မီချီဂန်ပြည်နယ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
မီချီဂန်ပြည်နယ်
Flag of မီချီဂန် State seal of မီချီဂန်
မီချီဂန် အလံ တံဆိပ်
အခြားအမည်များ: ဂရိတ်လိခ် ပြည်နယ်၊ ဝူဗာရင်း ပြည်နယ်
မိုတို: Si quaeris peninsulam amoenam circumspice

(If you seek a pleasant peninsula, look about you)

အမေရိကန်ပြည်ထောင်စု၏ မြေပုံ မီချီဂန် အရောင်ခြယ်ပြထား
ရုံးသုံးဘာသာစကားများ မရှိ(အင်္ဂလိပ် ဒီဖက်တို ဘာသာ)
မြို့သား မီချီဂန်ဒါ
မီချီဂန်နီယန်
မြို့တော် လန်စင်း
အကြီးဆုံးမြို့ ဒက်ထရွိုက်
အကြီးဆုံး မက်ထရိုဧရိယာ မက်ထရို ဒက်ထရွိုက်
ဧရိယာ  အမေရိကန်အဆင့် ၁၁ခုမြောက်
 - စုစုပေါင်း ၉၆,၇၁၆ စတုရန်းမိုင်
(၂၅၃,၇၉၃ စတုရန်း ကီလိုမီတာ)
 - အကျယ် 386 miles (621 ကီလိုမီတာ)
 - အရှည် 456 miles (734 ကီလိုမီတာ)
 - ရေရာခိုင်နှုန်း ၄၁.၅
 - လတ္တီကျု 41° 41' N to 48° 18' N
 - လောင်ဂျီကျု 82° 7' W to 90° 25' W
လူဦးရေ  အမေရိကန်အဆင့် ၈ခုမြောက်
 - စုစုပေါင်း ၉,၈၈၃,၆၄၀ [၁]
- သိပ်သည်းမှု ၁၇၉/စတုရန်းမိုင်
(၆၇.၅၅/စတုရန်းကီလိုမီတာ)
အမေရိကန်အဆင့်၁၆ခုမြောက်
 - အလယ်အလတ် ဝင်ငွေ  ၄၄,၆၂၇ ဒေါ်လာ (၂၁ခုမြောက်)
အမြင့်  
 - အမြင့်ဆုံးနေရာ မောင့်အာဗွန်[၂]
1,979 ပေ  (603 မီတာ)
 - အလယ်အလတ် 902 ပေ  (275 မီတာ)
 - အနိမ့်ဆုံးနေရာ အဲရီးရေကန်[၂]
571 ပေ  (174 မီတာ)
ပြည်ထောင်စုသို့
ဝင်ရောက်ခြင်း
 
ဇန်နဝါရီ ၂၆၊ ၁၈၃၇ (၂၆ ခုမြောက်)
ပြည်နယ်အုပ်ချုပ်ရေးမှူး ရစ်ခ် စနိုက်ဒါ (R)
လက်ထောက်
ပြည်နယ်အုပ်ချုပ်ရေးမှူး
ဘရိုင်ယန် ကယ်လီ (R)
ဥပဒေပြုလွှတ်တော် မီချီဂန် ဥပဒေပြုလွှတ်တော်
 - အထက်လွှတ်တော် မီချီဂန် ဆီးနိတ်လွှတ်တော်
 - အောက်လွှတ်တော် House of Representatives
ဆီးနိတ်အမတ်များ ကားလ်လီဗင် (D)
ဒက်ဘီ စတာဘဲနောင်း (D)
အောက်လွှတ်တော် အမတ်များ ရီပတ်ဘလီကင် ၉ ယောက်
ဒီမိုကရက် ၆ယောက် (list)
စံတော်ချိန်ဇုန်များ  
 - most of state Eastern: UTC-5/-4
 - 4 U.P. counties Central: UTC-6/-5
အတိုကောက်များ MI Mich. US-MI
အင်တာနက်စာမျက်နှာ http://www.michigan.gov

မီချီဂန်ပြည်နယ်သည် အမေရိကန် ပြည်နယ်တစ်ခု ဖြစ်ပြီး အမေရိကန်ပြည်ထောင်စု ဂရိတ်လိတ်ခ် ဒေသတွင် တည်ရှိသည်။ မီချီဂန်ဆိုသော အမည်မှာ အိုဂျီဘွဲ ဘာသာစကား မီရှီဂါးများကို ပြင်သစ်ဘာသာဖြင့် ပြောင်းလဲ ထားခြင်း ဖြစ်ပြီး ကျယ်ပြန့်သော ရေပြင် သို့မဟုတ် ကျယ်ပြန့်သော ရေကန်ဟု အဓိပ္ပာယ် ရသည်။ [၃][၄]

