ရွှေနော်ရထာ

ဝီကီပီးဒီးယား မှ
ရွှေနော်ရထာနတ်

ရွှေနော်ရထာနတ်သည် မြင်စိုင်းမင်း သီဟသူ၏ သားဖြစ်ပြီး ဒုတိယမင်းခေါင်၏ မြေးဖြစ်သူ ရွှေနော်ရထာမှ ဖြစ်လာသည့် နတ်တစ်ပါး ဖြစ်သည်။ [၁]

သမိုင်း[ပြင်ဆင်ရန်]

ရွှေနော်ရထာ၏ ဦးလေးဖြစ်သူ မင်းပြုနေချိန်တွင် ဖြစ်၏။ ထိုအခါ ရွှေနော်ရထာ၏ ငယ်ကျွန်တော် ငသောက်ကြာသည် မင်းကြီးကို ပုန်ကန်၍ ဓားဖြင့် ခုတ်ရာ မင်းကြီးကို ထိမိခြင်း မရှိခဲ့ပေ။ ထို့နောက်တွင် မင်းကြီးသည် ငသောက်ကြာကို သတ်ပစ်ခဲ့သည်။

ထို့အပြင် မင်းကြီးသည် ရွှေနော်ရထာကိုလည်း အမျက်ရှိသဖြင့် ဧရာဝတီမြစ်တွင် နှစ်၍ သတ်ပစ်ခဲ့ရာ နတ်စိမ်းဖြစ်သွားခဲ့သည်။[၁]

ရုပ်တု[ပြင်ဆင်ရန်]

ရွှေနော်ရထာနတ်ရုပ်တု ပြုလုပ်ရာတွင် နန်းတွင်းအဝတ်အစားဖြင့် တူတစ်ချောင်း၊ ဘောလုံးတစ်လုံး ပါရှိသည်။ ပိုလိုကစားမှုကို သရုပ်ဖော်ထားသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ဦးထွေးဟန် (ဇူလိုင် ၁၉၉၁)။ မြန်မာ့မိရိုးဖလာဓလေ့ နတ်သမိုင်း။ ရန်ကုန်: ရွှေပုရပိုက်စာပေ။