မစ္စစ္စပီပြည်နယ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

မစ်စစ်စပီပြည်နယ်[ပြင်​ဆင်​ရန်​]

မစ်စစ်စပီပြည်နယ်သည် အမေရိကန် ပြည်ထောင်စုတွင် ဖွဲ့စည်း ပါဝင်သော ပြည်နယ်တစ်ခုဖြစ်၍ တောင်ဖက် အလယ်ပိုင်းအရှေ့ယွန်းယွန်းတွင် တည်ရှိသည်။ မစ်စစ်စပီပြည်နယ်မှာ မစ်စစ်စပီမြစ်ကြီးကို အစွဲပြု၍ ခေါ်တွင်ထားသော အမည် ်ဖြစ်၏။ မစ်စစ်စပီမြစ်သည် မစ်စစ်စပီပြည်နယ်၏ အနောက်ဖက်တစ်လျှောက်လုံး တွင် နယ်နိမိတ်ကို ပိုင်းခြား သတ်မှတ်ကာ မစ်စစ်စပီပြည်နယ်ကို အာကင်ဆော နှင့် လူဝီဇီယန္နား(တစ်စိတ်တစ်ဒေသ)တို့မှ ခြားထားလိုက်ပေသည်။ မစ်စစ်စပီပြည် ်နယ်၏ မြောက်ဖက်တွင် တင်နက်ဆီပြည်နယ် ၊ အရှေ့ဖက်တွင် အယ်လဗားမား ပြည်နယ်၊ တောင်ဖက်တွင် မက္ကဆီကို ပင်လယ်ကွေ့နှင့် လူဝီဇီယန္နားပြည်နယ်တို့ တည်ရှိသည်။

မစ်စစ်စပီပြည်နယ်သည် အကျယ်အဝန်းအားဖြင့် ၄၇၇၁၆ စတုရန်းမိုင်ရှိ၏။ ယင်း အနက် ရေပြင်၏ ပမာဏမှာ ၂၉၆ စတုရန်းမိုင်ဖြစ်၏။ မစ်စစ်စပီပြည်နယ်၏ မြိုတော်မှာ ဂျက္ကဆန်မြို့ဖြစ်သည်။ အခြားမြို့ကြီးများမှာ ဂရင်းဗီး၊ ဗီလော့ဆီ၊ ဂပ်လဖပို့၊ ဂရင်းဝု၊ ကိုလံဗတ်၊ လော်ရယ်၊ ဟက်တီစဗတ်၊ မယ်ရီဒီယန်၊ နတ်တချီ ီနှင့် ဗစ်ကစဗတ်မြို့တို့ ဖြစ်၏။မစ်စစ်စပီ ပြည်နယ်၏ မြေမျက်နှာပြင်မှာ ပရေရီလွင်ပြင်မှသည် တောင်ထူထပ်သော မြေပြင်ပိုင်း၊ သဲထူထပ်သော ကမ်းရိုး တန်းမှသည် မြေစေးနှင့် လိုအက်မြေဝါများ စသည်ဖြင့် အမျိုးမျိုး ထွေပြားလျက် ရှိသည်။ အချို့ နေရာများတွင် တောင်ထူထပ်သော်လည်း များသောအပိုင်းမှာ မြေပြန့်၊ သို့မဟုတ် ခပ်ပြေပြေ ဆင်းတက်သော ကုန်းမြေဖြစ်သည်။ အမြင့်ဆုံး နေရာသည် အရှေ့မြောက်ဖက် ဒေသဖြစ်၍ မြေပြန့်သည် အနောက်ဖက်မြစ်ဝှမ်း တွင်ဖြစ်၏။ မစ်စစ်စပီ ပြည်နယ်တွင် သဘာဝအပိုင်း ၈ ခုပါရှိသည်။ ယင်းတို့ ကားမြစ်ဝကျွန်းပေါ်ဒေသ၊ ကိန်း၊ သို့မဟုတ်၊ ဗလပ်တောင်ကုန်းများ၊ မြောက်ဖက် အလယ်ပိုင်း တောင်ကုန်းများ၊ ပရေရီ မြေနက်များ၊တင်နက်ဆီမြစ်ဖက် တောင် ်ကုန်းများ၊ ဂျက္ကဆန်ပရေရီ ၊ ထင်းရှူးတော်များနှင့် ကမ်းရိုးတန်း မြက်ခင်းများ ဖြစ်၏။ မြစ်ဝှမ်းဒေသသည်ယာဇူမြစ်နှငှု် မစ်စစ်စပီမြစ်နှစ်သွယ်ကြားရှိ မြေနိမ့် ပိုင်းဖြစ်ကာ ဗစ်ကစဗတ်မြို့၏ အထက် မြောက်ဖက်တွင် မိုင် ၂ဝဝ ခန့်ကျယ်ပြန့် သည်။ အနံမှာ ပျမ်းမျှ ၆၅ မိုင် ရှိသည်။ ရေတက်ပြီးနောက် ရေကျသွားသော အခါ နုံးမြေ အနည်များ ကျန်ရစ်သောကြောင့် မြေဆီဩဇာ ကောင်းသည်။