မီချီဂန်သည် အမေရိကန်ပြည်ထောင်စုတွင် ၈ ခုမြောက် လူဦးရေ အများဆုံး ပြည်နယ် ဖြစ်သည်။ ထိုပြည်နယ်သည် ကမ္ဘာပေါ်တွင် ရှိသမျှ အရပ်ဒေသများတွင် ရေချိုကမ်းရိုးတန်း အရှည်လျားဆုံး ဒေသဖြစ်ပြီး ကန်ကြီး ၅ ခုထဲမှ ၄ခုအပြင် စိန့်ကလဲယားကန်က ဝန်းရံထားသည်။[၅] ၂၀၀၅ ခုနှစ်တွင် ကယ်လီဖိုးနီးယားပြည်နယ် နှင့် ဖလော်ရီဒါပြည်နယ် တို့ ပြီးလျှင် တတိယမြောက် အပျော်စီးလှေ အများဆုံး မှတ်ပုံတင်ရာ မြို့အဖြစ် အဆင့်သတ်မှတ် ခံရသည်။ [၆] မီချီဂန် ပြည်နယ်တွင် ကုန်းတွင်း ရေကန်များနှင့် ရေအိုင်ပေါင်း ၆၄,၉၈၀ ခု ရှိသည်။ ပြည်နယ်အတွင်း နေထိုင်သူတိုင်းသည် သဘာဝ ရေထွက်ရာ ဒေသနှင့် ၆ မိုင်ထက် ပိုဝေးသည် ဟူ၍ မရှိသလို ကန်ကြီးများ၏ ကမ်းစပ်နှင့်လည်း ၈၇.၂ မိုင်ထက် ပိုမဝေးဟု ဆိုကြသည်။ [၇]မစ္စစ္စပီမြစ်၏ အရှေ့ဖက် ပြည်နယ်များတွင် ဧရိယာ အကျယ်ဝန်းဆုံးသော ပြည်နယ် ဖြစ်သည်။

မီချီဂန်သည် ပြည်နယ်များထဲတွင် ကျွန်းဆွယ်နှစ်ခု ရှိရာ တစ်ခုတည်းသော ပြည်နယ် ဖြစ်သည်။ အထက်ဖက် ကျွန်းဆွယ်ကို အောက်ဖက်ကျွန်းဆွယ်က ဟူရွန် ရေကန်နှင့် မီချီဂန် ရေကန်ကို ဆက်သွယ်ထားပြီး ၅မိုင် ကျယ်ဝန်းသော ရေလက်ကြား တစ်ခု ဖြစ်သည်။ မက္ကီနက် ရေလက်ကြားဖြင့် ခြားနားထားသည်။ အထက်ဖက် ကျွန်းဆွယ်သည် ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းနှင့် သဘာဝ အရင်းအမြစ်များ အတွက် အရေးပါသော ပြည်နယ်တစ်ခု ဖြစ်သည်။

မစ်ရှီဂန်ပြည်နယ်သည် ကျွန်းဆွယ်ကြီး ၂ ခုအပြင် မြောက်မြားလှစွာသော ကျွန်းဆွယ်ကလေးများဖြင့် ဖွဲ့စည်းတည်ရှိသည်။ အထက်ကျွန်းဆွယ်နှင့် အောက်ကျွန်းဆွယ်ဟု တွင်သော ယင်းကျွန်းဆွယ်ကြီး နှစ်ခုကို မစ်ရှီဂန်နှင့် ဟျူရွန်အိုင်ကြီး ၂ ခုကို ဆက်ထားသော မက်ကီနက်ရေလက်ကြားက ပိုင်းခြားထားသည် မစ်ရှီဂန်ပြည်နယ်ကို အိုင်ကြီး ၄ အိုင်က နယ်နိမိတ် သတ်ထားသကဲ့သို့ ရှိသည်။ အနောက်ဖက်တွင်မစ်ရှီဂန် အိုင်ကြီး၊မြောက်ဖက်တွင် ဆူပီးရီးယားအိုင်ကြီးနှင့် မြောက်ဖက်နှင့် အရှေ့ဖက်တို့တွင် ဟျူရွှန်နှင့် အီရီအိုင်ကြီးများ တည်ရှိသည်။ တောင်ဖက်တွင် အင်ဒီးယားနားနှင့် အိုဟိုင်းအိုပြည်နယ်တို့ တည်ရှိလေသည်။ အထက်ကျွန်း ဆွယ် အနောက်တောင်ပိုင်းသည် ဝစ္စကွန်းဆင်ပြည်နယ်၏ အကျယ်အဝန်းမှာ ၅၈၂၁၆ စတုရန်းမိုင် ရှိသည်။ မစ်ရှိဂန်ပြည်နယ်၏ ရုံးစိုက်မြို့တော်မှာ လန်ဆင်မြို့ဖြစ်၍ အခြားမြို့ကြီးများမှာ ဗေးစီဘီ၊ ဒက်ထရွိုက် ၊ ဖလင့်၊ ဂရင်းရက်ပစ်၊ မက်စကီဂွန်နှင့် ဆဂီနောတို့ ဖြစ်ကြသည်။

