တံတား

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
အီရန်နိုင်ငံ အက်စ်ဖာဟန်ရှိ ဇယန်ဒါ မြစ်ကိုဖြတ်ကျော်၍ ပန်းရံအတတ်ပညာဖြင့်ဆောက်လုပ်ထားသော အခုံး ၃၃ခုပါသော တံတားသည် ဆာဖာဗစ်မင်းဆက် (၁၅၀၂-၁၇၂၂) တံတားပုံသဏ္ဌန် ၏ပြယုဂ်ဖြစ်သည်။
ကမ္ဘာပေါ်တွင် အရှည်ဆုံး ကြိုးတံတား ဖြစ်သော အာကားရှိ-ကိုင်ကျိုတံတား
ဆွစ်အဲလ်ပ် တောင်တန်းရှိ ဆယ်ဂီနာတိုဘယ်လ် တံတားကို သမိုင်းဆိုင်ရာ မြို့ပြအင်ဂျင်နီယာ အထိမ်းအမှတ် အဖြစ် ၁၉၉၁တွင် ကြေငြာခဲ့သည်။

တံတားဆိုသည်မှာ ချောက်၊ ချိုင့်ဝှမ်း၊ လမ်း၊ ရထားသံလမ်း၊ မြစ်၊ ရေထု သို့မဟုတ် အခြားရုပ်ဝတ္ထုအတားအဆီးများ၏ အစွန်းနှစ်ဖက်ကို ဆက်သွယ်ထားသော တည်ဆောက်မှုဖြစ်ပြီး အရံအတားများကို ကျော်ဖြတ်သွားနိုင်ရန် ရည်ရွယ်၍ တည်ဆောက်ထားခြင်းဖြစ်သည်။

Bridge3.jpeg

သမိုင်းကြောင်း[ပြင်ဆင်ရန်]

ပထမဆုံးသော တံတားများမှာ သဘာဝအလျောက်ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ စမ်းချောင်းများပေါ်တွင် သစ်ပင်များလဲကျခြင်းကြောင့် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ ပထမဆုံး လူတို့တည်ဆောက်ခဲ့သော တံတားများမှာ သစ်တုံးများ၊ သစ်သားပြားများနှင့် နောက်ဆုံးတွင် ကျောက်တုံးများဖြင့် အစွန်းနှစ်ခုကို ချိတ်ဆက်ထားပြီး ရိုးရှင်းသော ထောက်ကန်မှုနှင့် ကန့်လန့်ဖြတ်ယက်မ များကို အစီအစဉ်တကျ ချထားခြင်းဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်နိုင်သည်။ အစောပိုင်းတည်ဆောက်ခဲ့သော တံတားအများစုမှာ လေးလံသော အလေးချိန်နှင့် ပြင်းထန်သောရေစီးအား၏ဒဏ်ကို မခံနိုင်ပေ။ ထိုသို့သော မပြည့်စုံမှုများကပင် ပိုမို၍ကောင်းမွန်သော တံတားများဖြစ်ပေါ်စေရေးအတွက် တွန်းအားပေးခဲ့သည်။

အိန္ဒိယမှ ရာမဇာတ်တော်ကြီးတွင် ရာမ၏စစ်တပ်မှ အိန္ဒိယ မှ လင်္ကာအထိ တံတားများဆောက်ခဲ့ကြောင်း ဒဏ္ဍာရီပမာ ရေးသားဖော်ပြထားသည်။ ကာဠုဒီသ ၏ အာသာသျှတ္တရတွင် တံတားများ နှင့် ဆည်များ တည်ဆောက်ခြင်းအကြောင်းဖော်ပြခဲ့သည်။ ဂျိမ်းစ်ပရင့်ဆက်က ဂယာနာ အနီးတွင် ရှိသော မောရိယတို့၏ တံတားကို ကွင်းဆင်း လေ့လာခဲ့ဖူးသည်။ ဝါးများကိုတွဲဆက်သုံးခြင်းနှင့် သံကြိုးများဖြင့် တည်ဆောက်ထားသော ပိုမိုခိုင်မာသော တံတားများကို အိန္ဒိယတွင် ၄ ရာစုခန့်မှ စတင်တွေ့မြင်နိုင်သည်။ စစ်ဘက်သုံးရန် နှင့် အရပ်ဖက်သုံးရန် အတွက် တံတားများကို အိန္ဒိယတွင် မူဂယ် အုပ်ချုပ်ရေးခေတ်၌ တည်ဆောက်ခဲ့သည်။

