မာတိကာသို့ ခုန်သွားရန်

ဂဲရက် ဖို့ဒ်

ဝီကီပီးဒီးယား မှ
ဂဲရက် ဖို့ဒ်
တရားဝင်ဓာတ်ပုံ (၁၉၇၄)
၃၈ဦးမြောက် အမေရိကန်သမ္မတ
တာဝန်သက်တမ်း
၉ ဩဂုတ် ၁၉၇၄  ၂၀ ဇန်နဝါရီ ၁၉၇၇
ယခင်လူရစ်ချက် နစ်ကဆင်
ဆက်ခံသူဂျင်မီ ကာတာ
အမေရိကန် ဒုတိယသမ္မတ
တာဝန်သက်တမ်း
၆ ဒီဇင်ဘာ ၁၉၇၃  ၉ ဩဂုတ် ၁၉၇၄
သမ္မတရစ်ချက် နစ်ကဆင်
ယခင်လူစပိုင်ရို အက်ဂျူး
ဆက်ခံသူနယ်လ်ဆင် ရော့ခ်ဖဲလား
ကိုယ်ရေး အချက်အလက်များ
မွေးဖွားLeslie Lynch King Jr.
(1913-07-14)ဇူလိုင် ၁၄၊ ၁၉၁၃
အိုဟားမားမြို့နီဘရားစကားပြည်နယ်၊ အမေရိကန်ပြည်ထောင်စု
ကွယ်လွန်ဒီဇင်ဘာ ၂၆၊ ၂၀၀၆(2006-12-26) (အသက် ၉၃)
ရန်ချိုမီလားဂျ်ကယ်လီဖိုးနီးယားပြည်နယ်၊ အမေရိကန်ပြည်ထောင်စု
သင်္ဂြိုဟ်ရာနေရာGerald R. Ford Presidential Museum
နိုင်ငံရေးပါတီရီပတ်ဘလီကန်ပါတီ
ကြင်ဖော်Betty Bloomer
သားသမီး၄ဦး
ပညာရေး
  • University of Michigan (BA)
  • Yale University (LLB)
စစ်မှုထမ်းခြင်း
တပ်/တပ်ဖွဲ့ခွဲအမေရိကန်ရေတပ်
အမှုထမ်းကာလ၁၉၄၂ – ၁၉၄၆
ရာထူးဒုဗိုလ်မှူး
တိုက်ပွဲ/စစ်ပွဲများဒုတိယကမ္ဘာစစ်
ဆုတံဆိပ်များ
  • American Campaign Medal
  • Asiatic–Pacific Campaign Medal (with 9 campaign stars)
  • Philippine Liberation Ribbon (with 2 campaign stars)
  • World War II Victory Medal

ဂဲရက် ဖို့ဒ်(အင်္ဂလိပ်: Gerald Ford;၁၄ ဇူလိုင် ၁၉၁၃ - ၂၆ ဒီဇင်ဘာ ၂၀၀၆) သည် အမေရိကန်သမိုင်းတွင် ထူးခြားစွာ ရွေးကောက်ပွဲယှဉ်ပြိုင်မှုမရှိဘဲ သမ္မတရာထူးကို ရရှိခဲ့သူဖြစ်သည်။သူသည် ဝါးတားဂိတ် အရှုပ်တော်ပုံကြောင့် သမ္မတနစ်ကဆင် နုတ်ထွက်လိုက်ရပြီးနောက် ဒုတိယသမ္မတအဖြစ်မှ သမ္မတရာထူးအား ဆက်ခံ ရရှိခဲ့သည်။[]

အမေရိကန်ပြည်ထောင်စု၏ ၃၈ဦးမြောက်သမ္မတ ဖို့ဒ်အား နီဘရားစကားပြည်နယ်၊ အိုဟားမားမြို့တွင် ၁၉၁၃ခုနှစ်၊ ဇူလိုင် ၁၄ ရက် တွင် မွေးဖွားခဲ့သည်။

မိဘများမှာ လစ္စလီနှင့် ဒေါ်ရသီ ဂတ်နာကင်း တို့ဖြစ်ကြသည်။ အသက်၂နှစ်အရွယ်တွင် မိဘများအိမ်ထောင်ပြိုကွဲသဖြင့် မိခင်ဖြစ်သူနှင့် လိုက်ပါနေထိုင်ရင်းမှ မိခင်၏နောင်အိမ်ထောင်ဖြစ်သူ ဂဲရက် ရုဒေါ့ဖ်ဖို့ဒ်နှင့် ကြီးပြင်းခဲ့သည်။ ပထွေးဖြစ်သူမှာ ဖို့ဒ်အား သားအရင်းကဲ့သို့ချစ်ခင်စောင့်ရှောက်သလို အမည်နာမအား ၎င်းအမည်ဖြင့်ဆက်ခံစေသည်။ မီချီဂန်ပြည်နယ်၊ ဂရင်းရပ်ပစ်မြို့တွင် အခြေချနေထိုင်ခဲ့သည်။ ၁၉၃၅ခုနှစ် တွင် မီချီဂန်တက္ကသိုလ်၊ ၁၉၄၁ခုနှစ် တွင် ယေးလ်တက္ကသိုလ် တို့မှ ဥပဒေဘွဲ့ရရှိခဲ့ပြီး ဂရင်းရပ်ပစ်တွင်ပင် ရှေ့နေအဖြစ် အသက်မွေးခဲ့သည်။