မြေမျက်နှာပြင် အားဖြင့်သော်ကား မစ်ရှီဂန်ပြည်နယ်၏ တောင်ဖက်ပိုင်းသည် များ သောအားဖြင့် မြေပြန့်ဖြစ်၏။ မြောက်ပိုင်းသည် များသောအားဖြင့် မြေပြန့် ဖြစ် ်၏။ မြောက်ပိုင်းသည်ကား တောင်ထူထပ်သည်။ အမြင့်ဆုံး တောင်ထွတ်မှာ ၆ဝ၂ဝ၂၃ ပေမြင့်သော ပေါကယူပိုင်းတောင်ဖြစ်သည်။ အဓိက မြစ်များမှာ ဟျူရွန် ်နှင့် ဆူပီးရီးယား အိုင်ကြီးများ အကြားရှိ စိန်မေရီမြစ်၊ မစ်ရှီဂန်အိုင် တွင်းသို့ စီးဝင်သော စိန်ဂျိုးဇက်၊ ကာလမာဇူ ၊ မာနစ္စတီနှင့် မက်စကီဂွန်မြစ်များ၊ အွန်တေးရီးယိုးအိုင် အစပ်တွင်ရှိသော စိန်ကလဲယားမြစ်နှင့် ဝစ္စကွန်းဆင်းနယ်စပ် ်တွင် ရှိသော မီနိုမင်နီ၊ ဗရူးနှင့် မွန်းထရီးအောမြစ်များ ဖြစ်သည်။ မစ်ရှီဂန်ပြည် နယ်၏ ကျယ်ပြန့်သောကမ်းရိုးတန်းတွင် သဘာဝ ဆိပ်ကမ်းအများအပြားနှင့် အထူးကောင်းမွန်သည့် ပင်လယ်အော်များ တည်ရှိသည်။ ထိုပြင် မစ်ရှီဂန်ပြည် နယ်တွင်း၌ အင်းအိုင်ငယ်ပေါင်း ၅,ဝဝဝ မျှ အနှံ့အပြား တည်ရှိလေသည်။

မစ်ရှီဂန်ပြည်နယ်၏ ရာသီဥတုသည် ကျွန်းဆွယ် ၂ ခုလုံးကို ဝန်းရံတည်ရှိနေသော အိုင်ကြီးများကြောင့် အနီးတစ်ဝိုက်ရှိအခြား ဒေသများနှင့်မတူ တမူထူးခြားသည်။ ခြုံ၍ ပြောရလျှင် မစ်ရှီဂန်၏ ရာသီဥတုသည် ယင်းနှင့် အလားတူ အမြင့်တွင် တည်ရှိသော အခြား ပြည်နယ်များထက် ပိုမို ညီညွတ်သည်ဟု ဆိုရပေမည် ။ သို့သော် အထက် ကျွန်းဆွယ်တွင် ဆောင်းရာသီ တာရှည်၍ အအေးဓာတ်ပိုမို ပြင်းထန်သည်။ သို့သော် နွေရာသီတွင် နှစ်လိုဖွယ် ကောင်းသည်။ ပြည်နယ်တစ် ခုလုံးအတွက် ပျမ်းမျှ မိုးရေချိန်မှာ၃၁ လက်မ ဖြစ်သည်။ မစ်ရှီဂန် ပြည်နယ် ်သည် သစ်တောများ၊ တွင်းထွက်ပစ္စည်းများ အခြေအမြစ်များ၊ မြေဩဇာကောင်း သည့် မြေဆီလွှာ၊ မြောက်မြားလှသည့် အိုင်များနှင့် မြစ်ချောင်းများ၊ ကျန်းမာရေး နှင့် သင့်လျော်သည့် ရာသီဥတု စသည့် သဘာဝ အခြေအမြစ်များနှင့် ပြည့်စုံ သည်။ သို့ပြည့်စုံသည့်အလျောက် အကျိုးရှိစွာလည်း အသုံးပြုခဲ့ကြသည်။

