မာတိကာသို့ ခုန်သွားရန်

မြင့်ကြွယ် (မြို့မ): တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
https://www.booksie.com/posting/myoma-myint-kywe/metta-is-the-best-301093
Asian Authors – Welcome to the Authors Hall of Fame!
စာကြောင်း ၄၄ - စာကြောင်း ၄၄ -
# Metta is the BEST https://www.booksie.com/posting/myoma-myint-kywe/metta-is-the-best-301093
# Metta is the BEST https://www.booksie.com/posting/myoma-myint-kywe/metta-is-the-best-301093
# ''Today Combat Karate is popular martial arts of U.S. Army''<ref>http://karateandknowledge.blogspot.com/p/blog-page_30.html</ref>
# ''Today Combat Karate is popular martial arts of U.S. Army''<ref>http://karateandknowledge.blogspot.com/p/blog-page_30.html</ref>
# Literature of Myanmar http://www.ebooklibrary.org/articles/eng/literature_of_myanmar
# Asian Authors – Welcome to the Authors Hall of Fame! http://authorshalloffame.org/asian-authors/


== ပြည်ပခရီးများ နှင့် ဘာသာရေး ဆောင်ရွက်ချက်==
== ပြည်ပခရီးများ နှင့် ဘာသာရေး ဆောင်ရွက်ချက်==

၁၂:၄၇၊ ၆ နိုဝင်ဘာ ၂၀၁၆ ရက်နေ့က မူ

မြို့မ-မြင့်ကြွယ်
မွေးဖွားမြင့်ကြွယ်
(၁၉၆၀-0၄-၁၄) ဧပြီ ၁၄၊ ၁၉၆၀ (အသက် ၆၄)
ပုဇွန်တောင်မြို့နယ် ရန်ကုန်တိုင်း
နိုင်ငံလူမျိုး မြန်မာ
လူမျိုးဗမာလူမျိုး
ပညာရေးပညာရေးမဟာဘွဲ့၊ အင်ဂျင်နီယာ ဒီပလိုမာဘွဲ့
အလုပ်အကိုင်ညွှန်ကြားရေးမှုး (အငြိမ်းစား)၊ Myanmar Family History and Genealogy ၊ စာရေးဆရာသမိုင်းပညာရှင်ကရာတေး နည်းပြချုပ်
ကျော်ကြားမှုအရင်းခံစာရေးဆရာသမိုင်းပညာရှင်ကရာတေးအားကစားသမားကရာတေးနည်းပြချုပ်
အိမ်ထောင်ဖက်(များ)ဒေါ်ခိုင်ခိုင်ဝင်း
သားသမီးမသော်တာဝင်း၊ မစုစုစံ
မိဘ(များ)မြို့မ-ဦးသန်းကြွယ်ဒေါ်အမာ (ခေါ်) ဒေါ်မြင့်မြင့်ဝင်း
ရရှိသည့်ဆုများမဟာဝံသယုဝပဏ္ဍိတဘွဲ့ စာပေဗိမာန်စာမူဆု ရန်ကုန်တိုင်းကရာတေး Champion ပထမဆု စင်ကာပူ နိုင်ငံ အာရှနိုင်ငံများဆိုင်ရာ ဗုဒ္ဓဘာသာ စာပေဆု မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာစာပေဆု၊ စာပဒေသာ ပထမဆု

မြို့မ-မြင့်ကြွယ် သည် မြန်မာနိုင်ငံသား သမိုင်းပညာရှင်၊ စာရေးဆရာနှင့် ကရာတေးသိပ္ပံ ကျောင်းအုပ်ဆရာကြီး တစ်ဦး ဖြစ်သည်။

