မြို့မကျောင်း(၇၅)နှစ်ပြည့်စိန်ရတု (၁၉၂၀-၁၉၉၅)

ဝီကီပီးဒီးယား မှ

၁၉၉၅ ခုနစ်၊ မြို့မကျောင်းစိန်ရတု (၁၉၂၀-၁၉၉၅)[ပြင်ဆင်ရန်]

မြို့မကျောင်း သည် ၁၉၂ဝ ပြည့်နှစ်၊ ဒီဇင်ဘာလ (၁၇) ရက် ရန်ကုန်မြို့ဗဟန်း မြို့နယ်တွင်စတင် တည်ထောင်သော မြန်မာနိုင်ငံ၏ ပထမဆုံးသော အမျိုးသားကျောင်း ဖြစ်သည်။ မြို့မ ကျောင်းအုပ် ဆရာကြီးမှာ ဦးဘလွင်(၁၈၉၂-၁၉၆၈) ဖြစ်သည်။ မြို့မ ကျောင်းအုပ်ဆရာကြီး ဦးဘလွင် သည် လွန်စွာထင်ရှားသည်။

၁၉၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁၇ ရက် ရန်ကုန်မြို့ ဗဟန်း မြို့နယ်တွင် စတင်တည်ထောင်ခဲ့ရာမှ ၁၉၆၅ ခုနှစ် ပြည်သူပိုင်သိမ်းဆည်းသည်အထိ မြို့မ အမျိုးသား အထက်တန်းကျောင်း အမည်တွင်ခဲ့သည်။ ပြည်သူပိုင်သိမ်းပြီးနောက် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ ဒဂုံမြို့နယ်အဖြစ် တည်ရှိခဲ့သည်။ ပညာ၊ စည်းကမ်း၊ စာရိတ္တမြင့်မားသော ကျောင်းတစ်ကျောင်းအဖြစ် ရပ်တည်လျက်ရှိသည်။ ပညာရည်ချွန် လူရည်မွန်များ၊ အားကစားထူးချွန်သူများ၊ အနုပညာကြယ်ပွင့်များကို နှစ်စဉ်မွေးဖွားသန့်စင်ပေးလျက်ရှိသည်။ မြို့မကျောင်းကို ဂုဏ်ပြုသော အားဖြင့် ကျောင်းတည်ရှိရာ လမ်းကို ဂေါ်ဒွင်လမ်းမှ မြို့မကျောင်းလမ်း အဖြစ်ပြောင်းလဲ ခေါ်ဝေါ်ခဲ့သည်။ မြို့မကျောင်းကို ဂုဏ်ပြုသော အားဖြင့် မိုင်ဒါကွင်း ကို မြို့မ ကွင်းအဖြစ်ပြောင်းလဲ ခေါ်ဝေါ်ခဲ့သည်။ ၁၉၉၅ ခုနှစ် တွင် မြို့မကျောင်း၏ (၇၅ )နှစ်ပြည့် စိန်ရတု ကို အထက ၂ ဒဂုံ၊ အထက ၃ ဒဂုံ တွင် ကျင်းပခဲ့သည်။