ကမ္ဘာတွင်ဝါများစွာထွကသော စိမ့်မြေရှိသည်။ ကိန်း၊ သို့မဟုတ် ဗလပ်တောင် ်ကုန်းများသည် လိုအက် မြေဝါဖြင့် ဖွဲ့ထားသည်ဖြစ်၍ ယာဇ၏မြစ်၏ လက်ဝဲဖက် ် ကမ်းရိုးတစ်လျှောက်တွင် ဖြစ်၏။ ဤဒေသတွင် ကောက်နှံဖွံ့ဖြိုးသည်။ ရှေးအခါ က ဝါတစ်ခုတည်းသာ စိုက်ပျိုးသော်လည်း ယခုအခါတွင် နွားနို့လုပ်ငန်း၊ ခြံစိုက် ်ခြင်း၊ ဆိုယာပဲ စိုက်ခြင်းတို့နှင့် စပ်လျဉ်း၍ အရေးပါသည်။ တောင်ဖက်အလယ် ်ပိုင်းမှ တောင်ဖက်သို့ သွယ်တန်းလာသော ကုန်းမြင့်ဒေသ ဖြစ်၏။ ရှေးအခါက ကောက်သီး ကောက်နှံများကောင်းစွာထွက်သည်။ ဤဒေသတွင် မြစ်ကမ်းပါးကို ရေစားတတ်ရာ မြေပဲ၊ ဆိုယာပဲ၊ သစ်သီးများ စိုက်ခြင်းဖြင့် ရေစား သက်သာစေ သည်။ ရှေးက ခုတ်လှဲသော တောများနေရာတွင် သစ်ပင်သစ်များ ပြန်လည် စိုက်ပျိုးသည်။

မြောက်ဖက် အလယ်ပိုင်းကုန်းမြင့်ဒေသ၏ အရှေ့ဖက်တွင် ပရေရီမြေနက်ပိုင်းရှိ ှိသည်။ မြက်ခင်းဖြစ်၍ နွားနှင့်အခြားတိရစ္ဆာန်မွေးမြူရန်အတွက် ကောင်းသည်။ ပြောင်း၊ သစ်သီးနှင့် မြက်ပင်များသည် နုံးမြေနက်ရှိရာတွင်ဖွံ့ဖြိုးသည်။ တင်နက်ဆီ ီမြစ်ဖက် တောင်ကုန်းသည် ပြည်နယ် အရှေ့မြောက်ဖက် ထောင့်တွင်တည်ရှိ၍ ပြည်နယ်တွင် အမြင့်ဆုံးတောင်များ ဤဒေသတွင်ရှိ၏။ အမြင့်ဆုံးတောင် များ ဤဒေသတွင်ရှိ၏။ အမြင့်ဆုံးတောင်မှာ ၈ဝ၆ ပေသာ ဖြစ်သည်။ ဂျက္ကဆန် ပရေရီဒေသသည် မြောက်ဖက် အလယ်ပိုင်းကုန်းမြင့်၏ တောင်ဖက်တွင်တည်ရှိ ှိကာ မြေနက်များဖြင့်ဖွဲ့စည်းထားသည်။ လယ်ယာစိုက်ပျိုးရေးနှင့် တိရစ္ဆာန်မွေးမြူ ရေးအတွက် ကောင်းသည်။