ငယ်စဉ်ဘဝ

စာရေးဆရာ သမိုင်းပညာရှင် မြို့မ-မြင့်ကြွယ် ၏ အမည်ရင်းမှာ ဦးမြင့်ကြွယ် ဖြစ်သည်။ အဖ မြို့မ-ဦးသန်းကြွယ်(ပင်လုံစာချုပ်) နှင့် အမိ ဒေါ်အမာ (ခေါ်) ဒေါ်မြင့်မြင့်ဝင်းတို့မှ ၁၉၆၀ ပြည့်နှစ် ဧပြီလ ၁၄ ရက် ရန်ကုန်တိုင်း ပုဇွန်တောင်မြို့နယ်တွင် မွေးဖွားခဲ့သည်။ မွေးချင်း မောင်နှမ ၄ ဦး(ဒေါ်ခင်မာကြွယ်၊ ဦးဌေးကြွယ်၊ ဒေါ်မြမြသန်း၊ ဦးမြင့်ကြွယ် (မြို့မ-မြင့်ကြွယ်) တွင် အငယ်ဆုံးသား ဖြစ်သည်။ ဘဝတစ်သက်တာတစ်လျှောက်တွင် ဆေးလိပ် စီးကရက် နှင့် အရက်သေစာ အသောက်အစား ကင်းရှင်းသူ တစ်ဦးဖြစ်သည်။ ရန်ကုန်မြို့ မြို့မ အထက်တန်းကျောင်း တွင် ပညာသင်ကြားခဲ့သည်။ ဦးမြင့်ကြွယ်သည် ပညာရေးမဟာဘွဲ့ ၊ မဟာဝံသယုဝပဏ္ဍိတဘွဲ့ ၊ အင်ဂျင်နီယာ ဒီပလိုမာဘွဲ့ များကို ရရှိခဲ့သည်။ ဗမာလူမျိုး ဖြစ်သည်။ ထေရဝါဒ ဗုဒ္ဓဘာသာ ကို ကိုးကွယ်ယုံကြည်သူဖြစ်သည်။ ဂျီစီဘီအေ ခေါင်းဆောင်၊ သမာဓိ မြို့ဝန်၊ မြန်မာပြည် ၏ ပထမဆုံး ပန်းကန်စက်ပိုင်ရှင် နှင့် စတင်တည်ထောင်သူ ပန်းကန်စက် ဦးသော် ၏ မြေးအရင်း ဖြစ်သည်။ ပန်းကန်စက်ဦးသော်သည် မြန်မာ့သမိုင်းတွင် ထင်ရှားသော ကုန်းဘောင်ခေတ် ဆင်ဖြူရှင်မင်းနှင့် စစ်သူကြီး မင်းကြီးမဟာသီဟသူရ[၁] တို့ ၏(၂)ဆက်မြောက်မြေးတော်ဖြစ်သည်။[၂][၃][၄][၅]

