လူဝီစီယားနားပြည်နယ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

လူဝီဇီယန္နားပြည်နယ်[ပြင်​ဆင်​ရန်​]

လူဝီဇီးယန္နားပြည်နယ်သည် အမေရိကန် ပြည်ထောင်စုတောင်ပိုင်း အလယ်လောက်တွင် တည်ရှိသော ပြည်နယ်တစ်ခု ဖြစ်သည်။ နယ်နိမိတ်အားဖြင့် မြောက်ဘက်တွင် အာကန်ဆောပြည်နယ်၊ အရှေ့ဘက်တွင် မစ္စစ္စပီပြည်နယ်၊ အရှေ့တောင်နှင့် တောင်ဘက်တွင် မက္ကဆီကိုကွေ့၊ အနောက်ဘက်တွင် တက်ဆက်ပြည်နယ်တို့ဖြင့် ဝန်းရံလျက်ရှိသည်၊ ဆဗီနာမြစ်သည် လူဝီဇီယန္နားပြည်နယ် တစ်စိတ်တစ်ဒေသကို တက်ဆက်ပြည်နယ်မ ပိုင်းခြားလိုက်၍ မစ္စစ္စပီနှင့် ပါးလမြစ်တို့က မစ္စစ္စပီပြည်နယ်နှင့် ပိုင်းခြားလိုက်သည်။ လူဝီဇီယန္နားပြည်နယ်၏ မြို့တော်မှာ ဗေတန်ရုမြို့ဖြစ်၍ အခြားမြို့ကြီးများမှာ အယ်လက်ဇန္ဒြီးယား၊ လိပ်ချား၊ မွန်ရို၊ နယူးအော်လီယန်း၊ ရှရီပို့မြို့များဖြစ်သည်။ လူဝီဇီယန္နားပြည်နယ်၏ အကျယ်အဝန်းသည် ကုန်းတွင်းပိုင်း ရေပြင်အပါအဝင် ၄၈၅၂၃ စတုရန်းမိုင်ခန့်ရှိသည်။ လူဦးရေမှာ ၁၉၆၄ ခုနှစ်တွင် ခန့်မှန်းခြေ ၃၄၈၆ဝဝဝ ယောက် ရှိသည်။