ဂျက္ကဆန် ပရေရီ တောင်ဖက်တွင်ကား ထင်းရှူးတောများရှိသည်။ ဤထင်းရှူး တောများမှ သစ်၊ တာရပင်ဆီ၊ ကတ္တရာစေးတို့ရရှိသည်။စက္ကူအတွက် သစ်ပျော့ ဖတ်များရရှိသည်။ ရှမ်းဆီများစွာ ထွက်သော ရပ်ကွက်ဖြစ်၏။ ထင်းရှူးတောများမှ လွန်သောအခါ ကမ်းရိုးတန်းမြက်ခင်း မြေပြန့်ဖြစ်၍ ယင်းသည် မက္ကဆီကို ပင်လယ်ကွေ့သို့ ထိုးထွက်နေသော ဒေသဖြစ်၏။ မက္ကဆီကို ကွေ့ထဲသို့ စီးဝင် ်သော မြစ်ချောင်းများမှ ရေရသည်။ ကမ်းရိုးတန်းတစ်လျှောက်တွင် ပင်လယ်အော် များ ရှိသည်။ မစ်စစ်စပီ ပြည်နယ်တွင် အရေးပါ၍ ထင်ရှားသော မြစ်များမှာ နှစ်စုကွဲလျက် ရိသည်။ တောင်ကုန်းများ၏ နောက်ဖက်ရှိ မြစ်များဖြစ်သော ယာဇူနှင့် ဗလက်မြစ်ကြီး (မြစ်နက်ကြီး)အစရှိသည်တို့ မစ်စစ်စပီမြစ်တွင်းသို့ စီးဝင်ကာ တောင်ကုန်းများ၏ အရှေ့ဖက်ရှိ ပါး(ပုလဲ) မြစ်၊ ပစ်စကာဂိုလာ၊ တွန် ်ဗစ်ဗီ အစရှိသောမြစ်တို့သည် မက္ကဆီကို ကွေ့တွင်းသို့ စီးဝင်သည်။

ရာသီဥတုမှာ နွေတာရှည်၍ ပူပြင်းပြီးလျှင် ဆောင်းအခါ၌ အေးမြမြရှိကာ မကြာရှည်လှပေ ။ မြောက်ပိုင်းတွင် ပိုအေး၍ နှင်းများလည်း ကျတတ်သည်။ သို့သော် ပင်လယ်ကွေ့တစ်လျှောက်တွင်မူ ရာသီဥတု မပြင်းထန်လှပေ။ နှင်းများ တစ်ခါတစ်ရံသာ ကျဆင်းတတ်သည်။ မိုးရေချိန်မှာ တစ်နှစ်လျှင် ပျမ်းမျှ လက်မ ၅ဝ မျှ ဖြစ်၏။ တောင်ဖက် ကမ်းရိုးတန်း တစ်လျှောက်တွင် မိုးအများဆုံးရွာ သွန်းသည်။ မစ်စစ်စပီပြည်နယ်သည် အဓိကအားဖြင့် စိုက်ပျိုးရေး ထွန်းကားသော ပြည်နယ်ဖြစ်၍ လယ်ယာထွက် ပစ္စည်းမှာ အထူးသဖြင့်ဝါဂွမ်းဖြစ်သည်။ စုစုပေါင်း ယာမြေ၏ တစ်ဝက်မှာ ဝါခင်းများဖြစ်၏။ ယင်းနောက် ဂျုံ၊ ဆိုယာပဲ၊ မြေပဲ၊ ကြံ ၊ ပြောင်း၊ ဆန်၊ ဟင်းသီးဟင်းရွက်၊ သီးနှံစသည်တို့ ဖြစ်၏။ နွားနို့ လုပ်ငန်းလည်း တွင်ကျယ်ပေသည်။ သယံဇာတ ပစ္စည်းတို့မှာ သဘာဝ ဓာတ်ငွေ့၊ ရေနံ၊မြေစေး၊ ဗောက်ဆိုက် ၊ ထုံးကျောက်၊ သံကျောက်စသည်တို့ဖြစ်၏။ စက်မှု လက်မှု လုပ်ငန်းများဖြင့် ထုတ်လုပ်သော ပစ္စည်းတို့ကား သစ်နှင့် အိမ်ထောင်ပရိ ိဘောဂ၊ သေတ္တာ၊ စက္ကူ၊ ကတ္တရာ၊ တာရပင်ဆီ၊ ထင်းရှူးဆီစသော သစ်ထွက် ်ပစ္စည်းများ၊ အထည်အလိပ်၊ ခြည်ထည်၊ဝါဆီ၊ ရှမ်းဆီ၊ ဆိုယာပဲဆီ၊ မြေပဲဆီ၊ စည်သွတ်အစားအစာ စသည်တို့ဖြစ်၏။ မစ်စစ်စပီပြည်နယ်တွင် မီးရထားလမ်း မိုင်ပေါင်း ၄ယဝဝဝကျော်ရှိ၍ အမေရိကန် ပြည်ထောင်စု တစ်ဝှန်းလုံးနှင့် ဆက် သွယ်လျက်ရှိသည်။ ထိုပြင် မော်တော်ကားလမ်း မိုင်ပေါင်း ၇ယ ဝဝဝ ကျော် လည်းရှိပေသည်။ မစ်စစ်စပီမြစ်နှင့် ယာဇူမြစ်တို့သည် အရေးပါသော မြစ်ကြောင်း များဖြစ်၍ လေကြောင်းအဆက်အသွယ်လည်းရှိသည်။