ရှေးဟောင်းခေတ်တွင် အကြီးကျယ်ဆုံး တံတား တည်ဆောက် နိုင်သူများမှာ ရောမလူမျိုးများ ဖြစ်သည်။ ရှေးခေတ်ရောမလူမျိုးတို့သည် ယခင် ပျက်စီးနိုင်သည့်ဒီဇိုင်းကို မွမ်းမံ၍ အခုံးပါသော တံတားများနှင့် ရေသွယ်သည့်မြောင်းများ တည်ဆောက်ခဲ့ကြသည်။ အချို့တံတားများကို ယနေ့ထက်တိုင်ပင်တွေ့နိုင်သည်။ ဥပမာအားဖြင့် စပိန်နိုင်ငံ တားဂတ်စ် (Tagus) မြစ်ပေါ်တွင် ဖြတ်၍ဆောက်လုပ်ထားသော အယ်လ်ကန်တာရာ (Alcántara) တံတားဖြစ်သည်။ အလွန်ရှေးကျသော ဒီဇိုင်းများတွင် ရေစီးသန်ပါက ရေစီးနှင့်အတူမျောပါသွားနိုင်သည်။ ရိုမန်တို့သည်လည်း သဘာ၀ကျောက်တုံးများတွင် ခံနိုင်အားကွာခြားမှုမရှိသော ဘိလပ်မြေကိုသုံးခဲ့ကြသည်။ ပိုဇိုလာနာ (pozzolana) ဟုခေါ်သော ဘိလပ်မြေတွင် ရေ၊ ထုံးကျောက်၊ သဲနှင့် မီးတောင်ကျောက်များပါဝင်သည်။ အုတ်နှင့် အင်္ဂတေသုံးသော တံတားများကိုမူ ရောမခေတ်နောက်ပိုင်းတွင်မှ တည်ဆောက်ခဲ့ကြသည်။ ဘိလပ်မြေ၏ နည်းပညာမှာ ပျောက်ကွယ်ခဲ့ပြီး နောက်မှ တဖန် ပြန်လည်အသုံးပြုခဲ့ကြသည်။

တရုတ်ပြည်တွင် ချင် မင်းဆက်မတိုင်မီ ပြည်ထောင်အချင်းချင်း စစ်ဖြစ်နေသော ကာလက သစ်သားတံတားများကို တည်ဆောက်ခဲ့ကြသော်လည်း ယနေ့တိုင် ကြွင်းကျန်ရစ်သော ရှေးအကျဆုံးသော တံတားမှာ အေဒီ ၅၉၅ ခုနှစ်မှ ၆၀၅ ခုနှစ်အတွင်း ဆွီမင်းဆက် လက်ထက်က တည်ဆောက်ခဲ့သော ကျောင်ကျို တံတား ဖြစ်သည်။ ထိုတံတားသည် စပန်ဒရယ်လ် အဖွင့် (open-spandrel) ပုံစံနှင့် အပိုင်းအခြား အလိုက် တည်ဆောက်ခဲ့သော တံတားများတွင် ရှေးအကျဆုံးသော တံတားအဖြစ် သမိုင်းတွင် ထင်ရှားသည်။ ဥရောပမှ အပိုင်းအခြား အလိုက် တည်ဆောက်ခဲ့သော တံတားမှာ အေဒီ ၂ရာစု ခန့်တွင် တည်ဆောက်ခဲ့သော အယ်လ်ကွန်နက်တာ တံတားအထိ ခန့်မှန်း နိုင်သည်။ ရောမခေတ် အေဒီ ၁၀၅ ခုနှစ်ခန့်တွင် တည်ဆောက်ခဲ့သော ထရာဂျန် တံတားမှာလည်း စပန်ဒရယ်အဖွင့် ပုံစံနှင့် အပိုင်းအခြားလိုက် သစ်သားဖြင့် တည်ဆောက်ထားသော တံတား ဖြစ်သည်။

ကြိုးတံတားမှာ ဆပ်စပင်းရှင်း တံတား၏ ရိုးစင်းသော ပုံစံ ဖြစ်ပြီး ဥရောပတို့ ကိုလိုနီမပြုခင် ၁၅၀၀-ခုနှစ်များတွင် တောင်အမေရိက အန်ဒပ်စ် တောင်တန်းများရှိ အင်ကာ ယဉ်ကျေးမှု လူ့အဖွဲ့အစည်းတွင် အသုံးပြုခဲ့သည်။

၁၈ ရာစုနှစ် အတွင်းတွင် ဟန်အူးလ်ရစ်၊ ဂျိုဟန် ဂရူဘန်မန် နှင့် အခြားသူတို့က သစ်သားတံတားများ ၏ ဒီဇိုင်းကို အတွေးသစ် အမြင်သစ်ဖြင့် ကြံစည်ဖော်ထုတ် ခဲ့ကြသည်။ တံတား ဆောက်လုပ်ခြင်း အင်ဂျင်နီယာ ဘာသာရပ်နှင့် ပတ်သက်သည့် ပထမဆုံး စာအုပ်ကို ဟူးဘတ် ဂေါ်တီယာက ၁၇၁၆ တွင် ရေးသားခဲ့သည်။ ၁၇၇၉ ခုနှစ် အင်္ဂလန် နိုင်ငံ ကိုးလ်ဘရွတ်ဒေးတွင် သံတံတား (The Iron Bridge) ကို စတင် တည်ဆောက်ခဲ့သည့် အချိန်မှ စ၍ တံတား နည်းပညာတွင် ကြီးကျယ်သော အပြောင်းအလဲ ဖြစ်ပေါ်ခဲ့သည်။ ထိုတံတားတွင် ပထမဆုံး အနေနှင့် တံတားခုံးများကို သံဖြင့် ဆောက်လုပ်ခဲ့ပြီ: ဆီဗန်းမြစ်ကို ဖြတ်ကျော်ရန် ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

