မန္တလေး ဘိုးတော်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
မန္တလေး ဘိုးတော်နတ်

မန္တလေးဘိုးတော်နတ်သည် ရွှေဖျဉ်းညီနောင်ကို ဘုရင့်အမိန့်အရ မွေးထားရသူပုဏ္ဏားသားဖြစ်သည်။ ညီနောက်နှစ်ယောက် ရာဇဝတ်သင့်ရာတွင်ရော၍ ကွပ်မျက်ခံရသည်။ ရွှေဖျဉ်းညီနောင် တို့ကအဘိုးဟု ခေါ်ရာမှ ဘိုးတော်ဟုတွင်သည်။ မန္တလေးအရပ်တွင် အသတ်ခံရ၍ မန္တလေးဘိုးတော် ဟုခေါ်သည်။ နတ်ရုပ်မှာ အောက်ခံပလ္လင်ခုံတွင် မတ်ရပ်ထားလျှက် ဗောင်းဆင်ပြီးလျှင်ဝဲဓားထမ်းသည်။ ယာလက်နှင့်လက်ညှိုး လက်ဖစ်ပြဟန် ထုလုပ်ထားသည်။ ငါ့မှာ 'လက်တဆစ်မျှအပြစ်မရှိ' ဟုဆိုလိုသည်။

ရှင်ကွနတ်သည် မန္တလေးဘိုးတော်၏ နှမဖြစ်သည်။ [၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃) သုံးဆဲ့ခုနစ်မင်း