ယေဘုယျအားဖြင့် လူဝီဇီယန္နားပြည်နယ်သည် ပြန့်ဖြူးသော မြေ မျက်နှာပြင်ရှိသည်။ အချို့နေရာများတွင်မူကာ စိမ့်တောများနှင့် နုံးတင်မြေနုများရှိသည်။ အမြင့်ဆုံးနေရာမှာ ၅၃၅ ပေမြင့်၍ အနောက်မြောက်ဘက် တွင်ဖြစ်သည်။ မစ္စစ္စပီမြစ်သည် အရှေ့ဘက်နယ် နိမိတ်အဖြစ် တည်ရှိပြီး နောက် ပြည်နယ်၏ အရှေ့တောင်ပိုင်းကို မိုင် ၃ဝဝ မျှ ဖြတ် သန်းစီးဆင်း သည်။ မစ္စစ္စပီမြစ်၏ မြစ်လက်တက်တစ်ခုဖြစ်သော ရက်ရီးဗား(မြစ်နီ)သည် ပြည်နယ်တွင်းသို့ မြောက်ဘက်မှနေ၍ စီးဝင်သည်။ လူဝီဇီယန္နား ပြည်နယ် တွင် အိုင်ကြီးများလည်းရှိသည်။ အကြီးဆုံးဖြစ်သော ပွန်ချာထရိန်း အိုင်သည် မစ္စစ္စပီမြစ်နှင့် တူးမြောင်းများဖြင့် ဆက်သွယ်လျက်ရှိသည်။ ရာသီဥတုမှာ မက္ကဆီကိုကေနှင့်နီးသောကြောင့် အပူပိုင်းဒေသရာသီ တစ်ပိုင်းဝင်ရာသီမျိုး ဖြစ်သည်။ လူဝီဇီယန္နားပြည်နယ်သည် မြေဩဇာကောင်းသောကြောင့် လယ် ယာစိုက်ပျိုးရေး ထွန်းကားသည်။ ကြံနှင့် ဆန်စပါးထွက်ရာ၌ အခြားပြည် နယ်များထက်သာသည်။ သီးနှံများလည်းထွက်ရာသည်။ ထို့ပြင် ထင်ရှူး၊ ဆိုက်ပရပ်၊ ဝက်သစ်ချပင်များပေါက်ရောက်သော တောများရှိသည်။ ငါးဖမ်း လုပ်ငန်း၊ ကန့်တွင်း၊ ဆားတွင်း၊ ရေနံတွင်းနှင့် ရေနံချက်ရုံများ လည်းရှိ သည်။ လူဝီဇီယန္နားပြည်နယ်တွင် ရေကြောင်းတစ်လျှောက် မိုင် ၅ဝဝဝ ခန့် သွားလာနိုင်သည်။ မီးရထားလမ်း ၄၂၇၆ မိုင်ခန့်ရှိသည်။ လူဝီဇီယန္နားပြည်နယ်ကို ၁၅၄၁ ခုနှစ်တွင် ဒါဆိုတိုက စူးစမ်းရှာ ဖွေခဲ့ဟန်တူသည်။ ၁၈၆၂ ခုနှစ်တွင် လာဆဲကပြင်သစ်ပြည့်ရှင် ၁၄ ဆက် မြောက် လူဝီဘုရင်အတွက် သိမ်းပိုက်လိုက်သည်။ လူဝီဘုရင်ကို ဂုဏ်ပြု သောအားဖြင့် ထိုဒေသကို လူဝီဇီယန္နားဟု အမည်ပေးလိုက်သည်။ ယခု နယူးအော်လီယန်းမြို့ တည်ရှိရာနေရာ၌ ၁၄၁၈ ခုနှစ်တွင် ယင်းကိုလိုနီကို ပြင်သစ်က စပိန်သို့အပ်သည်။ မစ္စစ္စပီမြစ်၏ အရှေ့ပိုင်းဒေသမူကား ဂရိတ် ဗြိတိန်လက်သို့ရောက်သွားသည်။ ၁၇၆၉ ခုနှစ်တွင် စပိန်က လုံးဝ သိမ်းပိုက် ပြီးလျှင် ၁၈ဝဝ ပြည့်နှစ်အထိ အုပ်စိုးသည်။ ထိုနှစ်အတွင်းမှာပင် ပြင်သစ် တို့အား စပိန်ကပြန်ပေးသည်။ ၁၈ဝ၃ ခုနှစ်တွင် ပြင်သစ်က အမေရိကန် ပြည်ထောင်စုအားရောင်းလိုက်သည်။ လူဝီဇီယန္နားပြည်နယ်သည် အမေရိကန် ပြည်ထောင်စုသို့ ၁၈၁၂ ခုနှစ်၊ ဧပြီလ ၃ဝ ရက်နေ့တွင် ၁၈ ခုမြောက် ပြည်နယ်အဖြစ် ဖွဲ့စည်းပါဝင်သည်။ ၁၈၁၂ ခုနှစ် စစ်ပွဲအတွင်းက နောက် ဆုံးတိုက်ပွဲများ ဖြစ်ပွားရာဒေသဖြစ်ခဲ့သည်။ ၁၈၆၁ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ပြည်ထောင်စုမှ ခွဲထွက်သည်။ ၁၈၆၂ ခုနှစ်တွင် နယူး အော်လီယန်းမြို့ကို ပြည်ထောင်စုတပ်များက သိမ်းပိုက်သည်။ ၁၈၆၃ ခုနှစ် တွင် ပြည်နယ်၏ များသောအပိုင်းကို ပြည်ထောင်စုတပ်များက သိမ်းပိုက်မိ သည်။ ၁၈၆၈ ခုနှစ်၊ ဇူလိုင်လ ၁၈ရက်နေ့တွင် ပြည်ထောင်စုထဲသို့ ပြန်၍ ဝင်သည်။ လူဝီဇီယန္နားပြည်နယ်သည် အမေရိကန်ပြည်ထောင်စုရှိ ပြည်နယ် များအနက် ပြင်သစ်ဆန်သော ပြည်နယ်တစ်ခုအဖြစ် ထူးခြားလှပေ သည်။ နေထိုင်သူများမှာ ပြင်သစ်တော်လှန်ရေးခေတ်က ပြင်သစ်ဘုရင် ဘက်တော်သားများ၏ အနွယ်များဖြစ်၍ တော်လှန်ရေးအတွင်းက ပြင်သစ်နိုင်ငံမှ လာရောက်ခိုလှုံကြသူများဖြစ်၏။[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)