၁၉ရာစု စက်မှုတော်လှန်ရေးနှင့်အတူ ကြီးမားသော တံတားများအတွက် သံကြွပ်များဖြင့် ဒိုင်းသဏ္ဌန် တည်ဆောက်သည့် စနစ်ကို တီထွင်ဖော်ထုတ်ခဲ့ကြသည်။ သို့သော် သံတွင် ကြီးမားသော ဝန်ကို ထမ်းနိုင်သည့် ဆန့်နိုင်အား (Tensile Strength) မရှိပေ။ ဆန့်နိုင်အား ပိုများသော စတီးလ်၏ နည်းပညာ တိုးတက်မှုနှင့်အတူ ပိုမို၍ ကြီးမားသော တံတားများကို တည်ဆောက်လာခဲ့ကြသည်။ အများစုမှာ ဂုစတေ့ဗ် အီဖဲလ်၏ အိုင်ဒီယာကို ယူ၍ တည်ဆောက်ကြခြင်း ဖြစ်သည်။

၁၉၂၇ ခုနှစ်တွင် ဂဟေကို ပထမဆုံးစတင် အသုံးပြုသူ စတီဖန် ဘရိုင်လာက ကမ္ဘာ့ပထမဆုံး ဂဟေအသုံးပြုသည့် တံတားကို ပိုလန်နိုင်ငံ လိုဝစ်ဇ် (Łowicz) ဒေသအနီးရှိ စလဒ်ဝီယာ မော်ဇိုက်စ် (Słudwia Maurzyce) မြစ်ကို ဖြတ်၍ ၁၉၂၉ ခုနှစ်တွင် တည်ဆောက်ခဲ့သည်။ ၁၉၉၅ ခုနှစ်တွင် အမေရိကန် ဂဟေ အဖွဲ့အစည်းမှ ပိုလန်နိုင်ငံရှိ တံတားကို သမိုင်းဝင် ဂဟေဆက် အဆောက်အအုံဆု ပေးအပ်ခဲ့သည်။

အမည်မှည့်ခေါ်ခြင်း[ပြင်ဆင်ရန်]

အောက်စဖို့ဒ် အင်္ဂလိပ် အဘိဓာန်မှ bridge ဆိုသော အင်္ဂလိပ်စာလုံးသည် ရှေးခေတ်သုံး အင်္ဂလိပ်စာလုံး brycg မှ ဆင်းသက်လာသည်ဟု ရေးသားထားသည်။

တံတားအမျိုးအစားများ[ပြင်ဆင်ရန်]

အဓိကအားဖြင့် တံတားများကို ယက်မတံတားများ၊ မောင်းကန်တံတားများ၊ တံတားခုံးများ၊ ကြိုးတံတားများ၊ ကြိုးဆိုင်းတံတားများနှင့် ဒိုင်းကန်တံတားများဟူ၍ အမျိုးအစား (၆)မျိုးခွဲခြားနိုင်သည်။

ယက်မတံတားများ[ပြင်ဆင်ရန်]

ယက်မတံတားများမှာ အလျားလိုက် ယက်မများကို အဆုံးသတ် တစ်ဖက်တစ်ချက်စီတွင် ကမ်းပါးအစပ်များက ထောက်ကန်ပေးထားခြင်းဖြစ်သည်။ အစောဆုံး ယက်မတံတားများမှာ စမ်းချောင်းများပေါ်တွင် သစ်တုံးများကို ကန့်လန့်ဖြတ်လှဲချထားခြင်းနှင့် ၎င်းနှင့် အလားသဏ္ဌန်တူသည့် ဆောက်လုပ်မှုများ ဖြစ်သည်။ ယခုခေတ်တွင်မူ ယက်မတံတားများမှာ စတီးလ်ယက်မများနှင့် ဆောက်လုပ်ထားသော ကြီးမားသော တံတားများ ဖြစ်သည်။ ယက်မများပေါ်ရှိ ဝန်မှာ တံတား၏ တစ်ဖက်တစ်ချက်ရှိ ကမ်းပါးအစပ်များကို တိုက်ရိုက် သက်ရောက်စေသည်။ ယက်မတံတားများကို အများအားဖြင့် သစ် သို့မဟုတ် သံထည်ဖြင့် တည်ဆောက်လေ့ရှိကြသည်။

မောင်းကန်တံတားများ[ပြင်ဆင်ရန်]

puta