ပရိမ္မရှင်မင်းခေါင်

ဝီကီပီးဒီးယား မှ
ပရိမ္မရှင်မင်းခေါင်နတ်

ပရိမ္မရှင်မင်းခေါင်နတ်သည် အပြင် ၃၇ မင်း နတ်တွင် ပါဝင်သော နတ်တစ်ပါး ဖြစ်သည်။ သူသည် ပုဂံခေတ် အနော်ရထာမင်း၏ အစ်ကိုဝမ်းကွဲ ကျဉ်စိုးမင်း ဖြစ်ပြီး သမင်လိုက်နေစဉ် မုဆိုးတစ်ယောက် ပစ်လိုက်သော မြှားချက်ကြောင့် မတော်တဆ ကွယ်လွန်ခဲ့ရခြင်း ဖြစ်သည်။


ပရိမ္မရှင်မင်းခေါင်နတ်သည် ပဋိသန္ဓေကိုးလနှင့်ပါလာသော ကွမ်းဆော်မင်း၏မိဖုရားတစ်ဦးမှမွေးသည်ကျည်းစိုးမင်း ( ၃၄၈-၃၅၄) ဖြစ်သည်။ ကွမ်းဆော်မင်းသည် ကျည်းစိုးအား သားအရင်း ကဲ့သို့သဘောထားကာ ပရိမ္မရွာကို အပိုင်စား ပေးသနားတော်မူခဲ့သည်။ ထိုနောက်ကျည်းစိုးမင်းဖြစ်သောအခါ တစ်နေ့၌တောကစားထွက်ခဲ့၏။ တောတွင် သမင်ပစ်မည်ဟု လေးရွယ်နေစဉ် မုဆိုးတစ်ဦးက ထိုသမင်ကိုပင်ပစ်ရာ ကျည်းစိုးမင်းကို လေးမှန်၍အနိစ္စရောက်ရာမှ ပရိမ္မရှင်မင်းခေါင်နတ်ဟုတွင်သည်။ နတ်ရုပ်မှာအောက်ပလ္လင်ပေါ်တွင် တင်ပျဉ်ခွေ၍ ဗောင်းသရဖူဆောင်းလျက်၊ ယာလက်ကဒူး လေးထမ်းဟန်၊ ဝဲလက်ကဝဲဒူးစွန်းကိုထောက်ထားဟန်ရှိသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃) သုံးဆဲ့ခုနှစ်မင်း