ကချင်ပြည်နယ် အစိုးရအဖွဲ့
| ကချင်ပြည်နယ် လွှတ်တော် လက်အောက်ရှိအစိုးရအဖွဲ့အစည်း | |
|---|---|
![]() | |
| ပြည်နယ်အစိုးရအဖွဲ့ အကျဉ်းချုပ် | |
| ဖွဲ့စည်းခြင်း | ၃၀ မတ် ၂၀၁၁ |
| ဌာနချုပ် | မြစ်ကြီးနားမြို့၊ ကချင်ပြည်နယ် |
| ဌာနအကြီးအမှူးများ | ဦးခက်ထိန်နန်၊ ဝန်ကြီးချုပ် |
| မိခင်ဌာန | ပြည်ထောင်စုအစိုးရအဖွဲ့ |
| ဝက်ဘ်ဆိုက် | kachinstate.gov.mm |
ကချင်ပြည်နယ်အစိုးရအဖွဲ့သည် မြန်မာနိုင်ငံ၊ ကချင်ပြည်နယ်၏ အုပ်ချုပ်ရေး အဖွဲ့အစည်းဖြစ်သည်။ အစိုးရအဖွဲ့ကို ဝန်ကြီးချုပ်က ဦးဆောင်သည်။
လက်ရှိ ကချင်ပြည်နယ် ဝန်ကြီးချုပ်သည် ဦးခက်ထိန်နန် ဖြစ်သည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၏ အခန်းကဏ္ဍ
[ပြင်ဆင်ရန်]၂၀၀၈ ခုနှစ် မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များကို ဖွဲ့စည်းထားရှိပြီး ဒေသန္တရအုပ်ချုပ်ရေးတာဝန်များကို ထမ်းဆောင်သည်။ ၎င်းတို့၏ ဖွဲ့စည်းပုံ၊ အုပ်ချုပ်မှုအခွင့်အာဏာ၊ ဘဏ္ဍာရေးဆိုင်ရာ လုပ်ပိုင်ခွင့်များနှင့် တာဝန်ဝတ္တရားများကို ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည်။
ဖွဲ့စည်းပုံနှင့် ခေါင်းဆောင်မှု
[ပြင်ဆင်ရန်]တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့၏ အုပ်ချုပ်ရေးအကြီးအမှူးကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်ဟု ခေါ်ဝေါ်သည်။ အစိုးရအဖွဲ့ဝင်များကိုမူ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးများဟု သတ်မှတ်သည်။
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ကို အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းသည်-
- တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်
- တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးများ
- တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေချုပ်
နိုင်ငံတော်သမ္မတသည် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်၏ သဘောတူညီချက်ဖြင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးဌာနများနှင့် ဝန်ကြီးဦးရေကို လိုအပ်သလို သတ်မှတ်ခြင်း၊ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း သို့မဟုတ် တိုးခြင်း၊ လျှော့ခြင်းတို့ကို ပြုလုပ်နိုင်သည်။
အုပ်ချုပ်မှုအခွင့်အာဏာနှင့် တာဝန်များ
[ပြင်ဆင်ရန်]တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရ၏ အုပ်ချုပ်မှုအာဏာသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်ဘဲ သက်ဆိုင်ရာလွှတ်တော်က ဥပဒေပြုနိုင်သော ကိစ္စရပ်များနှင့် ပြည်ထောင်စုဥပဒေတစ်ရပ်ရပ်အရ ဆောင်ရွက်ခွင့်ပြုသည့် ကိစ္စရပ်များသို့ သက်ရောက်သည်။
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရများသည် အောက်ပါတာဝန်များကို ထမ်းဆောင်ရမည်-
- နိုင်ငံတော်တည်ငြိမ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို ထိန်းသိမ်းစောင့်ရှောက်ရာတွင် ပြည်ထောင်စုအစိုးရကို ကူညီရန် တာဝန်ရှိသည်။