ယခုအခါတွင် မစ်စစ်စပီ ပြည်နယ်တွင် နေထိုင်သူတို့အနက် တစ်ဝက်မျှမှာ နီးဂရိုးများ ဖြစ်၏။ လူဖြူတို့အနက် အဂ‡လိပ်၊စကော့နှင့် အိုင်ရစ်တို့၏ အဆက်အနွယ် များပေသည်။ နိုင်ငံခြားသားများ အနက် အများစုမှာ ကနေဒီယန်၊ ဂျာမနီ၊ ဂရိ၊ အီတာလျံ၊မက္ကဆီကန်၊ ယူဂိုဆလပ်တို့ ဖြစ်၍ တရုတ်လူမျိုး တစ်ထောင်ကျော်ရှိ၏။ စုစုပေါင်း လူဦးရေမှာ ၁၉၆ဝ ပြည့်နှစ် သန်ကောင်စာရင်း အရ၂ယ ၁၆၁ယ ၄၂၂ ယောက်ဖြစ်၏။သမိုင်းအရသော်ကား ခရစ် ၁၅၄ဝ ပြည့် နှစ်ခန့်က စပိန်လူမျိုး ဒီဆိုတိုသည် မစ်စစ်စပီနယ်မြေသို့ လာရောက်ရုံမျှသာရှိ သည်။

၁၆၈၂ ခုနှစ်တွင် လာဆဲရောက်ရှိလာပြီးလျှင် ပြင်သစ်နိုင်ငံအတွက် မြေကို တောင်း ဆိုသည်။ သို့သော် အိမ်ခြေမစိုက်ပေ။ ၁၆၉၉ ခုနှစ်တွင်မှ ပြင်သစ်လူမျိုး ဒစ်ဗာဗီးခေါင်းဆောင်၍ ဗီလော့ဆီတွင် အဦးဆုံးမြို့ရွာတည်ထောင်သည်။ ၁၇၆၃ ခုနှစ်တွင် ထိုမြေသည် ပြင်သစ်တို့လက်မှ အင်္ဂလိပ်တို့ လက်သို့ ပြောင်း သွား၍ ဗြိတိသျှတို့ လက်ထက်တွင် ကြီးပွားလာသည်။ ၁၇၈၁ ခုနှစ်တွင် တောင် ပိုင်းဒေသမှာ စပိန်လူမျိုးတို့လက်တွင်းသို့ ရောက်သွားလေသည်။ အမေရိကန် ပြည်ထောင်စုနှင့် စပိန်တို့သည် မြေကိစ္စနှင့် စပ်လျဉ်း၍ အချိန်အတော်ကြာစွာ အချင်းပွားကြသည်။ နောက်ဆုံး၌ ၁၇၉၅ ခုနှစ်တွင် စပိန်က အလျှော့ပေးလိုက် ်ရသည်။ နောက် ၃ နှစ် အကြာတွင် မစ်စစ်စပီသည် နယ်တစ်ခု ဖြစ်လာ၍ ၁၈၁၇ ခုနှစ်တွင် အမေရိကန် ပြည်ထောင်စုတွင် ပြည်နယ်တစ်ခုအဖြစ် သွတ်သွင်းခံရသည်။၁၈၂၁ ခုနှစ်တွင် မြောက်ပိုင်းနှင့်အလယ်ပိုင်းရှိ တိုင်းရင်းသား အင်ဒီးယန်းလူမျိုးတို့၏ မြေကို မစ်စစ်စပီပြည်နယ်တွင်းသို့ ပေးလိုက်သည်။

၁၈၃၂ခုနှစ်တွင် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေသစ်ကို ရေးဆွဲသည်။ အမေရိကန်ပြည်ထောင်စု၌ ပြည်တွင်းစစ် ဖြစ်ပွားစဉ်က မစ်စစ်စပီပြည်နယ်သည် ပြည်ထောင်စုမှ ခွဲထွက်ခဲ့သည်။ နယ်စပ်နယ်တွင်း၌ တိုက်ပွဲများ ဖစ်ပွားခဲ့ရာ၊ ရှီလို၊ ကိုရင့်နှင့် ဗစ်ကစဗတ်မြို့တို့တွင်ဖြစ်ပွားသော တိုက်ပွဲများကား ထင်ရှားပေသည်။ နယ်စပ်လည်း အတော်နာပေသည်။ ၁၈၇ဝ ပြည်နှစ်တွင် မစ်စစ်စပီပြည်နယ်ကို ပြည်ထောင်စုတွင်းသို့ ပြန်လည်သွတ်သွင်းလိုက်လေသည်။[၁]


ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)