စစ်မှုထမ်းနှင့် နိုင်ငံရေး

[ပြင်ဆင်ရန်]

၁၉၄၂ခုနှစ်တွင် အမေရိကန်ရေတပ်သို့ဝင်ရောက်အမှုထမ်းကာ ပစိဖိတ်သမုဒ္ဒရာတွင် တာဝန်ထမ်းခဲ့သည်။[] ၁၉၄၆ခုနှစ်တွင် တပ်မှထွက်ခဲ့ပြီး ရီပါပလီကန်ပါတီဝင် အဖြစ် နိုင်ငံရေးလောကသို့ရောက်ခဲ့သည်။

၁၉၄၉ခုနှစ်မှစကာ အောက်လွှတ်တော်အမတ်အဖြစ် ရွေးချယ်ခံရပြီးနောက် ထိုရာထူးတွင် ၂၅နှစ်တိုင် ဆက်လက်ရွေးချယ်ခံရသည်။ ထိုနှစ်များအနက်မှ ၈နှစ်မှာ အောက်လွှတ်တော် ရီပါပလီကန်အမတ်များ၏ ခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့သည်။

သမ္မတအဖြစ်သို့

[ပြင်ဆင်ရန်]

၁၉၇၃ခုနှစ်၊ အောက်တိုဘာလ၊ ၁၂ရက်တွင် ဒုတိယသမ္မတစပီရိုး အက်နျူး ရာထူးမှနုတ်ထွက်ရပြီးနောက်တွင် သမ္မတ နစ်ကဆင် သည် ဖို့ဒ်အား ဒုသမ္မတရာထူးအတွက် ခေါ်ယူခန့်အပ်ခဲ့သည်။ ထိုသို့ခန့်အပ်ခြင်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ချက် အမှတ်၂၅ကို စတင်ကျင့်သုံးခြင်းလည်းဖြစ်သည်။

၁၉၇၄ခုနှစ်၊ ဩဂုတ် ၉ရက်တွင် သမ္မတနစ်ကဆင် ဝါးတားဂိတ် အရှုပ်တော်ပုံကြောင့် ရာထူးမှ နုတ်ထွက်ရပြီးနောက် ဖို့ဒ်သည် သမ္မတရာထူးကို ဆက်ခံရသည်။

သမ္မတရာထူးရလျှင် အစိုးရအနေဖြင့် ကျဆင်းခဲ့ရသော ဂုဏ်သိက္ခာအတွက် ပြန်လည်အဖတ်ဆယ်နိုင်ရန် ကြိုးစားခဲ့ရာ ထောက်ခံမှုများရသလို တဖက်မှလည်း နစ်ကဆင်အား လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သောကြောင့် ဝေဖန်မှုများကို ခံရသည်။ သမ္မတသက်တမ်း၏ ပထမ၂၁လအတွင်း ဥပဒေကြမ်း ၄၈ခုကို အတည်မပြုဘဲ ငွေကြေးဖောင်းပွမှုကို ကာကွယ်ရန်အတွက် ဗီတိုအာဏာဖြင့် ပယ်ချပစ်ခဲ့သည်။ အလုပ်လက်မဲ့နှုန်းကို လျော့ချရာ မဆိုစလောက်သာအောင်မြင်သော်လည်း နိုင်ငံခြားရေးတွင် သမ္မတနစ်ကဆင်လက်ထက် ရရှိထားသော အခြေခံများ မပျက်စေဘဲဆက်လက် ဆောင်ရွက်နိုင်ခဲ့သည်။၁၉၇၆ ရွေးကောက်ပွဲတွင်မူ ပြိုင်ဖက် ဂျင်မီ ကာတာအား မဲနည်းငယ်ဖြင့် ကပ်၍ရှံးနှိမ့်ခဲ့ရသည်။

ဘဝနိဂုံး

[ပြင်ဆင်ရန်]

၂၀၀၆ခုနှစ်၊ ဒီဇင်ဘာလ၊ ၂၆ ရက်နေ့တွင် ကယ်လီဖိုးနီးယားပြည်နယ်၊ ရန်ချို မီလားဂျ်ရှိ နေအိမ်တွင် ကွယ်လွန်သည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. Gerald R. Ford's Remarks Upon Taking the Oath of Office as President (August 9, 1974)။ December 5, 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ November 18, 2010 တွင် ပြန်စစ်ပြီး။
  2. "Gerald Ford, 38th President, Dies at 93"၊ December 27, 2006။