- ပြည်ထောင်စုအစိုးရက ချမှတ်ထားသည့် မူဝါဒများနှင့် ပြည်ထောင်စုဥပဒေများနှင့် မဆန့်ကျင်ဘဲ ဒေသအတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းများနှင့်စပ်လျဉ်းသည့် စီမံကိန်းများကို သက်ဆိုင်ရာလွှတ်တော်၏ သဘောတူညီချက်ဖြင့် ဆောင်ရွက်ရမည်။
- ပြည်ထောင်စု၏ နှစ်စဉ်အရအသုံးခန့်မှန်းခြေငွေစာရင်းအပေါ် အခြေပြုလျက် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းကို ပြဋ္ဌာန်းပေးနိုင်ရန် သက်ဆိုင်ရာလွှတ်တော်သို့ တင်သွင်းရမည်။ အကယ်၍ ဘဏ္ဍာရေးနှစ် မကုန်ဆုံးမီ ဥပဒေကြမ်းကို ပြဋ္ဌာန်းခြင်းမပြုနိုင်လျှင် နောက်ဆုံးပြဋ္ဌာန်းထားသည့် ဥပဒေပါ သာမန်အသုံးစရိတ် ခွင့်ပြုချက်ဘောင်အတွင်း သုံးစွဲခွင့်ရှိသည်။
- ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဇယား ၂ ပါ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဥပဒေပြုစာရင်းပါ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ လိုအပ်သည့် ဥပဒေကြမ်းကို သက်ဆိုင်ရာလွှတ်တော်သို့ တင်သွင်းနိုင်သည်။
- တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးဌာနများနှင့် ၎င်းတို့၏ လက်အောက်အစိုးရဌာနများ၊ အဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်မှုများကို စီမံခန့်ခွဲခြင်း၊ လမ်းညွှန်ခြင်း၊ ကြီးကြပ်ခြင်း၊ စစ်ဆေးခြင်း ပြုရမည်။
- မိမိတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော နယ်ဘက်ဝန်ထမ်းအဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်မှုများကို ဥပဒေနှင့်အညီ ကြီးကြပ်ခြင်း၊ စစ်ဆေးခြင်း၊ ပေါင်းစပ်ညှိနှိုင်းပေးခြင်း ပြုနိုင်သည်။
- နိုင်ငံ့ဝန်ထမ်းဆိုင်ရာ ပြည်ထောင်စုဥပဒေနှင့်အညီ၊ ပြည်ထောင်စုအစိုးရနှင့် ကြိုတင်ညှိနှိုင်း၍ မိမိတာဝန်ယူ အကောင်အထည်ဖော်ရသည့် လုပ်ငန်းများကို ဆောင်ရွက်ရန် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဆိုင်ရာ နယ်ဘက်ဝန်ထမ်းအဖွဲ့အစည်းများကို ဖွဲ့စည်းနိုင်ပြီး လိုအပ်သော နယ်ဘက်ဝန်ထမ်းများကို ခန့်အပ်နိုင်သည်။
- သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်က ချမှတ်သည့် အုပ်ချုပ်ရေးဆိုင်ရာဆုံးဖြတ်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ပြီး၊ မိမိ၏အရေးယူဆောင်ရွက်ချက်များကို လွှတ်တော်သို့ ပြန်လည်အစီရင်ခံရမည်။
- မိမိနယ်မြေဒေသ၏ အခြေအနေအရပ်ရပ်နှင့်စပ်လျဉ်းသည့် အစီရင်ခံစာကို ပြည်ထောင်စုအစိုးရနှင့် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သို့ တင်ပြရမည်။
- ပြည်ထောင်စုအစိုးရက အခါအားလျော်စွာ ပေးအပ်လာသည့် လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရမည်။
အခွန်အခ ကောက်ခံခွင့်နှင့် ဘဏ္ဍာရန်ပုံငွေ သုံးစွဲခွင့်
[ပြင်ဆင်ရန်]တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များသည် ဇယား ၅ ပါ အခွန်အခများကို ဥပဒေနှင့်အညီ ကောက်ခံ၍ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေသို့ ပေးသွင်းရမည်။ ၎င်းဘဏ္ဍာရန်ပုံငွေများကို ဥပဒေနှင့်အညီ သုံးစွဲခွင့်ရှိသည်။
