နှမတော် မမြတ်လှ

ဝီကီပီးဒီးယား မှ
နှမတော် မမြတ်လှနတ်

နှမတော်နတ် သည် မဟာဂီရိနတ် ဖြစ်သော မောင်တင့်တယ်၏ နှမတော် သေဉ်လည်ကြောင်မင်း၏ မိဖုရား ဖြစ်သည်။ မောင်တင့်တယ်အား သေလဉ်ကြောင်မင်းက မီးရှို့၍ သတ်သော အခါတွင် ငါ့ကြောင့် သေဆုံးရသည်ဟူ၍ မီးပုံအတွင်းသို့ လိုက်လံခုန်ဆင်းသည်။ အစောင့်အကြပ်များက ဝိုင်း၍ ဆွဲသော အခါ ကိုယ်က မီးလောင်ကျွမ်း၍ ခေါင်းကိုသာ ရလိုက်သည်ဟု ဆိုသည်။ [၁] နှမတော်နတ်သည် မောင်တင့်တယ်၏နှမဖြစ်သည်။ မောင်တင့်တယ်ကို ဖိုကျင်ထိုးသတ်ရာ ၌အစ်ကိုနှင့်အတူ မီးပုံတွင်ဆင်း၍ သေရာမှနတ်ဖြစ်သည်။ နတ်ရုပ်မှာ ဆင်နက်မ အရုပ်ခုံတွင်ဘီလူးရုပ် ဆင့်သည်။ ယင်းအပေါ်တွင် မတ်ရပ်ထလျက် ယာလက်ရှိလက်မလက်ညှိုးက ကြဇုသီးကိုင်၍ ရင်ကို ပိုက်နေဟန်၊ ဝဲလက်က ကိုယ်ကို မြှောင်လျက် ချထားဟန် ဖြစ်သည်။[၂]

မဟာဂီရိနတ် နှင့် နှမတော် မမြတ်လှနတ် (ပုဂံရှိ ရွှေစည်းခုံဘုရားအတွင်းမှ)

ကိုးကား[ပြင်ဆင်ရန်]

  1. ၃၇မင်းနှင့် နတ်မျိုးစုံ၊ ဦးကံမင်း
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃) သုံးဆဲ့ခုနှစ်မင်း