တင်နက်ဆီပြည်နယ်
| State of Tennessee | |||||||||||
|
|||||||||||
| ရုံးသုံးဘာသာစကားများ | အင်္ဂလိပ် | ||||||||||
| မြို့သား | Tennessean | ||||||||||
| မြို့တော် | နက်ရှဗီးလ် | ||||||||||
| အကြီးဆုံးမြို့ | Memphis | ||||||||||
| အကြီးဆုံး မက်ထရိုဧရိယာ | Nashville Metropolitan Area | ||||||||||
| ဧရိယာ | အမေရိကန်အဆင့် 36th | ||||||||||
| - စုစုပေါင်း | 42,143 စတုရန်းမိုင် (109,247 စတုရန်း ကီလိုမီတာ) |
||||||||||
| - အကျယ် | 440 miles (710 ကီလိုမီတာ) | ||||||||||
| - အရှည် | 120 miles (195 ကီလိုမီတာ) | ||||||||||
| - ရေရာခိုင်နှုန်း | 2.2 | ||||||||||
| - လတ္တီကျု | 34° 59′ N to 36° 41′ N | ||||||||||
| - လောင်ဂျီကျု | 81° 39′ W to 90° 19′ W | ||||||||||
| လူဦးရေ | အမေရိကန်အဆင့် 17th | ||||||||||
| - စုစုပေါင်း | 6,346,105 (2010)[၁] | ||||||||||
| - သိပ်သည်းမှု | 138.0/စတုရန်းမိုင် (53.29/စတုရန်းကီလိုမီတာ) အမေရိကန်အဆင့်19th |
||||||||||
| အမြင့် | |||||||||||
| - အမြင့်ဆုံးနေရာ | Clingmans Dome[၂] 6,643 ft. ပေ (2,025 မီတာ) |
||||||||||
| - အလယ်အလတ် | 900 ပေ (280 မီတာ) | ||||||||||
| - အနိမ့်ဆုံးနေရာ | Mississippi River[၂] 178 ပေ (54 မီတာ) |
||||||||||
| ပြည်ထောင်စုသို့ ဝင်ရောက်ခြင်း |
June 1, 1796 (16th) | ||||||||||
| ပြည်နယ်အုပ်ချုပ်ရေးမှူး | ဘီလ် ဟတ်စလန်( ရီပတ်ဘလစ်ကင်) | ||||||||||
| လက်ထောက် ပြည်နယ်အုပ်ချုပ်ရေးမှူး |
Ron Ramsey (R) | ||||||||||
| ဥပဒေပြုလွှတ်တော် | General Assembly | ||||||||||
| - အထက်လွှတ်တော် | Senate | ||||||||||
| - အောက်လွှတ်တော် | House of Representatives | ||||||||||
| ဆီးနိတ်အမတ်များ | Lamar Alexander (R) Bob Corker (R) |
||||||||||
| အောက်လွှတ်တော် အမတ်များ | 7 Republicans, 2 Democrats (list) | ||||||||||
| စံတော်ချိန်ဇုန်များ | |||||||||||
| - East Tennessee | Eastern: UTC-5/-4 | ||||||||||
| - Middle and West | Central: UTC-6/-5 | ||||||||||
| အတိုကောက်များ | TN Tenn. US-TN | ||||||||||
| အင်တာနက်စာမျက်နှာ | http://www.tennessee.gov | ||||||||||