အစိုးရအဖွဲ့ရုံး
[ပြင်ဆင်ရန်]တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အကြီးအမှူးသည် ရာထူးအလျောက် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့၏ အတွင်းရေးမှူးဖြစ်သည်။ ထို့အပြင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ရုံးလည်း ဖြစ်သည်။
ခေါင်းဆောင်မှု
[ပြင်ဆင်ရန်]ဝန်ကြီးချုပ်များ
[ပြင်ဆင်ရန်]| ကချင်ပြည်နယ်ဝန်ကြီးချုပ် | ||||||
|---|---|---|---|---|---|---|
| စဉ် | အမည် | တာဝန်ထမ်းဆောင်ခြင်း | ပါတီ | သမ္မတ | ||
| စတင်ရက် | ပြီးဆုံးရက် | ရက်ပေါင်း | ||||
| ၁။ | USDP | ဦးသိန်းစိန် | ||||
| ၂။ | ဒေါက်တာ ခက်အောင် | ၁ ဖေဖော်ဝါရီ ၂၀၂၁ | NLD | ဦးထင်ကျော် | ||
| ဦးဝင်မြင့် | ||||||
| ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ | ||||||
| ၁။ | ခက်ထိန်နန် | ၂ ဖေဖော်ဝါရီ ၂၀၂၁ | ၁ ဩဂုတ် ၂၀၂၁ | |||
| ကချင်ပြည်နယ်ဝန်ကြီးချုပ် | ||||||
| ၃။ | ခက်ထိန်နန် | ၁ ဩဂုတ် ၂၀၂၁ | ၃၁ ဇူလိုင် ၂၀၂၅ | USDP | ဦးမြင့်ဆွေ (ယာယီ)
မင်းအောင်လှိုင် (ယာယီတာဝန်) | |
| ၃၁ ဇူလိုင် ၂၀၂၅ | ၁၀ ဧပြီ ၂၀၂၅ | USDP | မင်းအောင်လှိုင် (ယာယီတာဝန်) | |||
| ၁၀ ဧပြီ ၂၀၂၅ | ယနေ့အထိ | USDP | ဦးမင်းအောင်လှိုင် | |||
အစိုးရအဖွဲ့များ
[ပြင်ဆင်ရန်]တတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် (၂၀၂၆ - လက်ရှိ)
[ပြင်ဆင်ရန်]၂၀၂၆ ဧပြီလ ၁၀ ရက်နေ့တွင် အသစ်တက်လာသော ပြည်ထောင်စုအစိုးရအဖွဲ့က နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ် ၁၁/၂၀၂၆ ဖြင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်များ ခန့်အပ်တာဝန်ပေးခြင်း၊ [၁]အမိန့်အမှတ် ၂၂/၂၀၂၆ ဖြင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း၊ [၂]အမိန့်အမှတ် ၂၃/၂၀၂၆ ဖြင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေချုပ်များ ခန့်အပ်တာဝန်ပေးခြင်း၊ [၃]အမိန့်အမှတ် ၂၄/၂၀၂၆ ဖြင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်စာရင်းစစ်ချုပ်များ ခန့်အပ်တာဝန်ပေးခြင်း၊[၄] အမိန့်အမှတ် ၂၆/၂၀၂၆ ဖြင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်းများ ပြုလုပ်ခဲ့သည်။ [၅]
| စဉ် | အမည် | တာဝန်ထမ်းဆောင်ခြင်း | ဝန်ကြီးဌာန | ||
|---|---|---|---|---|---|
| စတင်ရက် | ပြီးဆုံးရက် | ရက်ပေါင်း | |||
| ၁။ | ဦးခက်ထိန်နန် | ၁၀ ဧပြီ ၂၀၂၆ | ယနေ့အထိ | ၀ ရက် | ဝန်ကြီးချုပ် |
| ၂။ | ဗိုလ်မှူးကြီး ကျော်သူရ | လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန | |||
| ၃။ | ဦးချန်တန်ခင် | စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန | |||
| ၄။ | ဦးကျော်မင်းခိုင် | လူမှုရေးဝန်ကြီးဌာန | |||
| ၅။ | ဦးအောင်နိုင် | လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန | |||
| ၆။ | ဦးရဲရင့်ဆွေ | စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန | |||
