြမ်းကွဲမတတ်ဖြစ်ခဲ့သောကြောင့် ဖြစ်သည်။

မကွယ်လွန်မီကပင် လူထုကြီးတစ်ရပ်လုံးက ကရုဏာသက်ဝင်သောကြောင့် ကွယ်လွန်သောအခါ များစွာဝမ်းနည်းကြသည်ဟု ဆိုသည်။ သမ္မတအိပ်ရာထဲ လဲနေစဉ်ကတည်းက ပြည်သူများအနေဖြင့် သမ္မတ၏အခြေအနေကို သိလိုသဖြင့် ကြေးနန်းရုံးများနှင့် သတင်းစာတိုက်များ ရှေ့တွင် နေ့ညစောင့်ဆိုင်းနေခဲ့ကြသည်။ ကွယ်လွန်ပြီး ကျန်ရှိသော ရုပ်ကလာပ်ကို လွှတ်တော်အတွင်း ပြင်ဆင်ထားသည်ကိုလည်း ပြည်သူအများက ကြိတ်ကြိတ်တိုး ကြည့်ရှုကြသည်။ ဝါရှင်တန်မြို့တော်မှ သင်္ဂြိုဟ်ရာ အိုဟိုင်းယိုးသို့ သယ်ဆောင်သွားသည့် ရထားလမ်းခရီး တစ်လျှောက်တွင်လည်း စောင့်ဆိုင်းအလေးပြုကြသည်။ မြေချအခမ်းအနားသို့လည်း သွားကြသည်။ အမှတ်တရပစ္စည်းများလည်း ထုတ်ဝေကြသည်။ ဘာမှ စွမ်းဆောင်သွားနိုင်ခြင်း မရှိသော်လည်း ရိုးသားကြိုးစားသောသူတစ်ဦး၊ တိုင်းပြည်ခေါင်းဆောင်တစ်ဦးအနေဖြင့် လေးစားသမှုဖြင့် ဂါရဝပြုကြခြင်းဖြစ်သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. အိမ်ဖြူတော်ကို တန်းစီခြင်း- ကြည်မင်း