မင်္ဂလာ လေကြောင်းပို့ဆောင်ရေးလုပ်ငန်း
ပုံပန်းသွင်ပြင်
(ကမ္ဘောဇလေကြောင်းလိုင်း မှ ပြန်ညွှန်းထားသည်)
| |||||||
တည်ထောင် | အောက်တိုဘာ ၂၀၁၀ | ||||||
---|---|---|---|---|---|---|---|
စတင်ပျံသန်း | ၂ ဧပြီ ၂၀၁၁ | ||||||
အခြေစိုက် ဌာန | ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် | ||||||
လေယာဉ်ပေါင်း | ၁၂ | ||||||
ပျံသန်းဌာနေပေါင်း | ၁၇ | ||||||
ဆောင်ပုဒ် | Wings For Every One | ||||||
မိခင်ကုမ္ပဏီ | Mingalar Aviation Services Co., Ltd. | ||||||
ဌာနချုပ် | ရန်ကုန်မြို့၊ မြန်မာနိုင်ငံ | ||||||
အရေးပါသူများ | ဦးကျော်ဟန် ( Chief Operating Officer) | ||||||
ဝက်ဘ်ဆိုဒ် | mingalaraviation.com |
မင်္ဂလာ လေကြောင်းပို့ဆောင်ရေးလုပ်ငန်း (အင်္ဂလိပ်: Mingalar Aviation Services)၊ ယခင်အမည် ကမ္ဘောဇလေကြောင်းလိုင်း သည် ရန်ကုန်မြို့အခြေစိုက် မြန်မာနိုင်ငံသားပိုင် ပြည်တွင်းလေကြောင်းလိုင်း တစ်ခုဖြစ်သည်။ ၂၀၁၀ ပြည့်နှစ် ဇွန်လတွင် ကမ္ဘောဇလေကြောင်းလိုင်း အမည်ဖြင့်စတင်တည်ထောင်ခဲ့ပြီး ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် မင်္ဂလာလေကြောင်းအဖြစ် အမည်ပြောင်းလဲခဲ့သည်။[၁] ၂၀၁၁ ခုနှစ် ဧပြီလ ၂ ရက်နေ့မှ စတင်ကာ လေကြောင်းဝန်ဆောင်မှုများကို စတင်ခဲ့သည်။[၂] ၂၀၁၅ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းဖြင့် ကုဒ်မျှဝေသုံးစွဲသည့် စနစ်ကို သဘောတူညီခဲ့သည်။[၃]
ပျံသန်းရာမြို့များ
[ပြင်ဆင်ရန်]ပြည်တွင်း
[ပြင်ဆင်ရန်]- ပုဂံ - ညောင်ဦးလေဆိပ်
- ဗန်းမော် - ဗန်းမော်လေဆိပ်
- ဟဲဟိုး - ဟဲဟိုးလေဆိပ်
- ကလေး - ကလေးမြို့လေဆိပ်
- ကော့သောင်း - ကော့သောင်းလေဆိပ်
- ကျိုင်းတုံ - ကျိုင်းတုံလေဆိပ်
- လားရှိုး - လားရှိုးလေဆိပ်
- မန္တလေး - မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ် အခြေစိုက်လေဆိပ်
- မြိတ် - မြိတ်လေဆိပ်
- မြစ်ကြီးနား - မြစ်ကြီးနားလေဆိပ်
- ပူတာအို - ပူတာအိုလေဆိပ်
- စစ်တွေ - စစ်တွေလေဆိပ်
- ထားဝယ် - ထားဝယ်လေဆိပ်
- တာချီလိတ် - တာချီလိတ်လေဆိပ်
- သံတွဲ - သံတွဲလေဆိပ်
- ရန်ကုန် - ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် အဓိက အခြေစိုက်လေဆိပ်
ပြည်ပ
[ပြင်ဆင်ရန်]ထိုင်းနိုင်ငံ
လေယာဉ်များ
[ပြင်ဆင်ရန်]လေယာဉ်အမျိုးအစား | လက်ရှိ | မှာယူထားမှု | အခြား | မှတ်ချက် |
---|---|---|---|---|
ATR 72-600 | ၆[၄] | ၀ | ၀ | |
စုစုပေါင်း | ၆ [၅] | ၀ | ၀ |
မတော်တဆမှုများ
[ပြင်ဆင်ရန်]- ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် သံတွဲလေဆိပ်တွင် ATR-72-500 မှာ လေယာဉ်ပြေးလမ်း ချော်ခဲ့သည်။ သို့သော် ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ပေ။[၆]
- ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပြေးလမ်းချော်ခဲ့သည်။ ထိခိုက်ဒဏ်ရာရရရှိမှု မရှိခဲ့ပေ။
ကိုးကား
[ပြင်ဆင်ရန်]- ↑ About Us။ 21 January 2024 တွင် ပြန်စစ်ပြီး။
- ↑ Air KBZ launched domestic scheduled services from Yangon, Myanmar on 2 April 2011.။ 2022-10-03 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2013-01-31 တွင် ပြန်စစ်ပြီး။
- ↑ "Airline Review - Air KBZ"၊ Destination Travel၊ 2 May 2018။ 13 February 2024 တွင် ပြန်စစ်ပြီး။ Archived from the original on 14 July 2019။
- ↑ https://www.planespotters.net/airline/Air-KBZ
- ↑ AIR KBZ လေကြောင်းလိုင်းမှ အသစ်ဝယ်ယူသော ATR 72-600 လေယာဉ်သစ်တစ်စီး ထပ်မံရောက်ရှိ | Air KBZ။ 12 October 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 14 October 2016 တွင် ပြန်စစ်ပြီး။
- ↑ Hradecky၊ Simon။ "Accident: Air KBZ AT72 at Thandwe on Feb 17th 2012, runway excursion, gear collapse"၊ 3 March 2012။ 10 June 2013 တွင် ပြန်စစ်ပြီး။