မောင်ပိုးတူနတ်

ဝီကီပီးဒီးယား မှ
မောင်ပိုးတူနတ်

မောင်ပိုးတူသည် ပင်းယမြို့သား လက်ဖက်ကုန်သည်ဖြစ်သည်။ အင်းဝပထမမင်းခေါင် (ရ၆၃-ရ၈၃)လက်ထက်၊ ဝန်တင်နှင့်မိုးမိတ်၊ သီပေါတို့သို့ အရောင်းအဝယ်တက်၍ အပြန်တွင်လက်ဖက် ချလာရာလမ်းတွင် ကျားခဲ၍ သေရာမှနတ်ဖြစ်သည်ဟူ၏။ နတ်ရုပ်မှာကျားရုပ်ပေါ်တွင် စီး၍ယာလက်က ကြိမ်ကိုင်၊ ဝဲလက်ကပေါင်ကိုထောက်၊ သျှောင်ထုံးနှင့် ထုလုပ်ရသည်။ ကုန်သည်တို့၏ အစောင့်နတ်ဖြစ်သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃) သုံးဆဲ့ခုနှစ်မင်း