အလုပ်အကိုင်

မြန်မာနိုင်ငံစာရေးဆရာအသင်းအဖွဲ့ဝင် ဖြစ်သည်။ ၁၉၇၉ ခုနှစ်တွင် စာပေဆောင်းပါးများ‌စတင်ရေးသားခဲ့သည်။ ရန်ကုန်မြို့ မြို့မ အထက်တန်းကျောင်းတွင် တက်ရောက်ခဲ့သည့်အပြင် မြို့ မ ဟူ သော အမည်ကို ဂုဏ်ယူသောကြောင့် မြို့ မ-မြင့်ကြွယ် ဟူသော ကလောင်အမည် ကို ယူထားခြင်းဖြစ်သည်။ ယဉ်ကျေးမှု၊ လူ့အဖွဲ့အစည်းပညာရပ်၊ ကရာတေး၊ ဗုဒ္ဓဘာသာ၊ ပညာရေး တို့နှင့် ပတ်သက်သည့် မြန်မာစာပေဆိုင်ရာ စာတမ်း၊ စာအုပ်ပေါင်း (၁၅၀) ကျော်ကို မြန်မာဘာသာ အင်္ဂလိပ်ဘာသာဖြင့် ရေးသားပြုစုခဲ့သည်။ ၁၉၇၈ ခုနှစ်တွင် ဆိုရှိကိ ကရာတေး အသင်းတည်ထောင်သူနှင့် နည်းပြချုပ် ဖြစ်သည်။ ကရာတေးသိပ္ပံ Institute of Karate ၏ ကျောင်းအုပ်ဆရာကြီးဖြစ်ခဲ့သည်။ ဂျူဒိုပညာကို အဖွဲ့ချုပ် Judo Federation ဖွဲ့စည်းပြီး ဆောင်ရွက်သကဲ့သို့ ကရာတေးပညာကိုလည်း အဖွဲ့ချုပ် Karate Federation အဖြစ် စနစ်တကျ ဖွဲ့စည်းဆောင်ရွက်သင့်ကြောင်း နိုင်ငံတော်အစိုးရသို့ စာဖြင့်လည်းကောင်း၊ ၁၉၈၁ ခုနှစ် ဇွန်လ ၈ ရက်နေ့ တွင် ကြေးမုံသတင်းစာမှ လည်းကောင်း စတင်ရေးသားအကြံပြုခဲ့သည်။ မြန်မာနိုင်ငံကရာတေးအဖွဲ့ချုပ် Burma Karate Federation စနစ်တကျ တရားဝင်ဖွဲ့စည်းဆောင်ရွက်သင့်ကြောင်း နိုင်ငံတော်အစိုးရသို့ စတင်ရေးသားအကြံပြုခဲ့ပြီး ၈ နှစ်နှင့် ၄ ရက်ကြာမှ ၁၉၈၉ ခုနှစ် ဇွန်လ ၁၂ ရက်တွင် "မြန်မာနိုင်ငံကရာတေးဒိုအဖွဲ့ချုပ်" (Myanmar Karatedo Federation) ကို နိုင်ငံတော်အစိုးရက တရားဝင်ဖွဲ့စည်းပေးခဲ့သည်။

Japan Karate Association chief instructor Masatoshi Nakayama ၏ အမှတ်တရ သဝဏ်လွှာကဒ်ပြား

၁၉၈၁ ခုနစ်တွင် ဦးမြင့်ကြွယ် ရေးသားပြုစုခဲ့သော ကရာတေး ဆိုင်ရာ သုတေသနကျမ်း Thesis: Kihon (基本, きほん), Kata (型 or 形), Kumite (組手) The 3 Ks process of Karate အား ဂျပန်ကရာတေး အသင်း (J.K.A 日本 空手 協会; Nihon Karate Kyokai ) ၏ နည်းပြချုပ် ဆရာကြီး မာဆာတိုရှိ နာကာရားမား[၆]က အသိမှတ်ပြု လက်ခံခဲ့သည်။ ဂျပန်ကရာတေး အသင်းမှ ကရာတေးနည်းပြဆရာအဖြစ် အသိမှတ်ပြုခဲ့သည်။

ကရာတေးအသင်းများကို ကျွန်းတောလမ်း စမ်းချောင်းမြို့နယ် တွင်လည်းကောင်း၊ ၃၅၃၊ မြို့မကျောင်းလမ်း အ.ထ.က(၂)ဒဂုံ မြို့ မကျောင်း ဒဂုံမြို့နယ် တွင်လည်းကောင်း၊ ခြံအမှတ်-၇၄ စီ အင်လျားလမ်း၊ ကမာရွတ်မြို့နယ်တွင်လည်းကောင်း၊ နိုင်ငံခြားဘာသာတက္ကသိုလ် ၏ နောက်ဘက်ရှိ အင်းလျားလမ်း ကမာရွတ်မြို့နယ်(ဦးဘဘကြီး) ခြံတွင်လည်းကောင်း၊ ရန်ကုန်ဆေးတက္ကသိုလ် (၁) ပြည်လမ်း လိပ်ခုံးခန်းမ ကမာရွတ်မြို့နယ်တွင်လည်းကောင်း၊ ခြံအမှတ်-၁၀၅ ဟယ်လပင်လမ်း (ယခု ပြည်ထောင်စုရိပ်သာလမ်း) ဒဂုံမြို့နယ် တွင်လည်းကောင်း၊ ခြံအမှတ်-၃၀ F အင်လျားလမ်း ကမာရွတ်မြို့နယ်တွင်လည်းကောင်း၊ ဘန်ကောက်မြို့တွင်လည်းကောင်း ၁၉၇၈ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း တည်ထောင်ဖွင့်လှစ်ပို့ချခဲ့သည်။ ကျောင်းသားကျောင်းသူများ၊ လူငယ်များအား ဆိုရှိကိ တိုက်ခိုက်ရေးပညာများသာမက ဗုဒ္ဓဘာသာ၊ ယဉ်ကျေးမှု၊ ကိုယ်ကျင့်တရား၊ ကိုယ်ကျင့်တရားနှင့်သက်ဆိုင်သော လူ့ကျင့်ဝတ်ပညာ စသည်တို့ကိုလည်း ပြည်တွင်းပြည်ပတွင် စာတွေ့လက်တွေ့ ပူးတွဲပို့ချပေးခဲ့သည်။ ငွေကြေးချို့တဲ့သူများဆိုပါက အခမဲ့ ကရာတေးသင်ပေးခဲ့သည်။ One-on-one combat training, Two-on-one combat training, Three-on-one combat training, Hand-to-hand combat training, Ground fighting techniques (Street fighting techniques), Intensive combat training, Special bodyguard training, Personal security officer training များ ပြည်တွင်းပြည်ပတွင် ဖွင့်လှစ်ပို့ချခဲ့သည်။[၇][၈][၉]

