ဝေါမှူးကြီး
ဝေါမှူးကြီးသည် မြန်မာ့မိရိုးဖလာနတ်တစ်ပါး ဖြစ်သည်။[၁]
သမိုင်း[ပြင်ဆင်ရန်]
ဝေါမှူးကြီးသည် အင်းဝဘုရင်ဖြစ်သူ ဆင်ဖြူရှင်မင်း၏ သားတော်နှင့်ကစားဖက်ကျွန်ရင်း တစ်ဦး ဖြစ်သည်။ ဆင်ဖြူရှင်မင်း၏ သားတော်သည် မင်းဖြစ်လာသည့်အခါတွင် ဝေါမှူးကြီးရာထူး ရခဲ့သည်။
အင်းဝပျက်သည့်အခါတွင် မွန်တို့ကို မရှိခိုးလိုသဖြင့် ရဟန်းပြုခဲ့သည်။ ခြေအေးလေနာရှိသည့်အပြင် နေ့ညမရွေး အစာစားလွန်းသဖြင့် စားပိုးနင့်ကာ သေဆုံးခဲ့သည်။[၁]
ကိုးကွယ်ပသခြင်း[ပြင်ဆင်ရန်]
ဝေါမှူးကြီးသည် စောင်းအတတ်ကို အပြီးတိုင်တတ်မြောက်သူ ဖြစ်သဖြင့် စောင်းသင်လိုသူ၊ တတ်လိုသူများသည် ပူဇော်ပသ ကိုးကွယ်ကြသည်။[၁]
ကိုးကား[ပြင်ဆင်ရန်]