မစ်ရှီဂန်ပြည်နယ်သည် မော်တော်ကား လုပ်ငန်း၌ ပထမစွဲသော ပြည်နယ်ဖြစ်၍၊ ယင်းလုပ်ငန်းများသည် အမေရိကန် ပြည်ထောင်စုတွင် ပဉ္စမမြို့ကြီးဖြစ်သော ဒီးထရွိုက်နှင့် ပွန်းတီးယက်၊ ဖလင့်၊ လန်ဆင်မြို့များတွင် တည်ရှိသည်။ ထိုပြင် ဆေးဝါးနှင့် ဓာတုဗေဒပစ္စည်းလုပ်ငန်းငန်း၊ စက်ကရိယာလုပ်ငန်း၊ အိမ်ထောင် ပရိဘောဂလုပ်ငန်း၊ သံနှင့် သံမဏိလုပ်ငန်း၊ စက္ကူလုပ်ငန်း၊ သားရေထည် လုပ်ငန်း၊ သား၊ ငါး၊ ဟင်းသီးဟင်းရွက်၊ သီးနှံနှင့် နို့ထွက်ပစ္စည်းများကို စည် ်သွတ်သော လုပ်ငန်း စသည်တို့လည်း ရှိသည်။ မြေဩဇာကောင်းသော အောက် ်ကျွန်းဆွယ်တွင် ဂျုံ၊ သကြားမုန်လာ၊ စပျစ်သီး၊ ဆီသီးနှင့် ဟင်းသီးဟင်းရွက် အထူးသဖြင့် ပဲတို့ကို စိုက်ပျိုးသည်။ အသားနှင့် နို့အတွက် နွားများနှင့် ဝက် ကြက် တို့ကို မွေးမြူခြင်းသည်လည်း လုပ်ငန်းကြီးတစ်ရပ် ပင်ဖြစ်၏။ မစ်ရှီဂန် ်ပြည်နယ်သည် တွင်းထွက် ပစ္စည်းများဖြင့် ပေါကြွယ်ဝသည့် အလျောက် အထက်ကျွန်းဆွယ်သည် ကမ္ဘာပေါ်တွင် သံအထွက်ဆုံး ဒေသကြီး တစ်ခု ဖြစ်ပေသည်။ ထိုပြင် ကြေးနီ၊ ဆား၊ ဂျစ်ပဆမ်၊ ကျောက်မီးသွေး၊ ဘော်သတ္တု၊ ရေနံနှင့် သဘာဝ ဓာတ်ငွေ့တို့လည်း ထွက်သည်။

မစ်ရှီဂန် ပြည်နယ်သည် လမ်းပန်း အဆက်အသွယ်ကောင်းမွန်လှပေသည်။ အိုင် ်ကြီးများ၏ ကမ်းခြေတွင် ဆိပ်ကမ်းကောင်းများရှိသည်။ ပြည်နယ်၏ တောင်ဖက် ်တစ်ခြမ်းတွင် မီးရထားလမ်း အမြောက်အမြားရှိ၍ အရှေ့မှသည် အနောက်သို့ သွယ်တန်းလျက်ရှိကာ ဒီးထရွိုက်မြို့တွင် ဆုံကြသည်။ ယင်းသည့် မီးရထားလမ်း အများအပြားသည် ပြည်နယ်ကို ကနေဒါနိုင်ငံနှင့် ဆက်သွယ်ပေးလေသည်။ အထက်ကျွန်းဆွယ်ရှိ မီးရထားလမ်းများသည် မြို့ကြီးများကို သဘေ‡ာဆိပ်ကြီးများ နှင့် ဆက်သွယ်ပေးသည်။ ထိုပြင် ကားလမ်းများနှင့် လေကြောင်းလမ်းများလည်း ရှိပေသည်။မစ်ရှီဂန် ပြည်နယ်၏ လူဦးရေမှာ ၆၃၇၂ဝဝဝ ခန့် ဖြစ်သည်။ ပြည် ်နယ်တွင် အကြီးဆုံးဖြစ်သော ဒီးထရွိုက်မြို့သည်အမေရိကန် ပြည်ထောင်စုတွင် လူဦးရေအားဖြင့် ပဉ္စမလိုက်သည်။ မစ်ရှီဂန် ပြည်နယ်သား အများစုသည် မြို့ကြီး များတွင် နေထိုင်ကြသည်။