| ၇။ | ဒေါက်တာ အောင်ဝင်း | သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန | |||
| ၈။ | ဒေါက်တာသန်းဌေးအောင် | စည်ပင်သာယာရေးဝန်ကြီးဌာန | |||
| ၉။ | ဦးစိုးသိန်း | ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန | |||
| ၁၀။ | ဦးတင်အောင် | ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန | |||
| ၁၁။ | ဦးလီပေါ်ရဲ့ | လီဆူတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန | |||
| ၁၂။ | ဦးမယစ်ယောရှု | ရဝမ်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန | |||
| ၁၃။ | ဒေါ်နန်းလှလှအေး | ပြည်နယ်ဥပဒေချုပ် | |||
| ၁၄။ | ဒေါ်ခင်လေးနွယ် | ပြည်နယ်စာရင်းစစ်ချုပ် | |||
| ၁၅။ | ဦးခင်မောင်လွင် | အရာထပ်ရာထူးအလျောက် | ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး | ||
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီခေတ် (၂၀၂၁-၂၀၂၅)
[ပြင်ဆင်ရန်]ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီကာလ
[ပြင်ဆင်ရန်]ဖွဲ့စည်းပုံ
[ပြင်ဆင်ရန်]၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ အမိန့်အမှတ် (၁၆/၂၀၂၁) ဖြင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီများကို ဖွဲ့စည်းခဲ့သည်။ ဤအမိန့်အရ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်များ၏ လုပ်ပိုင်ခွင့်နှင့် တာဝန်များကို စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌများအား အပ်နှင်းခဲ့သည်။
| ၁) | စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ | ဥက္ကဋ္ဌ |
| (၂) | တပ်မတော်အရာရှိကြီး (၁) ဦး | အဖွဲ့ဝင် |
| (၃) | ဒေသကိုယ်စားပြုသူ (၁) ဦး သို့မဟုတ် (၂) ဦး | အဖွဲ့ဝင် |
| (၄) | တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနဦးစီးမှူး |
အဖွဲ့ဝင် |
| (၅) | တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ရဲတပ်ဖွဲ့မှူး | အဖွဲ့ဝင် |
| (၆) | တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အုပ်ချုပ်ရေးမှူး | အတွင်းရေးမှူး |
ဥက္ကဋ္ဌများ
[ပြင်ဆင်ရန်]၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ် (၁၀/၂၀၂၁) ဖြင့် ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ (ပကစ) ဥက္ကဋ္ဌအဖြစ် ဦးခက်ထိန်နန်အား ခန့်အပ်တာဝန်ပေးလိုက်သည်။[၆]
| စဉ် | အမည် | ရာထူး | တာဝန်သက်တမ်း | ရင်းမြစ် |
|---|---|---|---|---|
| ၁။ | ဦးခက်ထိန်နန် | ဥက္ကဋ္ဌ | ၂ ဖေဖော်ဝါရီ ၂၀၂၁ - ၁ ဩဂုတ် ၂၀၂၁ | [၆] |
အစိုးရအဖွဲ့ (၂၀၂၁-၂၀၂၅)
[ပြင်ဆင်ရန်]| စဉ် | အမည် | တာဝန်ထမ်းဆောင်ခြင်း | ဝန်ကြီးဌာန | ||
|---|---|---|---|---|---|
| စတင်ရက် | ပြီးဆုံးရက် | ရက်ပေါင်း | |||
| ၁ | ဦးခက်ထိန်နန် | ၁ ဩဂုတ် ၂၀၂၁ | လက်ရှိ | ဝန်ကြီးချုပ် | |
| ၂ | ဗိုလ်မှူးကြီး ကျော်လင်းအောင် | ၁ ဩဂုတ် ၂၀၂၁ | လက်ရှိ | လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာန | |
| ၃ | ဦးမျိုးဆွေ | ၁ ဩဂုတ် ၂၀၂၁ | လက်ရှိ | စီးပွားရေးရာ ဝန်ကြီးဌာန | |
| ၄ | ဦးတိန့်ဆောင် | ၁ ဩဂုတ် ၂၀၂၁ | လက်ရှိ | သယံဇာတရေးရာ ဝန်ကြီးဌာန | |
| ၅ | ဦးဝင်းရဲထွန်း | ၁ ဩဂုတ် ၂၀၂၁ | လက်ရှိ | လူမှုရေးရာ ဝန်ကြီးဌာန | |
| ၆ | ရဲမှူးကြီး ဉာဏ်မြင့်ကျော် | ၁ ဩဂုတ် ၂၀၂၁ | လက်ရှိ | လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာန | |
| ၇ | ဦးကျော်မင်းခိုင် | ၁ ဩဂုတ် ၂၀၂၁ | လက်ရှိ | တိုင်းရင်းသားရေးရာ ဝန်ကြီးဌာန | |
| ၈ | ဒေါ်နန်းလှလှအေး [၇] | ၄ မတ် ၂၀၂၁ | ဥပဒေချုပ် | ||
အစိုးရအဖွဲ့ (၂၀၁၆-၂၀၂၁)
[ပြင်ဆင်ရန်]| စဉ် | အမည် | ဝန်ကြီးဌာန | နိုင်ငံရေးပါတီ |
|---|---|---|---|
| ၁။ | ဒေါက်တာခက်အောင် | ဝန်ကြီးချုပ် | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် |
| ၂။ | ဗိုလ်မှူးကြီး သူရမျိုးတင် (၅.၄.၂၀၁၆-၂၈.၁၁.၂၀၁၈) | လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန | တပ်မတော် |
| ဗိုလ်မှူးကြီးနေလင်းထွန်း | |||
| ဗိုလ်မှူးကြီးကျော်လင်းအောင်(၂၇.၈.၂၀၂၀-လက်ရှိ) | |||
| ၃။ | ဦးဝေလင်း | ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဌာန | |
| ၄။ | ဦးဝင်းညွန့် | လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးဌာန | |
| ၅။ | ဦးမြသိန်း (၅.၄.၂၀၁၆-၂၁.၁.၂၀၁၉) | စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန | |
| ဦးကျော်ကျော်ဝင်း (၃၀.၁.၂၀၁၉-လက်ရှိ) | |||
| ၆။ | H လအောင် (၅.၄.၂၀၁၆-၂၁.၁.၂၀၁၉) | သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန | |
| ဦးလဆိုင်း (၃၀.၁.၂၀၁၆-လက်ရှိ) | |||
| ၇။ | ဦးနေဝင်း (၅.၄.၂၀၁၆-၃၀.၁.၂၀၁၉) | စည်ပင်သာယာရေးဝန်ကြီးဌာန | |
| ဦးနော်လီ (ခ) ဇခေါင်ခမ်းရယ် (၃၀.၁.၂၀၁၆-လက်ရှိ) | |||
| ၈။ | ဒေါက်တာသင်းလွင် (၅.၄.၂၀၁၆-၂၁.၁.၂၀၁၉) | လူမှုရေးဝန်ကြီးဌာန | |
| ဦးနေဝင်း (၃၀.၁.၂၀၁၉- လက်ရှိ) | |||
| ၉။ | ဦးခင်မောင်မြင့် (ခ) ဦးဒိတ် | ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန | |
| ၁၀။ | ဦးစိုင်းစိန်လင်း | ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန | |
| ၁၁။ | ဦးအားတီယောဟန် | လီဆူတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန | |
| ၁၂။ | ဦးရန်နမ်းဖုန် | ရဝမ်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန | |
| ၁၃။ | ဦးဒီဆင်ရမ် | ပြည်နယ်ဥပဒေချုပ် | |
| ၁၄။ | ဦးတင်လှိုင် | ပြည်နယ်စာရင်းစစ်ချုပ် |
အစိုးရအဖွဲ့အပြောင်းအလဲ