ရန်ကုန်တိုင်း ကရာတေး KUMITE (組手 空手 free sparring) championship ပထမဆု ၊ စင်ကာပူနိုင်ငံ အာရှနိုင်ငံများ‌ဆိုင်ရာဗုဒ္ဓဘာသာ စာပေဆု၊ မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာစာပေဆု၊ စာပဒေသာ ပထမဆု၊ သမိုင်းပါမောက္ခဆရာကြီး ဒေါက်တာသန်းထွန်း ၏ ဂုဏ်ထူးဆောင်စာပေဆု၊ စာပေဗိမာန်စာမူဆု များ‌ ရခဲ့သည်။ မြို့မကျောင်း(၇၅)နှစ်ပြည့်စိန်ရတု (၁၉၂၀-၁၉၉၅) နှင့် ၁၉၉၅ ခုနှစ် ရန်ကုန်တက္ကသိုလ် (၇၅)နှစ်ပြည့် စိန်ရတုပွဲ ကျင်းပခဲ့ရာတွင် သမိုင်းပညာရှင် တစ်ဦး အနေဖြင့် ပါဝင်ခဲ့သည်။

ရေးသားခဲ့သော ထင်ရှားသည့် စာအုပ်စာတမ်းအချို့မှာ

  1. မြန်မာ့ယဉ်ကျေးမှု အထူးမှတ်သားဖွယ်နှင့် လူငယ်ရေးရာ မှတ်စုများ
  2. မြို့မ ဆရာကြီး ဦးဘလွင် (သို့မဟုတ်) အမျိုးသားပညာရေးနိဒါန်းအစ
  3. မဟာမြန်မာတို့ ၏ ရှေးဦးပထမအစ
  4. The Buddha (BC 623-BC 543) [၁၀]
  5. Forgive and Love Each Other [၁၁]
  6. Let's Meditate for Love, Peace and Happiness[၁၂]
  7. About the Karate [၁၃]
  8. Parents and Children [၁၄]
  9. Metta is the BEST https://www.booksie.com/posting/myoma-myint-kywe/metta-is-the-best-301093
  10. Today Combat Karate is popular martial arts of U.S. Army[၁၅]
  11. Literature of Myanmar http://www.ebooklibrary.org/articles/eng/literature_of_myanmar
  12. Asian Authors – Welcome to the Authors Hall of Fame! http://authorshalloffame.org/asian-authors/