မစ်ရှီဂန်ကို ဦးစွာ တွေ့ရှိသူတို့မှာ ပြင်သစ်လူမျိုးတို့ဖြစ်၍ ၁၇ နှစ်ရာစုခန့်ကပင် စတင် တွေ့ရှိခဲ့သည်။ ၁၆၅ဝ ပြည့်နှစ်ကတည်းကပင် ယာယီစခန်းများ ဖွင့်လှစ် ်ထားရှိသော်လည်း ၁၆၆၈ ခုနှစ်တွင်မှ အမြဲတမ်း ကိုလိုနီနယ်တစ်ခုကို တည် ်ထောင်ခဲ့သည်။၁၇ဝ၁ ခုနှစ်တွင် ဒီးထရွိုက်မြို့တည်ရာတွင် ကက်ဒီလက်ဆိုသူ ဦးဆောင်၍ အခြေစိုက်နေထိုင်သည်။ မစ်ရှီဂန်သည် ၁၇၆၃ ခုနှစ်တိုင်အောင် ပြင်သစ်လက်အောက်ခံ ဖြစ်သည်။ ယင်းနှစ်မှစ၍ အင်္ဂလိပ် ပိုင်နက်ဖြစ်လာသည်။ ၁၇၇၄ ခုနှစ်တွင် ကွီဗက်ပြည်နယ်တွင်းသိမ်းသွင်းခြင်းခံရသည်။ သို့သော် ၁၇၈၃ ခုနှစ်တွင် ပါရစ်စာချုပ်အရ အမေရိကန် ပြည်ထောင်စုသို့ ပြန်လည် ပေးအပ်ခြင်းခံရသည်။၁ဝ၈၅ ခုနှစ် မစ်ရှီဂန်သည် သီးခြားနယ်မြေ ဖြစ်လာသည်။

၁၈၁၂ ခုနှစ် စစ်ပွဲအတွင်းက မစ်ရှီဂန် မြေပေါ်၌ အရေးပါသော တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ ၁၉၃၂ ခုနှစ်တွင် လူဦးရေ လုံလုံလောက်လောက် ပြည့်စုံလာသော ကြောင့် သီးခြားပြည်နယ်ဖွဲ့ရန် စဉ်းစားခြင်း ခံရသည်။ သို့သော် ပြည်နယ်အစိုးရ ဖွဲ့စည်းတည်ထောင်ရန် ပြုလုပ်ဆောင်ရွက်ရာ၌ တောင်ဖက်နယ်စပ်နှင့် စပ်လျဉ်း၍ အိုဟိုင်းအိုပြည်နယ်နှင့် အချင်းများခဲ့သည် သို့ဖြင့် ၁၈၃၇ ခုနှစ်တွင်မှ မစ်ရှီဂန်ကို အမေရိကန်ပြည်ထောင်စုဝင် ပြည်နယ်အဖြစ်လက်ခံ အတည်ပြုခဲ့သည်။ ဦးစွာ၌ မြို့တော်မှာ ဒီထရွိုက်မြို့ဖြစ်၍ ၁၈၄၇ ခုနှစ်တွင်မှ လန်ဆင်ကို မြို့တော်အဖြစ် ရွေးချယ်သတ်မှတ်လိုက်လေသည်။[၈]


[ပြင်​ဆင်​ရန်​] ကိုးကား

  1. RESIDENT POPULATION OF THE 50 STATES, THE DISTRICT OF COLUMBIA, AND PUERTO RICO: 2010 CENSUS. United States Census Bureau. Retrieved on 2010-12-21
  2. ၂.၀ ၂.၁ Elevations and Distances in the United States. U.S Geological Survey (29 April 2005). Retrieved on November 6, 2006
  3. Michigan in Brief: Information About the State of Michigan (PDF). Michigan.gov. Retrieved on 2006-11-28
  4. Freelang Ojibwe Dictionary. Freelang.net.
  5. NOAA Office of Ocean and Coastal Resource Management: My State: Michigan. Coastalmanagement.noaa.gov. Retrieved on 2010-07-25
  6. Press Release: The States of Boating: Report Shows Where Americans Take to the Water Most. Discoverboating.com. Retrieved on 2010-07-25
  7. Michigan's State Facts. State of Michigan. Retrieved on 1 January 2010
  8. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)


[ပြင်​ဆင်​ရန်​] ကိုးကား


ကိုယ်ပိုင် ကိရိယာများ

အမျိုးမျိုးအပြားပြား
ဆောင်ရွက်ချက်များ
Navigation
လက်စွဲ ကိရိယာများ
တခြား ဘာသာဖြင့်