မြစ်တူးနတ်ပွဲ

ဝီကီပီးဒီးယား မှ

မြစ်တူးနတ်ပွဲသည် မန္တလေးတိုင်းဒေသကြီးအမရပူရမြို့နယ်၊ မြစ်တူးကျေးရွာတွင် ကျင်းပလေ့ရှိသည်။ နှစ်စဉ် တော်သလင်းလလဆန်း (၈)ရက်မှ တော်သလင်းလပြည့်နေ့အထိ ကျင်းပရာ ဒေသခံများနှင့် အခြားဒေသများမှ နတ်ကိုးကွယ်သူများ လာရောက် ဆင်နွှဲကြသည်။

မြစ်တူးနတ်ပွဲကျင်းပရာတွင် ချိုးရေတော်သုံးပွဲ၊ အမေရွှေနဘေလူးပွဲ၊ ထိန်ခုတ်ပွဲ စသည်ဖြင့် အစဉ်အလိုက် ကျင်းပကြသည်။

ချိုးရေတော်သုံးပွဲတွင် အနီးအနား ကျေးရွာများမှ ကန်တော့ပွဲများဖြင့် အစဉ်အလာမပျက် ကြိုဆိုခြင်း၊ ဒုဋ္ဌဝတီမြစ်အတွင်း အထက်နန်းနှင့် အောက်နန်းသို့ အစုန်အဆန် သုံးခါသွားလာလှော်ခတ်ခြင်းများ ပြုလုပ်ကာ နတ်ရေချိုးပွဲ ကျင်းပကြသည်။ နတ်ရေချိုးပွဲအပြန်တွင် ရွာလမ်းအတိုင်း ဝေါဖြင့်လှည့်လည်ကာ ဖောင်တော်ဦးဘုရားသို့ သွားရောက်ဖူးမြှော်ကြရသည်။

ချိုးရေတော်သုံးပွဲတွင် လှေများစွာ ဝန်းရံပြီး အစုန် အဆန်လှော်ခတ်နေစဉ် မြစ်ငယ်မြစ် (ခေါ်) ဒုဋ္ဌဝတီမြစ်ဘေးမှ ကန်တော့ပွဲများဖြင့် ကြိုဆိုလေ့ရှိသည်။

နတ်ရေချိုးအပြန်တွင် မြင်းဖြူရှင် ဘိုးဘိုးကြီးပုံတော်ကို ဝေါတော်ဖြင့် ကျေးရွာလမ်းအတိုင်း လှည့်လည်ကာ ဖောင်တော်ဦးဘုရားနှင့် သွားရောက်ဖူးမြှော်ချိန်တွင် နတ်ပန်းဆက်ခြင်း၊ ကန်တော့ပွဲပြခြင်း၊ ပိုက်ဆံကြဲခြင်းများ ပျော်ရွှင်စွာ ဆင်နွှဲကြသည်။

မြစ်တူးမြင်းဖြူရှင် ဘိုးဘိုးကြီးနတ်ပွဲ (ခေါ်) မြစ်တူးနတ်ပွဲ ကာလမှာ (၇)ရက်ဖြစ်ပြီး တော်သလင်းလဆန်း (၈)ရက်တွင် နတ်ရေချိုးပွဲ (ချိုးရေတော် သုံးသည့်နေ့) တော်သလင်းလဆန်း (၁၃)ရက်တွင် အမေ ရွှေနဘေ လူးသည့်နေ့၊ တော်သလင်းလပြည့်နေ့တွင် ထိန်ခုတ်ပွဲနေ့များမှာ လူအစည်ကားဆုံး နေ့များ ဖြစ်သည်။

[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မန္တလေးနေ့စဉ်၊ ၁၈-၉-၂၀၁၈၊ စာ-၁၈