ပြည်ပခရီးများ နှင့် ဘာသာရေး ဆောင်ရွက်ချက်

မြို့မ-မြင့်ကြွယ်သည် ၁၉၈၇ မှ ၂၀၁၅ ခုနှစ်အတွင်း စင်ကာပူတရုတ်ဂျပန်ဂျာမနီအင်္ဂလန်ထိုင်းဖိလစ်ပိုင်မလေးရှားအင်ဒိုနီးရှားတောင်ကိုရီးယားနယ်သာလန် စသော နိုင်ငံများသို့ လှည့်လည် သွားရောက်ခဲ့သည်။ သင်တန်းများ တက်ရောက်ခဲ့သည်။ သင်တန်းများလည်း ပို့ချခဲ့သည်။ နိုင်ငံခြားသားများက "Historian Myoma Myint Kywe" / Karate Myint / อาจารย์ Myint kywe / Sensei Myint Kywe(先生)[၁၆][၁၇] ဟု ခေါ်ဝေါ် လေ့ ရှိသည်။ အထူးသဖြင့် ဗုဒ္ဓမြတ်စွာဘုရား၏ တရားတော်များကို ကိုယ်တိုင် လိုက်နာကျင့်ကြံခဲ့ပြီး၊ ပြည်တွင်း၊ ပြည်ပ၌လည်း မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် လူငယ်များအတွက် ဗုဒ္ဓဘာသာဆိုင်ရာ စာပေများကို ရေးသားဖြန့်ဖြူး ဟောပြောပို့ချလျက်ရှိသည်။[၁၈][၁၉]

မိသားစု

ဖခင်ဖြစ်သူ မြို့မ-ဦးသန်းကြွယ် သည် ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ကြီး ( ဖဆပလ)တွင် ၁၉၄၂ မှ ၁၉၄၈ အထိ အဖွဲ့ဝင်နှင့် အမှုဆောင်အဖြစ် ဦးဆောင် တာဝန်ယူပါဝင်သူ ဖြစ်သည်။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် မြို့မ-ဦးသန်းကြွယ်သည် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နှင့် အခြားတိုင်းရင်းသား ခေါင်းဆောင်များနှင့် အတူ ပင်လုံညီလာခံ တွင်လည်း ပါဝင် ဦးဆောင်ခဲ့သည်။ သူ၏ဖခင် မြို့မ-ဦးသန်းကြွယ် သည် တိုင်းပြည်နှင့် လူမျိုးအတွက် နိုင်ငံရေးဆောင်ရွက်ရာတွင်ဗိုလ်သန်းကြွယ်၊ သခင်သန်းကြွယ်၊ မြို့မ-ဦးသန်းကြွယ် (ပင်လုံစာချုပ်) အမည်ဖြင့် ထင်ရှားသည်။[၂၀]

မြို့မ-မြင့်ကြွယ်သည် ၁၉၉၈ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်တွင် ဒေါ်ခိုင်ခိုင်ဝင်း နှင့် လက်ထပ်ခဲ့သည်။ သမီး ၂ ယောက် ထွန်းကားခဲ့သည်။ မသော်တာဝင်း နှင့် မစုစုစံ တို့ဖြစ်သည်။

