မြောက်ဘက်ရှင်မ

ဝီကီပီးဒီးယား မှ
မြောက်ဘက်ရှင်မ နတ်

မြောက်ဘက်ရှင်မနတ်သည် မြန်မာ့ရိုးရာနတ်တစ်ပါး ဖြစ်သည်။[၁]

သမိုင်း[ပြင်ဆင်ရန်]

မြောက်ဘက်ရှင်မနတ်သည် မင်းရဲသိင်္ခသူ၏ ဇနီးတော်စပ်သူ ဖြစ်သည်။ မင်းရဲသိင်္ခသူမှာ ဘုရင်၏ ထီးတော်မိုး ဖြစ်သည်။

မြောက်ဘက်ရှင်မသည် စစ်ကိုင်းအနီးတွင် မီးဖွားရာတွင် ကွယ်လွန်ခဲ့ပြီး ၃၇ မင်းဝင် နတ်တစ်းပါး ဖြစ်လာခဲ့သည်။ သူ၏ သားတော်ဖြစ်သူကို တောင်ငူ၌ ပြုစုကြီးပြင်းလာရာ “တောင်ငူမင်းခေါင်” ဟု ထင်ရှားခဲ့သည်။ [၁]

ရုပ်တုပြုလုပ်ခြင်း[ပြင်ဆင်ရန်]

မြောက်ဘက်ရှင်မ၏ ရုပ်တုပုံစံသည် မိန်းမငယ်ရွယ်ပုံစံထုလုပ်ကြသည်။ သို့သော် တစ်ခါတရံတွင် အဘွားကြီးအရွယ် ထုလုပ်ကြသည်လည်း ရှိသည်။ နန်းတွင်းအဝတ်အစားကို ဝတ်ဆင်ထားပြီး ဒူးတုပ်ကာ ခစားနေဟန် (သို့မဟုတ်) ပလ္လင်ထက်တွင် စံမြန်းနေဟန် ထုလုပ်ကြသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ဦးထွေးဟန် (ဇူလိုင် ၁၉၉၁)။ မြန်မာ့မိရိုးဖလာဓလေ့ နတ်သမိုင်း။ ရန်ကုန်: ရွှေပုရပိုက်စာပေ။ pp. ၁၀၂။