အမေရိကန်ပြည်ထောင်စု၏ အလယ်ပိုင်းပြည်နယ်တစ်ခုဖြစ် သော တင်နက်ဆီ ပြည်နယ်သည် ကင်တပ်ကီးပြည်နယ်၏ တောင်ဘက်တွင်ရှိ၍ အနောက်ဘက် မစ်စစ်စပီမြစ်မှ အရှေ့ ဘက် မြောက်ကယ်ရိုလီးနားပြည်နယ်အထိ ကျယ်ပြန့်သည်။ ထိုပြည်နယ်၏ အကျယ်အဝန်းမှာ စတုရန်းမိုင်ပေါင်း ၄၂၂၄၆ မိုင်ရှိ၍ လူဦးရေမှာ ၁၉၅၀ ပြည့်နှစ် သန်းခေါင် စာရင်းအရ ၃၂၉၁ရ၁၈ ယောက်ဖြစ်၏။ မြို့တော်မှာ နက်ရှဗီးမြို့ဖြစ်၍ လူဦးရေမှာ ၁ရ၄၃ဝရ ယောက်ရှိသည်။ အကြီးဆုံးမြို့မှာ မစ်စစ်စပီမြစ်ပေါ်တွင်ရှိသော မင်းဖစ်မြို့ဖြစ်၍ လူဦးရေမှာ ၃၉၆၀၀၀ ယောက်ခန့်ရှိလေသည်။
ထိုပြည်နယ်၏ မြေမျက်နှာပြင်ကို သဘာဝအနေအထား လိုက်၍ သုံးပိုင်းခွဲခြားနိုင်သည်။ ပထမပိုင်းမှာ အရှေ့ဘက် တောင် တန်းဒေသဖြစ်၍ ထိုဒေသတွင် အက်ပလက်ချီယန် တောင်တန်းရှိ၏။ ထိုတောင်တန်းမှ ကျောက်မီးသွေး၊ သံနှင့် ကြေးနီတို့ကို မြောက်မြားစွာ တူးဖော်၇ရှိလေသည်။ ဒုတိယပိုင်း ဖြစ်သော အလယ်ပိုင်းမှာ ဂျုံ၊ ပြောင်းနှင့် ဆေးရွက်စိုက်ပျိုးရာ ကျယ်ပြန့်သောဒေသဖြစ်သည်။ တတိယပိုင်းဖြစ်သော အနောက် ဘက်ဒေသမှာ အိုဟိုင်းအိုမြစ်တွင်းသို့ စီးဝင်သော တင်နက်ဆီ မြစ် ဖြတ်သန်းစီးဆင်းရာ မြေနိမ့်လွင်ပြင်ဖြစ်၍ ဝါဂွမ်းစိုက်ပျိုး ရာဒေသဖြစ်၏။
တင်နက်ဆီမြစ်မှ ရေအားကိုယူကာ စက်မှုလုပ်ငန်းများ၌ တွင်ကျယ်စွာ အသုံးချနိုင်သဖြင့် ထိုပြည်နယ်၏ စက်မှုလုပ်ငန်း များမှာ အတော်ပင်တိုးတက်ခဲ့လေသည်။ ထိုပြည်နယ်သည် ရှေးအခါက ရက်အင်ဒီးယန်း လူရိုင်းတို့၏ဒေသဖြစ်ခဲ့သည်။ ထိုနောက် ဥရောပတိုက်သားများ ရောက်ရှိလာသောအခါ အဂင်္လိပ်၊ ပြင်သစ်၊ စပိန် သုံးဦးတို့သည် ထိုဒေသကို အပိုင်ရ ရန် ကြိုးစားကြ၏။ သို့သော် အဂင်္လိပ်တို့က တိုင်းရင်း သားများနှင့် ပို၍ရင်းနှီးစွာ ဆက်ဆံနိုင်သဖြင့် ထိုဒေသကို အဂင်္လိပ်ပိုင်အဖြစ် ပြုလုပ်နိုင်ခဲ့ကြသည်။
တင်နက်ဆီပြည်နယ်သည် အမေရိကန် လွတ်လပ်ရေးစစ်ပွဲ အပြီးတွင်မှ တစ်စတစ်စ တိုးတက်လာ၍၊ ၁ရ၉၆ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု၏ ၁၆ ခုမြောက် ပြည်နယ်တစ်ခု ဖြစ်လာလေသည်။[၃]
ကိုးကား [ပြင်ဆင်ရန်]
- ↑ 2010 Census Data. United States Census Bureau. Retrieved on 2011-03-19။
- ↑ ၂.၀ ၂.၁ Elevations and Distances in the United States. U.S Geological Survey (29 April 2005). Retrieved on December 16, 2008။
- ↑ မြန်မာ့စွယ်စုံကျမ်း အတွဲ(၅)
|
||||||||