ဆက်စပ်ဖတ်ရှုရန်

ဓာတ်ပုံများ

ကိုးကား

  1. E၊ Harvey G. (2000)။ History of Burma (အင်္ဂလိပ်ဘာသာစကားဖြင့်)။ New Delhi: Asian Educational Services။ p. 257။ ISBN 9788120613652
  2. မြို့မ-မြင့်ကြွယ် (ဇွန် ၂၆-ဇူလိုင် ၂ ၂၀၁၆). "အမျိုးသားစီးပွားရေးရှေ့ဆောင် ပန်းကန်စက်ဦးသော်". The Dhamma Thandawsint မဂ္ဂဇင်းစာစောင် အမှတ် ၂၉. 
  3. http://ch-mm.blogspot.com/
  4. ပန်းကန်စက်ဦးသော် (၁၄.၁၀.၁၉၇၄)။ မြန်မာနိုင်ငံ ကြွေပန်းကန်အစ ဦးသော် က (၅၈၃/၇၄) |format= requires |url= (အကူအညီ)။ ၁၂၄-ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ရန်ကုန်မြို့: နယူးစာပုံနှိပ်တိုက်။ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)CS1 maint: location (link)
  5. မြို့မ-မြင့်ကြွယ် (၁၉၈၁)။ ကျွန်တော်သိသောဖိုးဖိုးသော်။ ရတနာမွန်မဂ္ဂဇင်း။
  6. http://www.jka.or.jp/english/about/nakayama.html
  7. http://karateandknowledge.blogspot.com/p/military-combative-program-in-world.html
  8. http://karateandknowledge.blogspot.com/p/blog-page_30.html
  9. https://www.youtube.com/watch?v=zkZTzWIy7-Y
  10. http://www.booksie.com/religion_and_spirituality/article/myoma_myint_kywe/the-buddha-%28bc-623bc-543%29
  11. http://www.booksie.com/religion_and_spirituality/article/myoma_myint_kywe/forgive-and-love-each-other-researched-by-myoma-myint-kywe
  12. http://www.booksie.com/religion_and_spirituality/article/myoma_myint_kywe/lets-meditate-for-love-peace-and-happiness
  13. http://archive.is/7uS1b
  14. http://www.booksie.com/religion_and_spirituality/article/myoma_myint_kywe/parents-and-childre
  15. http://karateandknowledge.blogspot.com/p/blog-page_30.html
  16. http://gmd.net.au/detail/-4zl6hmdin4/eeca34d1c0879291b728d75404cea5cf.audio
  17. http://allgoals.com/players/videos/65752
  18. https://duckduckgo.com/1/c/Theravada_Buddhism_writers
  19. http://lists.lucywho.com/burmese-celebrities-c19256562/m.html
  20. http://www.cyclopaedia.fr/wiki/Myoma_Myint_Kywe
  1. http://www.booksllc.net/book.cfm?id=3442729
  2. http://m.lucywho.com/p16953681/burmese-writers/
  3. http://www.bornglorious.com/birthday/?ct=/m/04xn_&pd=04
  4. http://factsanddetails.com/southeast-asia/Myanmar/sub5_5e/entry-3081.html
  5. http://m.lucywho.com/p17100511/burmese-historians/
  6. https://allfamouspeople.wordpress.com/page/15/
  7. http://missions.itu.int/~myanmar/04nlm/n041123.htm#Winners%20of%20Sarpay%20Beikman%20Manuscript%20Award%20announced.
  8. http://www.thefullwiki.org/Myoma_Myint_Kywe#Top_page
  9. http://www.thefullwiki.org/Myoma_Myint_Kywe
  10. http://missions.itu.int/~myanmar/07nlm/n070131.htm
  11. http://top-topics.thefullwiki.org/Burmese_historians
  12. http://www.letsrun.com/forum/flat_read.php?thread=4623761&page=5
  13. http://www.myanmarbook.com/Default.asp?Action=mbcgtail&par=M-2199
  14. ၁၉၇၂ ခုနှစ်ပထမအကြိမ် ပုံနှိပ်ထုတ်ဝေသော ပင်လုံညီလာခံ သမိုင်း စာအုပ်
  15. ၁၉၉၅ ခုနှစ်ရန်ကုန်တက္ကသိုလ် စိန်ရတု အထိမ်းအမှတ်စာအုပ်
  16. ၁၉၈၀ မေမြို့ချစ်ဆွေ ရေးသား ပြုစုခဲ့သော ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေး ကြိုးပမ်းမှု လစဉ်မှတ်တမ်း
  17. မြန်မာ့ယဉ်ကျေးမှု အထူးမှတ်သားဖွယ်နှင့် လူငယ်ရေးရာ မှတ်စုများ
  18. မြို့မ ဆရာကြီး ဦးဘလွင် (သို့မဟုတ်) အမျိုးသားပညာရေးနိဒန်းအစ
  19. မဟာမြန်မာတို့ ၏ ရှေးဦးပထမအစ
  20. http://www.booksie.com/religion_and_spirituality/article/myoma_myint_kywe/the-buddha-%28bc-623bc-543%29
  21. http://www.booksie.com/myoma_myint_kywe

ပြင်ပလင့်ခ်များ