၁၉၉၅ ခုနစ်၊ မြို့မကျောင်းစိန်ရတု (၁၉၂၀-၁၉၉၅) ကျင်းပရာ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ အတွင်းရေးမှူး ၁ မြန်မာနိုင်ငံ ပညာရေး ကော်မတီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ခင်ညွန့် အမှူးပြုသော အစိုးရ ဝန်ကြီးများ၊ (အငြိမ်းစား) ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ် သောင်းတင်၊ (အငြိမ်းစား) ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်မှူးချုပ် ချစ်လှိုင်၊ ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးဘုန်းမြင့်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်(လေ) ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဝင်း၊ ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး မောင်လှ၊ တပ်မတော် စစ်ဆေးရေး အရာရှိချုပ် ဝန်ကြီး ဗိုလ်ချုပ်စိန်ထွားရှေ့နေချုပ် ဦးသာထွန်း၊ (အငြိမ်းစား) တက္ကသိုလ် စာပေးစာယူ ဌာနမှူး တောင်ကြီးကောလိပ် ကျောင်းအုပ်ကြီးဦးစန်း၊ မြို့မဆရာကြီး ဦးဘလွင်၏ သမီး ဒေါ်စုစုလွင်၊ အငြိမ်းစား သံအမတ်ကြီး ဝဏ္ဏကျော်ထင်ဦးသက်ထွန်း၊ (အငြိမ်းစား)တပ်မတော် ဆေးဝန်ထမ်း ညွှန်ကြားရေးမှူး ဗိုလ်မှူးကြီး လှဘူး (ဒေါက်တာလှဘူး)၊ ဗိုလ်မှူးကြီး ညွန့်ဆွေ (သံအမတ်ကြီး ဒုတိယ ဝန်ကြီး)၊ ဝန်ကြီး ဟင်္သာတဦးမြ၏ သား ဦးငွေစိုးနှင့် ဦးသာထွန်း၊ အငြိမ်းစား ကထိက ဌာနမှူး မြန်မာစာ အဖွဲ့ဝင်စာရေးဆရာမကြီး ကထိက ဒေါ်မြင့်သန်း၊ စာရေးဆရာမကြီး ဒေါက်တာ ဒေါ်ရီရီလှ (ယုဝတီခင်ဦး)၊စာရေးဆရာကြီးဦးမျိုးသန့် မောင်ဆုရှင်၊ စာရေးဆရာ သမိုင်းပညာရှင် ဦးမြင့်ကြွယ် မြို့မ-မြင့်ကြွယ်၊ မြို့မကျောင်းသားကျောင်းသူဟောင်းများအသင်း အတွင်းရေးမှူးဦးတင့်ဆွေ ၊အကယ်ဒမီ စန္ဒရားလှထွတ်၊ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ထွန်းထွန်းနိုင် ၊ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ခင်သီတာထွန်း ၊ရုပ်ရှင်သရုပ်ဆောင်မောင်သန်းဝင်း ၊ (အငြိမ်းစား) မြို့မဆရာကြီးဦးစောလွင်၊ (အငြိမ်းစား) မြို့မကျောင်းအုပ်ဆရာကြီးဦးငြိမ်းမောင်၊ (အငြိမ်းစား)မြို့မကျောင်းအုပ်ဆရာကြီးဦးတင်ဝင်း၊ ဗီအိုအေမြန်မာပိုင်းသတင်းဌာနညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်ဇော်၊ မြို့မကျောင်းအုပ်ဆရာကြီးဦးဟန်သိန်း ၊(အငြိမ်းစား) ဗိုလ်မှူးကြီး တင့်ဝေအေး (ဦးဆောင်ညွန်ကြား ရေးမှူး)၊ ဆရာမဒေါ်ခင်ဆွေ၊ ဆရာမဒေါ်သောင်းရီ ၊ မြို့မဆရာကြီးဦးဘတင်၏ သား ဆရာ ဦးလှသွင်၊ မြို့မဆရာကြီးဦးဘတင်၏သမီး ဆရာမဒေါ်ရီရီတင်နှင့် ဆရာမဒေါ်ညွန့်ညွန့်တင်၊ ဆရာဦးသန်းဦး၊ အိန္ဒိယနိုင်ငံရှိ ထေရဝါဒ ဗုဒ္ဓအယူဝါဒ ကမ္ဘာ့ ဝိပဿနာ ဆရာကြီး ဦးဂိုအင်ကာ ၏ သား ဗန္ဓုလ ဦးမောင်ရွှေ ၊ ဦးဝင်းဗိုလ် နှင့် ဒေါ်ဆွေဆွေဟန် အစရှိ သော မြို့မဟောင်းကြီးများ၊ အထက( ၂ )ဒဂုံ၊ အထက ( ၃ ) ဒဂုံ (မြို့မကျောင်းမောင်နှမ ) မှ မြို့မ မျိုးဆက်သစ် ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြသည်။ [၁]


မြို့မကျောင်းမှ နိုင်ငံရေးခေါင်းဆောင်များ၊ မြန်မာ့ဒီမိုကရေစီ လှုပ်ရှားတက်ကြွသူများ၊ ဗမာပြည် ကွန်မြူနစ် ပါတီဝင်များ၊ တပ်မတော်အရာရှိကြီးများ၊ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ ကျောင်းအုပ် ဆရာကြီးများ၊ စာပေ၊ ရုပ်ရှင်၊ ဂီတ၊ အားကစားသမားများ ထူးချွန်ထင်ရှားသူများ အမြောက်အမြား ထွက်ပေါ် ခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မြို့မကျောင်း စိန်ရတု အထိမ်းအမှတ် မြို့မ မဂ္ဂဇင်း.။ ဆရာမ ဒေါ်ခင်ဆွေ။ ၁၉၉၅ |year= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)
  • မြို့မ-မြင့်ကြွယ် ရေးသားသော ၂၀၀၃ ခုနစ်နှစ် စာပေဗိမာန် စာမူဆု၊ စာပဒေသာ ပထမဆုရ "မြို့မ ဆရာကြီး ဦးဘလွင် (သို့မဟုတ်) အမျိုးသားပညာရေးနိဒန်းအစ" စာအုပ်