[ပြင်ဆင်ရန်]ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ဝန်ကြီးချုပ်မှ ဝန်ကြီး ၃ ဦးကို ခေါ်ယူတွေ့ဆုံကာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ ညွှန်ကြားချက်ဖြင့်ဟုဆိုကာ နုတ်ထွက်စေပြီးနောက် ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ဦးမြသိန်းနှင့် ဒေါက်တာသင်းလွင်ကို ရာထူးမှနုတ်ထွက်ခွင့်ပြုကြောင်းနှင့် ဦးHလအောင်ကို တာဝန်မှ ရပ်စဲကြောင်း နိုင်ငံတော်သမ္မတရုံးမှ ထုတ်ပြန်ခဲ့သည်။[၈] [၉][၁၀] ဇန်နဝါရီ ၂၉ ရက်တွင် ကျင်းပသည့် ကချင်ပြည်နယ်လွှတ်တော်အရေးပေါ် အစည်းအဝေးတွင် လမ်းပန်း ဆက်သွယ်ရေး၊ လျှပ်စစ်နှင့် စက်မှု လက် မှု ဝန်ကြီး ဌာနကို ပို့ဆောင် ဆက်သွယ်ရေး ဝန်ကြီး ဌာန၊ လျှပ်စစ်နှင့် စက်မှုလက်မှု ဝန်ကြီးဌာန ဟူ၍ ၂ ခုခွဲပြီး ပြန်လည်ဖွဲ့စည်းရန် နိုင်ငံတော်သမ္မတဦးဝင်းမြင့်က သဝဏ်လွှာပေးပို့၍ အဆိုတင်သွင်းခဲ့သော်လည်း ယင်းအဆိုမှာရှုံးနိမ့်ခဲ့သည်။[၁၁] အကြောင်းမှာ ပြင်ပမှ ပုဂ္ဂိုလ်များဖြစ်နေသောကြောင့်ဖြစ်သည်။ ထို့ကြောင့် ဇန်နဝါရီ ၃၀ ရက်နေ့တွင် လွှတ်တော်ကိုယ်စားလှယ်များထဲမှ ၃ ဦးကို ဝန်ကြီးခန့်အပ်ခဲ့သည်။[၁၂]
အခြားဖတ်ရှုရန်
[ပြင်ဆင်ရန်]ကိုးကား
[ပြင်ဆင်ရန်]- ↑ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်များ ခန့်အပ်တာဝန်ပေးခြင်း | Ministry Of Information (in en)။ 2026-04-10 တွင် ပြန်စစ်ပြီး။
- ↑ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း | Ministry Of Information (in en)။ 2026-04-10 တွင် ပြန်စစ်ပြီး။
- ↑ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေချုပ်များ ခန့်အပ်တာဝန်ပေးခြင်း | Ministry Of Information (in en)။ 2026-04-10 တွင် ပြန်စစ်ပြီး။
- ↑ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်စာရင်းစစ်ချုပ်များ ခန့်အပ်တာဝန်ပေးခြင်း | Ministry Of Information (in en)။ 2026-04-10 တွင် ပြန်စစ်ပြီး။
- ↑ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း | Ministry Of Information (in en)။ 2026-04-10 တွင် ပြန်စစ်ပြီး။
- 1 2 တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌများ ခန့်အပ်တာဝန်ပေးအပ်ခြင်း။ Wikisource။ 2025-6-1 တွင် ပြန်စစ်ပြီး။
- ↑ https://cincds.gov.mm/node/10988?d=1
- ↑ "ကချင် ဝန်ကြီး သုံးဦးကို ဘာကြောင့် နုတ်ထွက်စာ တင်ခိုင်းသလဲ"၊ ဧရာဝတီဂျာနယ်၊ ၂၁ ဇန်နဝါရီ ၂၀၁၉။
- ↑ "ပြည်ထောင်စုမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ်၊ ၂/ ၂၀၁၉ ကချင်ပြည်နယ် ဝန်ကြီး ရာထူးမှနုတ်ထွက်ခွင့်ပြုခြင်း"၊ နိုင်ငံတော်သမ္မတရုံး၊ ၂၁ ဇန်နဝါရီ ၂၀၁၉။ Archived from the original on 1 February 2021။
- ↑ "ပြည်ထောင်စုမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ်၊ ၃/ ၂၀၁၉ ကချင်ပြည်နယ်ဝန်ကြီး တာဝန်မှရပ်စဲခြင်း"၊ နိုင်ငံတော်သမ္မတရုံး၊ ၂၁ ဇန်နဝါရီ ၂၀၁၉။ Archived from the original on 1 February 2021။
- ↑ "သမ္မတ တင်သွင်းသည့် ကချင်ပြည်နယ် ဝန်ကြီးဌာန ၂ ခု တိုးချဲ့ရေး မဲခွဲရာ ရှုံးနိမ့်"၊ ဧရာဝတီဂျာနယ်၊ ၂၁ ဇန်နဝါရီ ၂၀၁၉။
- ↑ "ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ်၊ ၅ /၂၀၁၉ ကချင်ပြည်နယ်ဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း"၊ နိုင်ငံတော်သမ္မတရုံး၊ ၃၁ ဇန်နဝါရီ ၂၀၁၉။ Archived from the original on 1 February 2021။
