မြောက်မင်း ရှင်ဖြူ

ဝီကီပီးဒီးယား မှ
မြောက်မင်း ရှင်ဖြူနတ်

တောင်မကြီး ရှင်ညိုနတ် နှင့်မြောက်မင်း ရှင်ဖြူနတ် တို့မှာ မောင်တင့်တယ် နှင့် ရွှေနဘေ တို့၏ သားနှစ်ယောက် ဖြစ်သည်။ သရေခေတ္တရာပြည် ဒွတ္တပေါင် မင်းကြီးထံတွင် ခစားနေရာတွင် မင်းကြီးက ညီအစ်ကို နှစ်ယောက်၏ အစွမ်းသတ္တိကို သိသဖြင့် ထီးနန်းကို လုပ်ကြံမည်ကို စိုးရိမ်လာသည်။ ထို့ကြောင့် ဥပါယ်တံမျဉ်ဖြင့် လက်ဝှေ့ထိုးခိုင်းရာ နှစ်ယောက်စလုံး ရင်ကွဲနာကျ သေပြီး နတ်ဖြစ်သွားသည်။ [၁]


ဒွတ္တပေါင်မင်းကြီးထံတွင်ခစားနေရာ ယင်းတို့၏အစွမ်းသတ္တိကို မင်းကြီးသိရှိသဖြင့်မင်း ကြီးစိုးရိမ်သောကြောင့် ညီနောင်နှစ်ယောက်ကို လက်ဝှေ့လက်ပန်းထိုးကြစေသည်။ နှစ်ယောက်စ လုံးရင်ကွဲ၍သေရာမှ နတ်ဖြစ်ကြသည်ဟု ဆိုသည်။ တောင်မကြီးရှင်ညိုနတ်ရုပ်မှာကြာခံခုံ၊ လက်ဝဲ လက်ယာသုံးဖက်စီ၊ ပေါင်းလက်ခြောက်ဖက်ရှိ၏။ ဤထက် ဝဲယာနှစ်ဖက်က လက်အုပ်ချီ၍ရင်မှာကပ် ထားသည်။ ကျန်လက်ဝဲနှစ်ဖက်ကတုတ်နှင့်သိုင်း၊ ယာလက်နှစ်ဖက်က ဓားနှင့်လှံကိုင်ထားသည်။ ဦးခေါင်းတွင်မောက်တိုဆောင်း၍ စစ်ဝတ်တန်ဆာအပြည့်အစုံနှင့်ရှိသည်။ မြောက်မင်းရှင်ဖြူနတ် ရုပ်လည်းထိုအတူပင်လက်ခြောက်ဖက်နှင့်ရှိသည်။[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. ၃၇ မင်းနှင့် နတ်မျိုးစုံ၊ ဦးကံမင်း
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃) သုံးဆဲ့ခုနှစ်မင်း